ေငြေၾကးကံေကာင္းလာၿပီး ဝင္ေငြသိသိသာသာ တိုးလာေစတဲ့ အခ်က္(၅)ခ်က္…
ေငြေၾကးနဲ႔ပတ္သက္လို႔ကံမေကာင္းခ်င္တဲ့သူ မရွိေလာက္ဘူး ထင္ပါတယ္။ ကိုယ္ရွာသေလာက္ပဲ ေငြက ဝင္မွာဆိုေပမယ့္ ေငြေၾကးကံေကာင္းေနတာနဲ႔ မေကာင္းတာ နဲ႔ေတာ့ မတူပါဘူး …။သင့္အေနနဲ႔ သင့္ရဲ႕ ေငြေၾကးနဲ႔ပတ္သက္တဲ့ ကံေကာင္းေအာင္ အခုေဖာ္ျပမယ့္ အခ်က္ေလးေတြကို လုပ္ၾကည့္ဖို႔ အႀကံျပဳလိုက္ပါတယ္ေနာ္ …
(၁) ပိုက္ဆံအိတ္ အေရာင္”
ပိုက္ဆံအိတ္တစ္လုံးဝယ္ေတာ့မယ္ဆိုရင္ ေ႐ႊေရာင္၊ အဝါေရာင္၊ ပန္းေရာင္၊ အျဖဴေရာင္၊ အနက္ေရာင္နဲ႔ ထုံးေျခာက္ေရာင္တို႔ကို ဦးစားေပး ေ႐ြးခ်ယ္သင့္ပါတယ္ …။အဲ့ဒီအေရာင္ေတြက ေငြပိုဝင္ေအာင္ ဆြဲေဆာင္ ႏိုင္ၿပီး ပိုက္ဆံမထြက္ေအာင္ထိန္းေပးထားႏိုင္တယ္လို႔ ယူဆၾကပါတယ္။ ေ႐ႊေရာင္ကေတာ့ အားအေကာင္းဆုံးအေရာင္ျဖစ္ၿပီး ပိုက္ဆံနဲ႔ပတ္သက္တဲ့ အသုံးအေဆာင္ေတြကို ေ႐ႊေရာင္သုံးေပးရင္ အေကာင္းဆုံးျဖစ္ပါတယ္ …
အနက္ေရာင္ကေတာ့ ဝင္လာၿပီးသား ပိုက္ဆံေတြ လြယ္လြယ္ထြက္မသြားေအာင္ ထိန္းေပးႏိုင္ဆုံး အေရာင္ျဖစ္ပါတယ္ …။
ပိုက္ဆံအိတ္ဝယ္ရင္ လုံးဝမေ႐ြးသင့္တဲ့အေရာင္ေတြကေတာ့ အနီေရာင္နဲ႔ အျပာေရာင္ပါ။ အနီေရာင္က မီးနဲ႔တူတာေၾကာင့္ သင့္ဆီဝင္လာမယ့္ပိုက္ဆံေတြနဲ႔ ကံေကာင္းျခင္းေတြကို ေလာင္ကြၽမ္းသြားေစႏိုင္ၿပီး …၊
အျပာေရာင္ကေတာ့ ေရလိုပဲ သင့္ဆီမွာရွိၿပီးသား ေငြေတြကို စီးဆင္းသြားေစမယ္ဆိုတဲ့ အယူအဆ ရွိၾကလို႔ပါပဲ …
(၂) အမ်ိဳးသမီးေတြကို ကိုယ္စားျပဳတဲ့အေရာင္”
အဲ့ဒါကေတာ့ ပန္းေရာင္ပါ။ ပိုက္ဆံအိတ္ပန္းေရာင္ကို ေ႐ြးမယ္ဆိုရင္ ပိုက္ဆံေတြကိုတိုးပြားေစႏိုင္တဲ့အစြမ္းရွိၿပီး၊ အမ်ိဳးသမီးေတြအတြက္ ကံေကာင္ျခင္းေတြလည္း တိုးလာေစတယ္ဆိုတဲ့ အယူအဆ ရွိပါတယ္ …
(၃) ပိုက္ဆံအိတ္ အေနအထား”
ပိုက္ဆံအိတ္ထဲမွာပိုက္ဆံကလြဲၿပီး တျခား တိုလီမႈတ္စေတြ ဘာဆို ဘာမွမထည့္ပါနဲ႔။ လိပ္စာကတ္ေတြကိုလည္း မထည့္ထားပါနဲ႔ …။
