ပ်ိဳေမတို႕အေနနဲ႕ ေန႕စဥ္ဘဝထဲမွာ တစ္ကိုယ္ရည္သန္႕ရွင္းမႈနဲ႕ ခႏၶာကိုယ္နဲ႕ပတ္သက္တဲ့အေျခခံက်န္း မာေရးဗဟု သု တေတြကို စာအုပ္ေတြကတဆင့္၊ ကိုယ့္ေမေမ၊အစ္မ နဲ႕ သူငယ္ခ်င္းေတြဆီကတဆင့္ သင္ယူရတယ္ဆိုေပမယ့္ စာ အုပ္ေတြထဲမွာလည္းမပါ၊
ဘယ္သူကမွလည္း မေျပာျပတဲ့ အေၾကာင္းအရာေလးေတြဆိုုရင္ေတာ့ ဘယ္လိုလုပ္ရမွန္း မသိျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ မိန္းကေလးေတြအေနနဲ႕ ကိုယ့္ရဲ႕အရင္းနွီးဆံုးသူနဲ႕ေတာင္ တိုင္ပင္ဖို႕ခက္တဲ့့ တစ္ကိုယ္ရည္သန္႕ရွင္းမႈနဲ႕ကိုယ္ခႏၶာက်န္းမာေရးနဲ႕ဆိုင္တဲ့ အေျခခံအခ်က္ေလးေတြကို ေျပာျပေပးလိုက္ပါတယ္။
(၁) အတြင္းခံတစ္ထည္ကို တစ္ခါထက္ ပိုဝတ္သင့္မသင့္
Daily use pad ကို မသံုးဘူးဆိုရင္ေတာ့ ေနာက္တစ္ေခါက္ထပ္မဝတ္သင့္ေပမယ့္ Daily use pad ကိုသံုးတယ္ဆိုရင္ေတာ့ ေနာက္တစ္ခါ ထပ္ဝတ္နိုင္ပါတယ္။ ဒါေပမယ့္ ၂ ေခါက္ထက္ေတာ့ ပိုမဝတ္သင့္ပါဘူး။
(၂) အတြင္းခံမဝတ္ဘဲ ေဘာင္းဘီရွည္ဝတ္လို႕ရမရ
အတြင္းခံမဝတ္ဘဲ ေဘာင္းဘီရွည္မဝတ္သင့္ပါဘူး။ ဒါေပမယ့္ အားကစားလုပ္တဲ့အခါ ထူထဲတဲ့အသား ကပ္ေဘာ ဘီဝတ္တဲ့အခါမ်ိဳးမွာေတာ့ အတြင္းခံဝတ္ရင္ အသားပြန္းတာေတြျဖစ္နိုင္တာေၾကာင့္ အဲ့ဒီအခ်ိန္မွာေတာ့ မဝတ္တာ ပိုေကာင္းပါတယ္။
(၃) မိန္းကေလးတစ္ေယာက္အတြက္ အတြင္းခံဘယ္နွစံုရွိဖို႕လိုလဲ
ဒီေမးခြန္းအတြက္ တိက်တဲ့အေျဖေတာ့မရွိပါဘူး။ ပ်ိဳေမတို႕ရဲ႕ ေန႕စဥ္ဘဝမွာ ဘယ္လို အဝတ္အစားမ်ိဳးဝတ္ လဲဆိုတဲ့ အေပၚမူတည္ျပီး အဲ့ဒီအဝတ္အစားေတြနဲ႕လိုက္ဖက္တဲ့ အတြင္းခံ ၁၀ ထည္ နဲ႕ Bra ၃ ထည္ေလာက္ အနည္းဆံုးရွိ သင့္ပါတယ္။ ဥပမာ – အားကစားသမားတစ္ေယာက္ဆိုရင္ Sport bra နဲ႕ ခ်ည္သားမဟုတ္တဲ့အတြင္းခံမ်ိဳး၊ ရံုးဝန္ ထမ္းတစ္ေယာက္ျဖစ္ေနရင္ သက္ေတာင့္သက္သာျဖစ္မယ့္ ခ်ည္သားအတြင္းခံနဲ႕ အရမ္းမတင္းက်ပ္တဲ့ Bra မ်ိဳး စသျဖင့္ ကိုယ္နဲ႕လိုက္ဖက္မယ့္ အမ်ိဳးအစားကိုေရြးခ်ယ္ရမွာပါ။
(၄) bra မဝတ္ဘဲေနသင့္လား
