ဗဟုသုတ




















Unicode Version

မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ…

သား အတွက် အဖေ့ရဲ့အကြံပြုချက်…

ငါ့သား အိမ်ထောင်ဖက် ရှာနေတယ် ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး

အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ

သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ

နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ် …

အခု မင်းအမေကိုပဲ ကြည့်လေ ရင်ပြားကြီးနဲ့ တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်

ငါ့သား… ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ

အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေ

ပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်

အဲ့ဒီ အရာတွေ မပါဘဲနဲ့လည်း ကောင်းမွန်တဲ့အိမ်ထောင်ရေးဟာ ရပ်တည်နိုင်ပါတယ် …

ဒါပေမယ့် အချစ်မပါဘဲတော့ အိမ်ထောင်ရေး မတည်တံ့နိုင်ဘူးပေါ့

ငါ မင်း အမေကို လက်ထပ်ခဲ့တုန်းကကိုယ်ပိုင် အိမ် ကိုယ်ပိုင် ကား မပိုင်ခဲ့ဘူး

ငါဟာ ပညာတတ်တစ်ယောက်တောင် မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ငါ့မှာ အိပ်မက်တွေ ရှိခဲ့တယ်

မင်း အမေက ငါနဲ့ ငါ့ရဲ့ အိပ်မက်တွေကို နှစ်သက်လေးစားပြီး ကူညီ ထောက်ပံ့တယ်

မင်းရဲ့ အိပ်မက်တွေကို လျစ်လျူ ရှု တတ်တဲ့ မိန်းမ အကြောင်းတစ်မိနစ်လောက်တောင် တန်ဖိုးထား စဉ်းစား မနေပါနဲ့

မင်းထက်ပိုပြီး မင်း အိပ်မက်တွေကို ကောင်းကောင်း တွေ့မြင်နိုင်မယ့်

မိန်းမတစ်ယောက်ကို မင်း ရှာတွေ့ပြီဆိုရင်တော့ မင်း ကံကောင်းပြီပေါ့ ငါ့ သား …