ဗဟုသုတ

မိန်းကလေးတိုင်း ဘဝမှာတစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့အရာများ…

မိန်းကလေးတိုင်း ဘဝမှာတစ်ခါလောက်တော့ လုပ်ကြည့်သင့်တဲ့အရာများ…

ကိုယ့်ရဲ့နေ့စဉ်လုပ်နေကျ နိစ္စဓူဝ ကိစ္စတွေကနေ ခွဲထွက်ပြီး မတူညီတဲ့နေထိုင်မှုပုံစံတခုကို တခါတရံလောက်ဖြစ်ဖြစ် ပြောင်းလဲ နေထိုင်

လိုက်ကြည့်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အတော်လေး အထောက်အကူဖြစ်စေတဲ့ ကိစ္စတစ်ခုပါပဲ ပျိုမေတို့ရေ …။

ဒါကြောင့်မို့လို့ ပျိုမေတိုင်းရဲ့ ဘဝမှာ တခါလောက်တော့ အနည်းဆုံးဖြစ်ဖြစ် လုပ်ကြည့်သင့်တဲ့ အရာလေးတွေကို ပြန်လည်မျှဝေ

ပေးလိုက်ပါတယ်နော်

(၁) တယောက်တည်းခရီးတွေ ထွက်ပါ”

မိန်းကလေးတယောက်အနေနဲ့ တယောက်တည်းခရီးသွားဖို့ဆိုတာဟာ အနည်းငယ်စွန့်စားရတဲ့ ကိစ္စတခုဆိုပေမယ့် တယောက်တည်း

ခရီးသွားခြင်းကနေ ထင်မထားလောက်တဲ့ အကျိုးကျေးဇူးတွေ ရနိုင်တာကြောင့် လုံခြုံဘေးကင်းမယ်လို့ ထင်ရတဲ့ နေရာဒေသတခုခုကို တယောက်တည်း ခရီးသွားဖို့ပြင်ဆင်ပြုလုပ်ကြည့်ဖို့ အကြံပြုလိုက်တယ် …။

(၂) တရက်လောက် ဖုန်းမသုံးဘဲ အချိန်တွေကို ဖြတ်သန်းကြည့်ပါ”

စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ဆိုရှယ်မီဒီယာတွေကို ဖြတ်ပြီး ဖုန်းအသုံးမပြုဘဲ နေကြည့်ဖို့ဆိုတာဟာ လွယ်တဲ့ကိစ္စတခုတော့

မဟုတ်ပေမယ့် အားလပ်ရက်တရက်မှာ ဖုန်းကိုလုံးဝမသံုံးဘဲ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ရင်း တနေ့တာအချိန်ကို ဖြတ်သန်းကြည့်သင့်ပါတယ် …။

(၃) ဖက်ရှင်စတိုင်ပြောင်းတာမျိုး လုပ်ကြည့်ပါ”

ဆံပင်စတိုင်ပြောင်းလိုက်တာမျိုးဖြစ်ဖြစ်၊ ကိုယ်ဝတ်နေကျ ပြင်ဆင်နေကျ နေ့စဉ် Makeup look ကို ပြောင်းလိုက်တာမျိုးလို လုပ်ကြည့်ခြင်းက စိတ်အပြောင်းအလဲ လည်း ဖြစ်စေမှာဖြစ်သလို ကိုယ့်ကိုယ့်ကို ယုံကြည်မှု ပိုရှိလာဖို့ကိုလည်း အထောက်အကူ ဖြစ်စေနိုင်မှာပါ …။

(၄) ကိုယ်တကယ်မလုပ်ချင်တဲ့ အရာတွေကို ငြင်းဆိုကြည့်ပါ”

ဘယ်လိုကိစ္စမျိုးကိုမဆို အမြဲတမ်းခေါင်းညိတ်ပြီး လိုက်လျောညီထွေ ဆက်ဆံနေရတာဟာ စိတ်ပိုင်းဆိုင်ရာအတွက် ရေရှည်မှာ မကောင်း

သလို ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားသလိုလည်း ဖြစ်တာကြောင့် တခါတရံလောက်ဖြစ်ဖြစ်တော့ ကိုယ်တကယ်ဆန္ဒမရှိတဲ့၊ မလုပ်ချင်တဲ့အရာတွေကို ငြင်းဆိုကြည့်ဖို့ သင့်ပါတယ်နော် …။