ဒီမွာေတာ့ bra မဝတ္ဘဲ အျပအိင္ထြက္တဲ့သူမရွိသေလာက္ပါပဲ။ က်န္းမာေရးလိုအပ္ခ်က္အရေျပာရမယ္ဆိုရင္ေတာ့ ၂၄ နာရီလံုး Bra ဝတ္ထားတာက သိပ္မေကာင္းပါဘူး။ အျပင္ထြက္အလုပ္လုပ္တဲ့အခ်ိန္မွာ မျဖစ္မေနဝတ္ဖို႕လို တယ္ဆိုရင္ေတာ့ အိမ္မွာေနတဲ့အခ်ိန္ေတြမွာ မဝတ္ဘဲေနသင့္ပါတယ္။
(၅) အိပ္တဲ့အခ်ိန္ bra ဝတ္သင့္၊မဝတ္သင့္
အိပ္တဲ့အခ်ိန္မွာ Bra မဝတ္တာ အေကာင္းဆံုးျဖစ္ျပီး တကယ္လို႕ ဝတ္မယ္ဆိုရင္လည္း အရမ္းမက်ပ္တဲ့ ခ်ည္သားအ မ်ိဳးအစားကိုေရြးခ်ယ္သင့္ပါတယ္။ အိပ္တဲ့အခ်ိန္မွာ တင္းၾကပ္တဲ့ Bra ကိုဝတ္တာက အသားအေရကိုယား ယံေစၿပီး ေသြးလွည့္ပတ္မႈကိုအေနွာက္အယွက္ျဖစ္ေစပါတယ္။
(၆) bra ေရြးခ်ယ္တဲ့အခါအမ်ားဆံုးလုပ္တတ္တဲ့အမွားက
Bra ေရြးခ်ယ္တဲ့အခါ အမ်ားဆံုးလုပ္တတ္ၾကတဲ့အမွားက ကိုယ့့္ရဲ႕ Bra Size ကိုေသခ်ာမသိတာနဲ႕ size အမွန္ကိုေ သခ်ာမေရြးခ်ယ္နိုင္ဘဲ အဆင္ေျပမယ္ထင္တာကိုပဲ ခန္႕မွန္းျပီးဝယ္ေနၾကတာပါပဲ။
(၇) bra ႀကိဳးခဏခဏက်ေနရတဲ့အေၾကာင္းရင္း
Bra ၾကိဳးခဏခဏက်ေနတာက ၾကိဳးရွည္ေနလို႕လို႕ပဲေတြးလိုက္တတ္ပါတယ္။ ၾကိဳးကမရွည္ဘဲက်ေနတာမ်ိဳးက်ေတာ့ အံုေသးေနလို႕ပါ။ ဒါေၾကာင့္ bra ဝယ္တဲ့အခါ အံုအရြယ္အစားမွန္ကန္ေအာင္ေရြးခ်ယ္ဖို႕လည္းလိုပါေသးတယ္။
(၈) ခ်ည္သားအတြင္းခံနဲ႕ ခ်ည္သားမဟုတ္တာဘယ္ဟာကက်န္းမာေရးအတြက္ပိုေကာင္းလဲ
ခ်ည္သားအတြင္းခံေတြက က်န္းမာေရးအတြက္ပိုေကာင္းတယ္လို႕ ေျပာၾကေပမယ့္ အသားနဲ႕ပြတ္တိုက္မႈပိုျဖစ္ နိုင္ တာေၾကာင့္ တကယ္တမ္း ခ်ည္သားမဟုတ္တဲ့ အတြင္းေတြကို ပိုေရြးသင့္တာပါ
(၉) အတြင္းခံေတြကို စက္နဲ႕အေျခာက္ခံသင့္လား၊ ရိုးရိုးပဲအေျခာက္ခံသင့္လား
အေျခာက္ခံစက္ရဲ႕အပူခ်ိန္က အတြင္းခံနဲ႕ Bra ေတြကို အခ်ိန္တိုအတြင္းပ်က္စီးသြားေစနိုင္တာေၾကာင့္ ရိုးရုိးပဲ အေျခာက္ခံတာက အေကာင္းဆံုးပါ။ ျပီးေတာ့ ေကာင္းေကာင္းမေျခာက္ေသးတဲ့အခ်ိန္မွာ မီးပူတိုက္တာ ၊ Dryer သံုးျပီး အေျခာက္ခံတာမ်ိဳးကိုလည္း မလုပ္သင့္ပါဘူး။
source – brightside
ေလးစားစြာျဖင့္ ခရစ္ဒက္ — zalonews
Unicode:
