ဝက်စွယ်ဂင်းပိတ်(ခေါ်) ဝက်မာန်စွယ်သည် အမောင်းအဟန့် အလွှဲအဖယ် အကွယ်အကာ ကောင်းလှ၏။ ထူးခြားဆန်းကြယ်သော တောတောင်ထဲမှ ပစ္စည်းဆန်းတစ်မျိုးဖြစ်သည်။
တောတောင်ထဲတွင် တောဝက်တို့ သဘာဝကျင်လည် ကျက်စားနေထိုင်သွားလာလေ့ရှိသည်။ တောဝက်အုပ်တစ်အုပ်တွင် သင်းအုပ် ခေါင်းဆောင် ဝက်တောင်းကြီး တစ်ကောင် ရှိတတ်သည်။
ထိုခေါင်းဆောင်ဝက်ကြီးသည် အုပ်စု၏ အန္တရာယ်ကင်းစေရေးအတွက် အသက်စွန့်၍ ကာကွယ်တတ်သည်။ အန္တရာယ်တစ်စုံတရာ ကျလာပါက မိမိအုပ်စုအတွက် ရှေ့ဆုံးမှ ရပ်တည်၍ မိမိအုပ်စုကို လွတ်ရာသို့ ပြေးစေသည်။
တချိန်တည်းမှာပဲ ရန်သူ၏ အငွေ့အသက်ကို ရှုရှိုက်ပြီး ရန်သူရှိရာ အရပ်သို့ တဟုန်တိုး ပြေးဝင်၍ အစွယ်ဖြင့် ဝင်အောင်းလေ သည်။
ထိုသို့ဝက်ကြီး ဝင်အောင်းရာတွင် ရန်သူက လျင်မြန်၍ သစ်ပင်တခုခုနောက်သို့ ဝင်လိုက်လျှင်လည်းကောင်း၊ သစ်ပင်ကြီး တခုခုကို ရန်သူအမှတ်ဖြင့် ဝင်အောင်း၍ လည်းကောင်း ဝက်အစွယ်သည် သစ်ပင်တွင် စိုက်ဝင်နေတတ်သည်။
စိုက်ဝင်နေသော အစွယ်ကို ရုတ်တရက် ပြန်နှုတ်မရပဲ မာန်ရစ်ပြီး ချိုးပစ်တတ်လေ့ရှိသည်။ သစ်ပင်၌ ကျိုးကျန်စိုက်ဝင်နေသော အစွယ်သည် ဝက်မာန်စွယ်ပင် ဖြစ်လေသည်။
၎င်းဝက်မာန်စွယ်တွင် ခရုသင်းရစ်ထားသလို အရစ်လေးများ ပါနေပါက ဝက်စွယ်ဂင်းပိတ်အစွမ်း အမြင့်ဆုံးဖြစ်၏။ဝက်စွယ်ခေါင်းပွမှာ ဝက်စွယ်ဂင်းပိတ်လောက် အာနိသင် မထက်မြက်ပေ။
ထိုအတူ ဝက်များမိတ်လိုက်လို၍ မုန်ထန်နေသောအချိန်၌ လည်း သစ်ပင်ကို ပြေးအောင်းတတ်သေးသည်။ထိုသို့ ဖြစ်တည်လာသော ဝက်စွယ်ဂင်းပိတ်သည် ရန်သူကို တိုက်ခိုက်၍ဖြစ်တည်သော ဝက်စွယ်ဂင်းပိတ်လောက် အာနိသင်အစွမ်းမကြီး။
ရရှိလာသော ဝက်စွယ်ဂင်းပိတ်ကို ဂဝံမျက်နှာဖုံးပုံ ထုလုပ်၍ ဆောင်ပါက အလွှဲအဖယ် အကွယ်အကာ ကောင်း၏။ ရှင်သီဝလိယပ်ထမ်းဟန်ထုလုပ်၍ သဗ္ဗဇယမင်္ဂလာဂါထာ တစ်ထောင်စုတ်ပြီး ဆောင်ပါက လာဘ်လာဘ ရွှင်လန်း၏။
ဝက်စွယ်ဂင်းပိတ် အစစ်ရလျှင် ကာယသိဒ္ဓိပြီး၍ ဒုတ်ဒါးပြီး၏။ ဝက်စွယ်ဂင်းပိတ်ကို အိတ်ထဲထည့်၍ ယင်းအိတ်ကို သနတ်ဖြင့် ယပစ်လျှင် မီးမကူး ကျည်မထွက်ပါက အစစ်ဟု ဆိုနိုင်ပါသည်။
ရှားပါး ဂမ္ဘီရ ပစ္စည်းတခု ဖြစ်ပြီး အစစ်ရလျှင် သိန်းထောင်ချီ တန်ဖိုး ရှိတယ်လို့ သိရပါတယ်။
Credit… မူရင်းရေးသားသူ
Unicode