မိဘေခြၽးနဲ႔ေျခေဆးၿပီး ကိုယ့္ဘဝကိုယ္ စေတးေနၾကသလိုျဖစ္ေနတယ္
မိဘေခြၽးနဲ႔ ေျခေဆးကာ ဘဝကို မစေတးမိၾကေစခ်င္…ဒီေခတ္လူငယ္အခ်ိဳ႕ဟာ မိဘေခြၽးနဲ႔ေျခေဆးၿပီး ကိုယ့္ဘဝကိုယ္ စေတးေနၾကသလိုျဖစ္ေနတယ္။
မိဘေခြၽးနဲ႔ ေျခေဆးကာ ဘဝကို မစေတးမိၾကေစခ်င္……
ဒီေခတ္လူငယ္အခ်ိဳ႕ဟာ မိဘေခြၽးနဲ႔ေျခေဆးၿပီး ကိုယ့္ဘဝကိုယ္ စေတးေနၾကသလိုျဖစ္ေနတယ္။ အထူးသျဖင့္ အခ်ိဳ႕ေက်ာင္းသူေက်ာင္းသားေတြပါပဲ။
မိဘေတြက ကိုယ့္သားသမီးေတြပညာတတ္ၿပီး ဘဝမွာလူတန္းေစ့ေနႏိုင္ေအာင္ ေနပူမိုး႐ြာမေရွာင္႐ုန္းကန္ရွာေဖြၿပီး ေက်ာင္းထားၾကရတာမ်ားပါတယ္။
ဒါေပမယ့္သားသမီးေတြကေတာ့မိဘေတြကိုမငဲ့ညႇာဘဲ အသိမဲ့စြာအေပ်ာ္အပါးမွာပဲနစ္မြန္းေနၾကတယ္။
ေက်ာင္းေတြ တကၠသိုလ္ေတြဟာ အခ်ိဳ႕ေခတ္လူငယ္ေတြအတြက္ ပညာရွာရာမဟုတ္ဘဲပ်က္စီးရာေနရာလိုျဖစ္ေနပါၿပီ။ဒကာတစ္ေယာက္က ေလွ်ာက္တယ္။
ခုေခတ္ ေက်ာင္းသူေက်ာင္းသားေတြ မလြယ္ဘူးဘုရား၊တကၠသိုလ္မွာ ပညာသင္တယ္သာ ေျပာတာဘုရား၊အမ်ိဳးမ်ိဳး ပ်က္စီးေနၾကတာဘုရားတဲ့။
လိုက္ထရပ္ကားနဲ႔ အႀကိဳအပို႔လုပ္ေနတဲ့ ကားသမားကို ဘယ္ေလာက္ေပးမယ္လို႔ေျပာၿပီးေတာ့ ျပင္ဦးလြင္ကို ပို႔ခိုင္းတယ္။ ဟိုမွာ ကဲၾကတယ္။ ေနာက္ေန႔ မုံ႐ြာပို႔ခိုင္းတယ္။
ေက်ာင္းမတက္ပဲ အဲလိုေတြ လုပ္ေနၾကတယ္ဘုရား။ဒီလမ္းေလးအတိုင္း (ကားေမာင္းရင္း ဒကာကၫႊန္ျပ) လိုက္သြားရင္ ငွက္ေပ်ာေတာရွိတယ္ဘုရား၊အဲဒီမွာ ထန္းရည္ရတယ္။
တကၠသိုလ္ေပါင္းစုံက ေက်ာင္းသူေတြ ေက်ာင္းသားေတြ ထန္းရည္လာေသာက္ၾကတယ္ဘုရား။မိန္းကေလးေတြဆို လူမွန္းသူမွန္းမသိေအာင္ကို မူးေနၾကတာ။
အန္တဲ့သူက အန္လို႔ဘုရား။ပညာေရးကိုသာ အျပစ္တင္ေနၾကတာ၊ ကိုယ္တိုင္က ပ်က္စီးေနၾကတယ္ဘုရား။တစ္ခါက
မိန္းကေလးတစ္ေယာက္ သူ႔အေဖကေတာ့ ေက်ာင္းတက္ေနတယ္ဆိုၿပီး လိုအပ္တာ ေထာက္ပံ့ေနတယ္ဘုရား။
သူက ေက်ာင္းမတက္ပဲ ေလွ်ာက္သြား၊ အရက္ေသာက္ ထန္းရည္ေသာက္နဲ႔။အဲလိုနဲ႔ သူ မူးၿပီး(ဖင္တျခမ္းေပၚနဲ႔) အိပ္ေနတဲ့ပုံကို အင္တာနက္ေပၚ တင္လိုက္တယ္ဘုရား။ ဘယ္သူတင္လိုက္မွန္းမသိဘူး။
အဲဒါကို တစ္ေယာက္ေယာက္က share လိုက္ေတာ့ သူ႔အေဖဆီ ေရာက္သြားတယ္ဘုရား။သူ႔အေဖလည္းရွက္ၿပီးေတာ့ သူ႔ကို ေက်ာင္းထုတ္လိုက္တယ္တဲ့။
မၾကာပါဘူး ဆိုင္ကယ္ဝပ္ေရွာ့က ေကာင္ေလးနဲ႔ ခိုးရာလိုက္ေျပးသြားတယ္ဘုရား။အင္း ကုလားနဲ႔မဟုတ္လို႔ ေတာ္ေသးတာေပါ့ဘုရားတဲ့။