ပျိုမေတို့အနေနဲ့ နေ့စဉ်ဘဝထဲမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အခြေခံကျန်း မာရေးဗဟု သု တတွေကို စာအုပ်တွေကတဆင့်၊ ကိုယ့်မေမေ၊အစ်မ နဲ့ သူငယ်ချင်းတွေဆီကတဆင့် သင်ယူရတယ်ဆိုပေမယ့် စာ အုပ်တွေထဲမှာလည်းမပါ၊
ဘယ်သူကမှလည်း မပြောပြတဲ့ အကြောင်းအရာလေးတွေဆိုရင်တော့ ဘယ်လိုလုပ်ရမှန်း မသိဖြစ်တတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့အရင်းနှီးဆုံးသူနဲ့တောင် တိုင်ပင်ဖို့ခက်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ကိုယ်ခန္ဓာကျန်းမာရေးနဲ့ဆိုင်တဲ့ အခြေခံအချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။
(၁) အတွင်းခံတစ်ထည်ကို တစ်ခါထက် ပိုဝတ်သင့်မသင့်
Daily use pad ကို မသုံးဘူးဆိုရင်တော့ နောက်တစ်ခေါက်ထပ်မဝတ်သင့်ပေမယ့် Daily use pad ကိုသုံးတယ်ဆိုရင်တော့ နောက်တစ်ခါ ထပ်ဝတ်နိုင်ပါတယ်။ ဒါပေမယ့် ၂ ခေါက်ထက်တော့ ပိုမဝတ်သင့်ပါဘူး။
(၂) အတွင်းခံမဝတ်ဘဲ ဘောင်းဘီရှည်ဝတ်လို့ရမရ
အတွင်းခံမဝတ်ဘဲ ဘောင်းဘီရှည်မဝတ်သင့်ပါဘူး။ ဒါပေမယ့် အားကစားလုပ်တဲ့အခါ ထူထဲတဲ့အသား ကပ်ဘော ဘီဝတ်တဲ့အခါမျိုးမှာတော့ အတွင်းခံဝတ်ရင် အသားပွန်းတာတွေဖြစ်နိုင်တာကြောင့် အဲ့ဒီအချိန်မှာတော့ မဝတ်တာ ပိုကောင်းပါတယ်
(၃) မိန်းကလေးတစ်ယောက်အတွက် အတွင်းခံဘယ်နှစုံရှိဖို့လိုလဲ
ဒီမေးခွန်းအတွက် တိကျတဲ့အဖြေတော့မရှိပါဘူး။ ပျိုမေတို့ရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို အဝတ်အစားမျိုးဝတ် လဲဆိုတဲ့ အပေါ်မူတည်ပြီး အဲ့ဒီအဝတ်အစားတွေနဲ့လိုက်ဖက်တဲ့ အတွင်းခံ ၁၀ ထည် နဲ့ Bra ၃ ထည်လောက် အနည်းဆုံးရှိ သင့်ပါတယ်။ ဥပမာ – အားကစားသမားတစ်ယောက်ဆိုရင် Sport bra နဲ့ ချည်သားမဟုတ်တဲ့အတွင်းခံမျိုး၊ ရုံးဝန် ထမ်းတစ်ယောက်ဖြစ်နေရင် သက်တောင့်သက်သာဖြစ်မယ့် ချည်သားအတွင်းခံနဲ့ အရမ်းမတင်းကျပ်တဲ့ Bra မျိုး စသဖြင့် ကိုယ်နဲ့လိုက်ဖက်မယ့် အမျိုးအစားကိုရွေးချယ်ရမှာပါ။
(၄) bra မဝတ်ဘဲနေသင့်လား
