source: stylesatlife
Unicode
မိန်းကလေးတိုင်းလိုချင်တဲ့ Glowing Skin လေးရဖို့ လိမ္မော်သီးနဲ့မျက်နှာပေါင်းတင်နည်း ၂ မျိုး
မိန်းကလေးတိုင်းလိုချင်တဲ့ Glowing Skin လေးရဖို့အတွက် မျက်နှာပေါင်းတင်နည်းတွေကတော့ အများကြီးရှိပါတယ်။ အဲ့ထဲကမှ လိမ္မော်သီးနဲ့မျက်နှာပေါင်းတင်နည်း ၂ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး လုပ်လို့ရပါတယ်။ လိမ္မော်သီးမှာက ဗီတာမင်စီကြွယ်ဝစွာပါဝင်လို့ အသားအရေကြည်လင်ပြီး Glow လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။
လိမ္မော်သီးနဲ့ Oatmeal
လိမ္မော်သီးကိုမှ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ချပြီး ရလာတဲ့ orange juice ကို သုံးပါမယ်။ orange juice ကတော့ skin ကို bright ဖြစ်စေပြီး oatmeal ကတော့ exfoliant effect ရစေပါတယ်။
လုပ်ရမယ့်ပုံစံကတော့ လိမ္မော်သီးတစ်လုံးကို အရည်ရအောင်ညှစ်ချပြီး ရလာတဲ့ orange juice ကိုမှ oatmeal စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး ကြိတ်ပေးပါ။ ရလာတာကိုမှ မျက်နှာမှာသေချာနှ့ံအောင်လိမ်းပြီး ၁ နာရီထားပါ။ အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးနဲ့ဆေးချပြီး ကိုယ်လိမ်းနေကျ skincare ပြန်လိမ်းပေးပါ။
ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ ဝက်ခြံရှိနေရင်တော့ အသားနီတာတွေ၊ အပိတ်ထတာတွေဖြစ်တတ်လို့ မလုပ်သင့်ပါဘူး။
လိမ္မော်သီးနဲ့သင်္ဘောသီး
လိမ္မော်သီးကိုမှ ခုနကလိုပဲ လတ်လတ်ဆတ်ဆတ် အရည်ညှစ်ချပြီး ရလာတဲ့ orange juice ကို သုံးပါမယ်။ orange juice ကတော့ skin ကို bright ဖြစ်စေပြီး သင်္ဘောသီးကတော့ ဗီတာမင်အေကြွယ်ဝစွာ ပါဝင်ပါတယ်။
လုပ်ရမယ့်ပုံစံကတော့ လိမ္မော်သီးတစ်လုံးကို အရည်ရအောင်ညှစ်ချပြီး ရလာတဲ့ orange juice ကိုမှ သင်္ဘောသီး ၄ ပုံ ပုံ ၁ ပုံစာနဲ့ ရောပြီး ကျေညက်နေအောင်ချေပေးပါ။ ပျစ်ပျစ်လေးဖြစ်အောင် လုပ်ပေးပါ။ ပြီးရင်တော့ မျက်နှာမှာ သေချာနှ့ံအောင်လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေကြက်သီးနွေးနဲ့ဆေးချပြီး ကိုယ်လိမ်းနေကျ skincare ပြန်လိမ်းပေးပါ။
ဒီနည်းလမ်းကိုလည်း တစ်ပတ် တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ combination skin တွေအတွက် ဒီပေါင်းတင်နည်းက အရမ်းကောင်းပေမယ့် sensitive skin တွေဆိုရင်တော့ ကိုယ်နဲ့တည့်မတည့် သေချာသိမှ လုပ်တာကောင်းပါတယ်။
source: stylesatlife