တကယ္ေတာ့ ပညာေရးစနစ္က ပ်က္တာမဟုတ္ပါဘူး။ အက်င့္စာရိတၱ မေစာင့္ထိန္းတဲ့ မိမိတို႔ကသာ ပ်က္ေနၾကတာပါ။ဦးဇင္းရဲ႕တပည့္မေလးတစ္ေယာက္ဟာ၁၀ တန္းအထိအလြန္လိမၼာသိတတ္ပါတယ္။
ဒါေပမယ့္တကၠသိုလ္ဒုတိယႏွစ္လဲေရာက္ေရာအေပါင္းအသင္းမွားၿပီးပ်က္စီးပါေတာ့တယ္။အဲဒီႏွစ္မွာပဲေကာင္ေလးနဲ႔ထြက္ေျပးၿပီးအိမ္ေထာင္က်သြားတာ
အခုဘဝကိုဆင္းဆင္းရဲရဲ႐ုန္းကန္ေနရၿပီးဒုကၡေရာက္ေနပါတယ္။အျခားတပည့္ေလးတစ္ေယာက္ကေတာ့ တကၠသိုလ္ဘြဲ႕ေတာ့မရဘဲ အရက္အတြက္ဘဝကိုေပးဆပ္ေနရတဲ့
လူေပလူေတေလးျဖစ္ေနပါတယ္။၁၀ တန္းမွာဂုဏ္ထူး ၄ ဘာသာပါတဲ့နည္းပညာတကၠသိုလ္ကတပည့္တစ္ေယာက္လည္းဂိမ္းႏွိပ္ ရည္စားထား
အေပါင္းသင္းေတြနဲ႔ေသာက္စားေပ်ာ္ပါးေနလို႔၂ ႏွစ္ဆက္တိုက္က်ၿပီးလမ္းေဘးေရာက္သြားပါတယ္။
အဲဒါေၾကာင့္ ေက်ာင္းသူေက်ာင္းသား လူငယ္ေလးေတြ မိဘေခြၽးနဲ႔ေျခေဆးကာ ဘဝကို မစေတးမိၾကပါေစနဲ႔။
အဲလိုမ်ိဳး မိုက္မိရင္ေတာ့ဒီဘဝမွာတင္ပဲ ဒုကၡေရာက္ၾကလိမ့္မယ္လို႔သတိေပးခ်င္လို႔ခုလိုတင္ျပလိုက္တာပါ။
သုခဝိဟာရီ အရွင္ဓမၼာစာရ
Unicode Version
မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်
မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်…ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်။
မိဘချွေးနဲ့ ခြေဆေးကာ ဘဝကို မစတေးမိကြစေချင်……
ဒီခေတ်လူငယ်အချို့ဟာ မိဘချွေးနဲ့ခြေဆေးပြီး ကိုယ့်ဘဝကိုယ် စတေးနေကြသလိုဖြစ်နေတယ်။ အထူးသဖြင့် အချို့ကျောင်းသူကျောင်းသားတွေပါပဲ။
မိဘတွေက ကိုယ့်သားသမီးတွေပညာတတ်ပြီး ဘဝမှာလူတန်းစေ့နေနိုင်အောင် နေပူမိုးရွာမရှောင်ရုန်းကန်ရှာဖွေပြီး ကျောင်းထားကြရတာများပါတယ်။
ဒါပေမယ့်သားသမီးတွေကတော့မိဘတွေကိုမငဲ့ညှာဘဲ အသိမဲ့စွာအပျော်အပါးမှာပဲနစ်မွန်းနေကြတယ်။
ကျောင်းတွေ တက္ကသိုလ်တွေဟာ အချို့ခေတ်လူငယ်တွေအတွက် ပညာရှာရာမဟုတ်ဘဲပျက်စီးရာနေရာလိုဖြစ်နေပါပြီ။ဒကာတစ်ယောက်က လျှောက်တယ်။
ခုခေတ် ကျောင်းသူကျောင်းသားတွေ မလွယ်ဘူးဘုရား၊တက္ကသိုလ်မှာ ပညာသင်တယ်သာ ပြောတာဘုရား၊အမျိုးမျိုး ပျက်စီးနေကြတာဘုရားတဲ့။
လိုက်ထရပ်ကားနဲ့ အကြိုအပို့လုပ်နေတဲ့ ကားသမားကို ဘယ်လောက်ပေးမယ်လို့ပြောပြီးတော့ ပြင်ဦးလွင်ကို ပို့ခိုင်းတယ်။ ဟိုမှာ ကဲကြတယ်။ နောက်နေ့ မုံရွာပို့ခိုင်းတယ်။
