အထွေအထွေဗဟုသုတ

ကြာသပတေးသားသမီးလေးတွေဆီမှာရှိတဲ့ သူမတူတဲ့အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေး (၁၀)ခု..

ကြာသပတေးသားသမီးလေးတွေဆီမှာရှိတဲ့ သူမတူတဲ့အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေး (၁၀)ခု..

ရက်သတ္တပတ်တစ်ခုရဲ့ လေးရက်မြောက်နေ့မှာ မွေးဖွားတဲ့ ကြာသပတေးသားသမီးလေးတွေဟာ ဂျူပီတာဂြိုလ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်
ကြာသပတေးသားသမီးလေးတွေမှာ သူများနဲ့မတူတဲ့ အားသာချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေ အများကြီးရှိပါတယ်။ ဒီအားသာချက်တွေကိုသာကောင်းမွန်စွာ အသုံးချနိုင်ရင်တော့ အောင်မြင်တဲ့သူတွေဖြစ်လာမှာ မလွဲဧကန်ပါပဲ

(၁) ကြာသပတေးသားသမီးလေးတွေဟာ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားပြီး ပါးနပ်လွန်းတဲ့သူတွေပါ။ အရာရာတိုင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်လွယ်တဲ့အပြင် အကင်းပါးတဲ့သူတွေပါ

(၂) ကြာသပတေးသားသမီးလေးတွေဟာ ဘယ်ပဲသွားသွား လူရှိန်တဲ့ ဥပဓိရုပ်မျိုးကို ပိုင်ဆိုင်ထားကြသလို ရောက်လေရာတိုင်းမှာ မျက်နှာပွင့်လန်းတဲ့သူတွေဖြစ်ပါတယ်

(၃) ကြာသပတေးသားသမီးလေးတွေဟာ ခေါင်းဆောင်နိုင်စွမ်း အပြည့်ရှိသူတွေဖြစ်လို့ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် ရာထူးမြင့်မြင့် ရရှိတတ်ကြပါတယ်

(၄) ကြာသပတေးသားသမီးလေးတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်မှုလမ်းကြောင်းအသစ်တွေကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူတွေဖြစ်ပါတယ်

(၅) ကြာသပတေးသားသမီးလေးတွေဟာ လွတ်လပ်မှုကိုမြတ်နိုးပြီး လွတ်လွတ်လပ်လပ်နေတတ်ကြသူတွေ ဖြစ်ပါတယ်

(၆) သူတို့တွေဟာ လုံးဝကို အနိုင်မခံအရှုံးမပေးချင်တဲ့သူတွေဖြစ်သလို၊ နည်းနည်းလေးမှ အထက်စီးမခံ၊ အကျောမခံတတ်ကြတာကြောင့် အပေါင်းအသင်းတော့ နည်းပါတယ်

(၇) သူတို့တွေဟာ ပြောစရာရှိရင် ဒဲ့ပဲပြောတတ်ကြသလို၊ တုတ်ထိုးအိုးပေါက်ပြောတတ်ကြလွန်းလို့ တစ်ခါတလေ တစ်ဖက်သားကို မရည်ရွယ်ဘဲ စိတ်မကောင်းဖြစ်စေတတ်သူတွေပါ။ ဒါပေမယ့် သူတို့ဟာ ပွင့်လင်းတာပါ၊ နစ်နာစေလိုတဲ့စိတ်တော့ မပါပါဘူး

(၈) ကြာသပတေးသားသမီးလေးတွေဟာ ငြီးငွေ့လွယ်တဲ့သူတွေ ဖြစ်ကြသလို၊ တစ်ခုခုအပေါ်အကြာကြီး အာရုံမစိုက်တတ်ကြလို့ ခရီးသွားတာလိုမျိုး အမြဲတမ်းစိတ်ဝင်စားစရာနဲ့ပြည့်နေတဲ့ အလုပ်မျိုးက အကိုက်ညီဆုံးပါ

(၉) သူတို့တွေဟာ တစ်ဖက်သားကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သူတွေဖြစ်သလို၊ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထားကောင်းမွန်တဲ့ သူတွေပါ။ ဒါပေမယ့်လည်း အငြိုးအရမ်းကြီးပါတယ်

(၁၀) ကြာသပတေးသားသမီးတွေဟာ အရမ်းကို ဥာဏ်ရည်ထက်မြက်ကြတယ်ဆိုပေမယ့် စိတ်ဓာတ်က အတည်တကျမရှိတာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြရတာပါ။ တစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် သူများတွေထက် သာလွန်မယ့်သူတွေလည်း ဖြစ်ပါတယ်

Credit:Em Em(Auntymay)