Credit:Aunty May

Zawgyi

မိန္းကေလးတိုင္း ဘဝမွာတစ္ခါေလာက္ေတာ့ လုပ္ၾကည့္သင့္တဲ့အရာမ်ား…

ကိုယ့္ရဲ႕ေန႔စဥ္လုပ္ေနက် နိစၥဓူဝ ကိစၥေတြကေန ခြဲထြက္ၿပီး မတူညီတဲ့ေနထိုင္မႈပံုစံတခုကို တခါတရံေလာက္ျဖစ္ျဖစ္ ေျပာင္းလဲ ေနထိုင္လိုက္ၾကည့္ျခင္းဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးအတြက္ အေတာ္ေလး အေထာက္အကူျဖစ္ေစတဲ့ ကိစၥတစ္ခုပါပဲ ပ်ိဳေမတို႔ေရ …။

ဒါေၾကာင့္မို႔လို႔ ပ်ိဳေမတိုင္းရဲ႕ ဘဝမွာ တခါေလာက္ေတာ့ အနည္းဆံုးျဖစ္ျဖစ္ လုပ္ၾကည့္သင့္တဲ့ အရာေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္

(၁) တေယာက္တည္းခရီးေတြ ထြက္ပါ”

မိန္းကေလးတေယာက္အေနနဲ႔ တေယာက္တည္းခရီးသြားဖုိ႔ဆိုတာဟာ အနည္းငယ္စြန္႔စားရတဲ့ ကိစၥတခုဆိုေပမယ့္ တေယာ

က္တည္းခရီးသြားျခင္းကေန ထင္မထားေလာက္တဲ့ အက်ိဳးေက်းဇူးေတြ ရႏုိင္တာေၾကာင့္ လံုျခံဳေဘးကင္းမယ္လို႔ ထင္ရတဲ့ ေနရာေဒသတခုခုကို တေယာက္တည္း ခရီးသြားဖို႔ျပင္ဆင္ျပဳလုပ္ၾကည့္ဖုိ႔ အၾကံျပဳလိုက္တယ္ …။

(၂) တရက္ေလာက္ ဖုန္းမသံုးဘဲ အခ်ိန္ေတြကို ျဖတ္သန္းၾကည့္ပါ”

စိတ္ဝင္စားစရာေတြ ျပည့္ႏွက္ေနတဲ့ ဆိုရွယ္မီဒီယာေတြကို ျဖတ္ၿပီး ဖုန္းအသံုးမျပဳဘဲ ေနၾကည့္ဖို႔ဆိုတာဟာ လြယ္တဲ့ကိ

စၥတခုေတာ့ မဟုတ္ေပမယ့္ အားလပ္ရက္တရက္မွာ ဖုန္းကိုလံုးဝမသံံုးဘဲ ကိုယ္ဝါသနာပါရာေလးေတြ လုပ္ရင္း တေန႔တာအခ်ိန္ကို ျဖတ္သန္းၾကည့္သင့္ပါတယ္ …။

(၃) ဖက္ရွင္စတိုင္ေျပာင္းတာမ်ိဳး လုပ္ၾကည့္ပါ”

ဆံပင္စတိုင္ေျပာင္းလိုက္တာမ်ိဳးျဖစ္ျဖစ္၊ ကိုယ္ဝတ္ေနက် ျပင္ဆင္ေနက် ေန႔စဥ္ Makeup look ကို ေျပာင္းလိုက္တာမ်ိဳးလို လုပ္ၾ

ကည့္ျခင္းက စိတ္အေျပာင္းအလဲ လည္း ျဖစ္ေစမွာျဖစ္သလို ကိုယ့္ကိုယ့္ကို ယံုၾကည္မႈ ပိုရိွလာဖို႔ကိုလည္း အေထာက္အကူ ျဖစ္ေစႏိုင္မွာပါ …။

(၄) ကုိယ္တကယ္မလုပ္ခ်င္တဲ့ အရာေတြကို ျငင္းဆိုၾကည့္ပါ”

ဘယ္လိုကိစၥမ်ိဳးကိုမဆို အျမဲတမ္းေခါင္းညိတ္ၿပီး လိုက္ေလ်ာညီေထြ ဆက္ဆံေနရတာဟာ စိတ္ပိုင္းဆိုင္ရာအတြက္ ေရရွည္မွာ မေ

ကာင္းသလို ကိုယ့္ကိုယ္ကို ပိတ္ေလွာင္ထားသလိုလည္း ျဖစ္တာေၾကာင့္ တခါတရံေလာက္ျဖစ္ျဖစ္ေတာ့ ကိုယ္တကယ္ဆႏၵမရိွတဲ့၊ မလုပ္ခ်င္တဲ့အရာေတြကို ျငင္းဆိုၾကည့္ဖို႔ သင့္ပါတယ္ေနာ္ …။

Credit:Aunty May