ကျောင်းမတက်ပဲ အဲလိုတွေ လုပ်နေကြတယ်ဘုရား။ဒီလမ်းလေးအတိုင်း (ကားမောင်းရင်း ဒကာကညွှန်ပြ) လိုက်သွားရင် ငှက်ပျောတောရှိတယ်ဘုရား၊အဲဒီမှာ ထန်းရည်ရတယ်။
တက္ကသိုလ်ပေါင်းစုံက ကျောင်းသူတွေ ကျောင်းသားတွေ ထန်းရည်လာသောက်ကြတယ်ဘုရား။မိန်းကလေးတွေဆို လူမှန်းသူမှန်းမသိအောင်ကို မူးနေကြတာ။
အန်တဲ့သူက အန်လို့ဘုရား။ပညာရေးကိုသာ အပြစ်တင်နေကြတာ၊ ကိုယ်တိုင်က ပျက်စီးနေကြတယ်ဘုရား။တစ်ခါက
မိန်းကလေးတစ်ယောက် သူ့အဖေကတော့ ကျောင်းတက်နေတယ်ဆိုပြီး လိုအပ်တာ ထောက်ပံ့နေတယ်ဘုရား။
သူက ကျောင်းမတက်ပဲ လျှောက်သွား၊ အရက်သောက် ထန်းရည်သောက်နဲ့။အဲလိုနဲ့ သူ မူးပြီး(ဖင်တခြမ်းပေါ်နဲ့) အိပ်နေတဲ့ပုံကို အင်တာနက်ပေါ် တင်လိုက်တယ်ဘုရား။ ဘယ်သူတင်လိုက်မှန်းမသိဘူး။
အဲဒါကို တစ်ယောက်ယောက်က share လိုက်တော့ သူ့အဖေဆီ ရောက်သွားတယ်ဘုရား။သူ့အဖေလည်းရှက်ပြီးတော့ သူ့ကို ကျောင်းထုတ်လိုက်တယ်တဲ့။
မကြာပါဘူး ဆိုင်ကယ်ဝပ်ရှော့က ကောင်လေးနဲ့ ခိုးရာလိုက်ပြေးသွားတယ်ဘုရား။အင်း ကုလားနဲ့မဟုတ်လို့ တော်သေးတာပေါ့ဘုရားတဲ့။
တကယ်တော့ ပညာရေးစနစ်က ပျက်တာမဟုတ်ပါဘူး။ အကျင့်စာရိတ္တ မစောင့်ထိန်းတဲ့ မိမိတို့ကသာ ပျက်နေကြတာပါ။ဦးဇင်းရဲ့တပည့်မလေးတစ်ယောက်ဟာ၁၀ တန်းအထိအလွန်လိမ္မာသိတတ်ပါတယ်။
ဒါပေမယ့်တက္ကသိုလ်ဒုတိယနှစ်လဲရောက်ရောအပေါင်းအသင်းမှားပြီးပျက်စီးပါတော့တယ်။အဲဒီနှစ်မှာပဲကောင်လေးနဲ့ထွက်ပြေးပြီးအိမ်ထောင်ကျသွားတာ
အခုဘဝကိုဆင်းဆင်းရဲရဲရုန်းကန်နေရပြီးဒုက္ခရောက်နေပါတယ်။အခြားတပည့်လေးတစ်ယောက်ကတော့ တက္ကသိုလ်ဘွဲ့တော့မရဘဲ အရက်အတွက်ဘဝကိုပေးဆပ်နေရတဲ့
လူပေလူတေလေးဖြစ်နေပါတယ်။၁၀ တန်းမှာဂုဏ်ထူး ၄ ဘာသာပါတဲ့နည်းပညာတက္ကသိုလ်ကတပည့်တစ်ယောက်လည်းဂိမ်းနှိပ် ရည်စားထား
အပေါင်းသင်းတွေနဲ့သောက်စားပျော်ပါးနေလို့၂ နှစ်ဆက်တိုက်ကျပြီးလမ်းဘေးရောက်သွားပါတယ်။
အဲဒါကြောင့် ကျောင်းသူကျောင်းသား လူငယ်လေးတွေ မိဘချွေးနဲ့ခြေဆေးကာ ဘဝကို မစတေးမိကြပါစေနဲ့။
အဲလိုမျိုး မိုက်မိရင်တော့ဒီဘဝမှာတင်ပဲ ဒုက္ခရောက်ကြလိမ့်မယ်လို့သတိပေးချင်လို့ခုလိုတင်ပြလိုက်တာပါ။
သုခဝိဟာရီ အရှင်ဓမ္မာစာရ