ဒီမှာတော့ bra မဝတ်ဘဲ အပြအိင်ထွက်တဲ့သူမရှိသလောက်ပါပဲ။ ကျန်းမာရေးလိုအပ်ချက်အရပြောရမယ်ဆိုရင်တော့ ၂၄ နာရီလုံး Bra ဝတ်ထားတာက သိပ်မကောင်းပါဘူး။ အပြင်ထွက်အလုပ်လုပ်တဲ့အချိန်မှာ မဖြစ်မနေဝတ်ဖို့လို တယ်ဆိုရင်တော့ အိမ်မှာနေတဲ့အချိန်တွေမှာ မဝတ်ဘဲနေသင့်ပါတယ်။
(၅) အိပ်တဲ့အချိန် bra ဝတ်သင့်၊မဝတ်သင့်
အိပ်တဲ့အချိန်မှာ Bra မဝတ်တာ အကောင်းဆုံးဖြစ်ပြီး တကယ်လို့ ဝတ်မယ်ဆိုရင်လည်း အရမ်းမကျပ်တဲ့ ချည်သားအ မျိုးအစားကိုရွေးချယ်သင့်ပါတယ်။ အိပ်တဲ့အချိန်မှာ တင်းကြပ်တဲ့ Bra ကိုဝတ်တာက အသားအရေကိုယား ယံစေပြီး သွေးလှည့်ပတ်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။
(၆) bra ရွေးချယ်တဲ့အခါအများဆုံးလုပ်တတ်တဲ့အမှားက
Bra ရွေးချယ်တဲ့အခါ အများဆုံးလုပ်တတ်ကြတဲ့အမှားက ကိုယ့်ရဲ့ Bra Size ကိုသေချာမသိတာနဲ့ size အမှန်ကိုေ သချာမရွေးချယ်နိုင်ဘဲ အဆင်ပြေမယ်ထင်တာကိုပဲ ခန့်မှန်းပြီးဝယ်နေကြတာပါပဲ။
(၇) bra ကြိုးခဏခဏကျနေရတဲ့အကြောင်းရင်း
Bra ကြိုးခဏခဏကျနေတာက ကြိုးရှည်နေလို့လို့ပဲတွေးလိုက်တတ်ပါတယ်။ ကြိုးကမရှည်ဘဲကျနေတာမျိုးကျတော့ အုံသေးနေလို့ပါ။ ဒါကြောင့် bra ဝယ်တဲ့အခါ အုံအရွယ်အစားမှန်ကန်အောင်ရွေးချယ်ဖို့လည်းလိုပါသေးတယ်။
(၈) ချည်သားအတွင်းခံနဲ့ ချည်သားမဟုတ်တာဘယ်ဟာကကျန်းမာရေးအတွက်ပိုကောင်းလဲ
ချည်သားအတွင်းခံတွေက ကျန်းမာရေးအတွက်ပိုကောင်းတယ်လို့ ပြောကြပေမယ့် အသားနဲ့ပွတ်တိုက်မှုပိုဖြစ် နိုင် တာကြောင့် တကယ်တမ်း ချည်သားမဟုတ်တဲ့ အတွင်းတွေကို ပိုရွေးသင့်တာပါ
(၉) အတွင်းခံတွေကို စက်နဲ့အခြောက်ခံသင့်လား၊ ရိုးရိုးပဲအခြောက်ခံသင့်လား
အခြောက်ခံစက်ရဲ့အပူချိန်က အတွင်းခံနဲ့ Bra တွေကို အချိန်တိုအတွင်းပျက်စီးသွားစေနိုင်တာကြောင့် ရိုးရိုးပဲ အခြောက်ခံတာက အကောင်းဆုံးပါ။ ပြီးတော့ ကောင်းကောင်းမခြောက်သေးတဲ့အချိန်မှာ မီးပူတိုက်တာ ၊ Dryer သုံးပြီး အခြောက်ခံတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။
source – brightside
လေးစားစွာဖြင့် ခရစ်ဒက် — zalonews