အဲ့ဒီလိုေတြထည့္ထားတာက ပိုက္ဆံဝင္လာမယ့္လမ္းကိုပိတ္ဆို႔ထားတာနဲ႔အတူတူပါပဲတဲ့။ တတ္ႏိုင္သမွ် ပိုက္ဆံအိတ္ကို အၿမဲရွင္းလင္းေနေအာင္ထားပါ။ အနံ႔အသက္ဆိုးေတြ မထြက္ေနေအာင္ထားထား သင့္ပါတယ္ …
(၄) ပိုက္ဆံအိတ္ ထားတဲ့ေနရာ”
အျပင္ထြက္ၿပီး အိမ္ျပန္ေရာက္ရင္ ပိုက္ဆံအိတ္ကိုဘယ္ေနရာေတြမွာထား တတ္ပါသလဲ။ ပိုက္ဆံအိတ္ကို အသံဆူညံတဲ့ ႐ုပ္ျမင္သံၾကား၊ စပီကာေတြနားမွာမထားပါနဲ႔။ တိတ္ဆိတ္တဲ့ ေနရာမွာထားပါ။ ၿပီးေတာ့ ပိုက္ဆံအိတ္ကို မီးဖိုေခ်ာင္မွာ လုံးဝမထားမိပါေစနဲ႔ …
(၅) ပိုက္ဆံအိတ္တစ္လုံးရဲ႕ သက္တမ္း”
ပိုက္ဆံအိတ္မွာလည္းသက္တမ္းရွိပါတယ္ေနာ္။ ဒီပိုက္ဆံအိတ္ကေကာင္းေသးတယ္ ဆိုၿပီ မစုတ္မခ်င္းကိုင္ေနမယ္ဆိုရင္လည္း ပိုက္ဆံဝင္တာကို ေႏွာင့္ေႏွးေစပါတယ္တဲ့ …။ပိုက္ဆံအိတ္တစ္လုံးကို အသုံးျပဳသင့္တဲ့ သက္တမ္းကေတာ့ သုံးႏွစ္ျဖစ္ၿပီး အဲ့ဒီအခ်ိန္ထက္ၾကာေနတဲ့ပိုက္ဆံအိတ္ေတြကို မျဖစ္မေန လဲပစ္ဖို႔ အႀကံေပးလိုပါတယ္ …
ၿပီးေတာ့ အေရာင္ေတြေျပာင္းလာၿပီ၊ ခ်ဳပ္႐ိုးစေတြျပဳတ္ထြက္လာၿပီဆိုရင္လည္း အဲဒီပိုက္ဆံအိတ္ကို ဆက္မသုံးသင့္ေတာ့ပါဘူးေနာ္ …
Credit – MAY THAZINHTOO
Unicode
ငွေကြေးကံကောင်းလာပြီး ဝင်ငွေသိသိသာသာ တိုးလာစေတဲ့ အချက်(၅)ချက်…
ငွေကြေးနဲ့ပတ်သက်လို့ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ ကိုယ်ရှာသလောက်ပဲ ငွေက ဝင်မှာဆိုပေမယ့် ငွေကြေးကံကောင်းနေတာနဲ့ မကောင်းတာ နဲ့တော့ မတူပါဘူး …။သင့်အနေနဲ့ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ ကံကောင်းအောင် အခုဖော်ပြမယ့် အချက်လေးတွေကို လုပ်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော် …
(၁) ပိုက်ဆံအိတ် အရောင်”
ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေး ရွေးချယ်သင့်ပါတယ် …။အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင် နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင် အကောင်းဆုံးဖြစ်ပါတယ် …
အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေ လွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံး အရောင်ဖြစ်ပါတယ် …။
ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး …၊
အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆ ရှိကြလို့ပါပဲ …
(၂) အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့အရောင်”
အဲ့ဒါကတော့ ပန်းရောင်ပါ။ ပိုက်ဆံအိတ်ပန်းရောင်ကို ရွေးမယ်ဆိုရင် ပိုက်ဆံတွေကိုတိုးပွားစေနိုင်တဲ့အစွမ်းရှိပြီး၊ အမျိုးသမီးတွေအတွက် ကံကောင်ခြင်းတွေလည်း တိုးလာစေတယ်ဆိုတဲ့ အယူအဆ ရှိပါတယ် …
(၃) ပိုက်ဆံအိတ် အနေအထား”
ပိုက်ဆံအိတ်ထဲမှာပိုက်ဆံကလွဲပြီး တခြား တိုလီမှုတ်စတွေ ဘာဆို ဘာမှမထည့်ပါနဲ့။ လိပ်စာကတ်တွေကိုလည်း မထည့်ထားပါနဲ့ …
အဲ့ဒီလိုတွေထည့်ထားတာက ပိုက်ဆံဝင်လာမယ့်လမ်းကိုပိတ်ဆို့ထားတာနဲ့အတူတူပါပဲတဲ့။ တတ်နိုင်သမျှ ပိုက်ဆံအိတ်ကို အမြဲရှင်းလင်းနေအောင်ထားပါ။ အနံ့အသက်ဆိုးတွေ မထွက်နေအောင်ထားထား သင့်ပါတယ် …
(၄) ပိုက်ဆံအိတ် ထားတဲ့နေရာ”
အပြင်ထွက်ပြီး အိမ်ပြန်ရောက်ရင် ပိုက်ဆံအိတ်ကိုဘယ်နေရာတွေမှာထား တတ်ပါသလဲ။ ပိုက်ဆံအိတ်ကို အသံဆူညံတဲ့ ရုပ်မြင်သံကြား၊ စပီကာတွေနားမှာမထားပါနဲ့။ တိတ်ဆိတ်တဲ့ နေရာမှာထားပါ။ ပြီးတော့ ပိုက်ဆံအိတ်ကို မီးဖိုချောင်မှာ လုံးဝမထားမိပါစေနဲ့ …
(၅) ပိုက်ဆံအိတ်တစ်လုံးရဲ့ သက်တမ်း”
ပိုက်ဆံအိတ်မှာလည်းသက်တမ်းရှိပါတယ်နော်။ ဒီပိုက်ဆံအိတ်ကကောင်းသေးတယ် ဆိုပြီ မစုတ်မချင်းကိုင်နေမယ်ဆိုရင်လည်း ပိုက်ဆံဝင်တာကို နှောင့်နှေးစေပါတယ်တဲ့ …။ပိုက်ဆံအိတ်တစ်လုံးကို အသုံးပြုသင့်တဲ့ သက်တမ်းကတော့ သုံးနှစ်ဖြစ်ပြီး အဲ့ဒီအချိန်ထက်ကြာနေတဲ့ပိုက်ဆံအိတ်တွေကို မဖြစ်မနေ လဲပစ်ဖို့ အကြံပေးလိုပါတယ် …
ပြီးတော့ အရောင်တွေပြောင်းလာပြီ၊ ချုပ်ရိုးစတွေပြုတ်ထွက်လာပြီဆိုရင်လည်း အဲဒီပိုက်ဆံအိတ်ကို ဆက်မသုံးသင့်တော့ပါဘူးနော်
Credit – MAY THAZINHTOO