တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်တွေကို အရှင်းပျောက်ကင်းသွားစေမယ့် ကြက်သွန်နီ
ကြက်သွန်နီက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုတယ် အလှအပအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို စာဖတ်သူ သိပြီးနေလောက်ပြီထင်ပါတယ်။
ဒီနေ့မှာတော့ ကြက်သွန်နီကို ရက်ပေါင်း ၄၀ (၁ လကျော်) အသုံးပြုပေးလိုက်ရုံနဲ့ မျက်နှာပေါ်က မလိုအပ်တဲ့ တင်းတိတ်၊ ဝက်ခြံနဲ့ မှဲ့တွေကို ပျောက်ကင်းသွားစေမှာပါ။
တင်းတိတ်
မျက်နှာပေါ်မှာ တင်းတိတ်များနေတဲ့ သူတွေအတွက် ကြက်သွန်နီက ကုစားပေးနိုင်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းလေးတွေကတော့
ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းပါ။
အဲဒီအရည်နှစ်မျိုးကိုရောပြီး ဝါဂွမ်းစနဲ့ တင်းတိတ်ရှိတဲ့နေရာမှာ လိမ်းပေးပါ။ အဲဒီလိုမလိမ်းခင် မျက်နှာသေချာသစ်ပေးပြီးသား ဖြစ်နေရပါ့မယ်။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ မျက်နှာသစ်ချပါ။
ရက်သတ္တပတ်အနည်းငယ်အတွင်း တင်းတိတ်ကင်းစင်တဲ့ အသားအရေကို ရရှိလာမှာဖြစ်ပါတယ်။
မှဲ့
ကြက်သွန်နီအရည်က ကိုယ်မလိုချင်တဲ့ မှဲ့အပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်နီအရည်ကို မှဲ့ပေါ်မှာ ဝါဂွမ်းစနဲ့ လိမ်းပေးပြီး မိနစ် ၃၀ လောက်ထားပါ။
အဲဒီနောက် ရေနဲ့ ဆေးကြောပေးပါ။ ဒီနည်းအတိုင်း တစ်ရက်ကို ၃ ကြိမ်လုပ်ပေးရမှာဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မှဲ့တွေကင်းစင်သွားတာကို လက်တွေ့ခံစားရမှာဖြစ်ပါတယ်။
ဝက်ခြံ
ဝက်ခြံအတွက်ကတော့ ကြက်သွန်နီအရည်နဲ့ ပျားရည်အနည်းငယ်ကို ရောပြီး လိမ်းပေးရမှာဖြစ်ပါတယ်။
အဲဒီလိုလိမ်းပေးပြီး ဝက်ခြံကို အရောင်ရော့စေရုံသာမက ရက်သတ္တပတ်အနည်းငယ်ကြာရင် ဝက်ခြံတွေ သိသိသာသာ လျှော့နည်းသွားပါလိမ့်မယ်။
Zawgyi
တင္းတိပ္၊ ဝက္ၿခံ၊ မွဲ႔ေျခာက္ေတြကို အရွင္းေပ်ာက္ကင္းသြားေစမယ့္ ၾကက္သြန္နီ
ၾကက္သြန္နီက က်န္းမာေရးကို ဘယ္လိုအေထာက္အကူျပဳတယ္ အလွအပအတြက္ ဘယ္လိုအေထာက္အကူျပဳတယ္ဆိုတာကို စာဖတ္သူ သိၿပီးေနေလာက္ၿပီထင္ပါတယ္။
ဒီေန႔မွာေတာ့ ၾကက္သြန္နီကို ရက္ေပါင္း ၄၀ (၁ လေက်ာ္) အသုံးျပဳေပးလိုက္႐ုံနဲ႔ မ်က္ႏွာေပၚက မလိုအပ္တဲ့ တင္းတိတ္၊ ဝက္ၿခံနဲ႔ မွဲ႔ေတြကို ေပ်ာက္ကင္းသြားေစမွာပါ။
တင္းတိတ္
မ်က္ႏွာေပၚမွာ တင္းတိတ္မ်ားေနတဲ့ သူေတြအတြက္ ၾကက္သြန္နီက ကုစားေပးႏိုင္ပါတယ္။
လိုအပ္တဲ့ ပစၥည္းေလးေတြကေတာ့
ၾကက္သြန္နီအရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
သံပုယိုရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းပါ။
အဲဒီအရည္ႏွစ္မ်ိဳးကိုေရာၿပီး ဝါဂြမ္းစနဲ႔ တင္းတိတ္ရွိတဲ့ေနရာမွာ လိမ္းေပးပါ။ အဲဒီလိုမလိမ္းခင္ မ်က္ႏွာေသခ်ာသစ္ေပးၿပီးသား ျဖစ္ေနရပါ့မယ္။ အဲဒီေနာက္ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေႏြးနဲ႔ မ်က္ႏွာသစ္ခ်ပါ။
ရက္သတၱပတ္အနည္းငယ္အတြင္း တင္းတိတ္ကင္းစင္တဲ့ အသားအေရကို ရရွိလာမွာျဖစ္ပါတယ္။
မွဲ႔
ၾကက္သြန္နီအရည္က ကိုယ္မလိုခ်င္တဲ့ မွဲ႔အပိုေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ၾကက္သြန္နီအရည္ကို မွဲ႔ေပၚမွာ ဝါဂြမ္းစနဲ႔ လိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားပါ။
အဲဒီေနာက္ ေရနဲ႔ ေဆးေၾကာေပးပါ။ ဒီနည္းအတိုင္း တစ္ရက္ကို ၃ ႀကိမ္လုပ္ေပးရမွာျဖစ္ၿပီး ရက္သတၱပတ္အနည္းငယ္အတြင္းမွာ မွဲ႔ေတြကင္းစင္သြားတာကို လက္ေတြ႕ခံစားရမွာျဖစ္ပါတယ္။
ဝက္ၿခံ
ဝက္ၿခံအတြက္ကေတာ့ ၾကက္သြန္နီအရည္နဲ႔ ပ်ားရည္အနည္းငယ္ကို ေရာၿပီး လိမ္းေပးရမွာျဖစ္ပါတယ္။
အဲဒီလိုလိမ္းေပးၿပီး ဝက္ၿခံကို အေရာင္ေရာ့ေစ႐ုံသာမက ရက္သတၱပတ္အနည္းငယ္ၾကာရင္ ဝက္ၿခံေတြ သိသိသာသာ ေလွ်ာ့နည္းသြားပါလိမ့္မယ္။