အခ်စ္ေရး

ဒီလိုချစ်သူေကာင်မေလး ရထားပြီဆိုရင် ဘယ်ေတာ့မွလက်လွတ်မခံပါနဲ႔

ဒီလိုချစ်သူကောင်မလေး ရထားပြီဆိုရင် ဘယ်တော့မှလက်လွတ်မခံပါနဲ့

ကိုယ့်ဘဝရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ပြီဆိုတာနဲ့ သူဟာ ဘဝတစ်ခုလုံးစာနီးပါး အရေးကြီးသွားပါပြီ။ဒါပေမယ့် ကိုယ့်ရွေးချယ်မှုမှာ လိုအပ်ချက် ရှိမရှိပေါ်မူတည်ပြီး အနည်းနဲ့အများတော့ ဒုက္ခခံရ တတ်ပါတယ်

သိပ်ဆိုးလွန်းတဲ့ ချစ်သူကို ရွေးထားမိရင်လည်း အကြောက်တရားကြီးပြီး မိန်းမတွေကို စိတ်နာသွားတတ်သလို၊သိပ်ကောင်းလွန်းတဲ့ မိန်းမမျိုးကို ရွေးမိထားရင်လည်း ကိုယ်မကောင်းခဲ့တာတွေအတွက် ပူပန်ရ တတ်ပါတယ်။

အောက်ပါ အချက်တွေ သင့် ကောင်မလေးမှာ ရှိရင်တော့ သူမကို သင့်ဘဝလက်တွဲဖော်အဖြစ် မြတ်မြတ်နိုးနိုး တွဲသင့်ပါတယ်နော် …

(၁) သူမက သင်နဲ့ အကြိုက်တူတယ်

သမီးရည်းစားဘ၀ လက်တွဲခိုင်မြဲဖို့အတွက် ဝါသနာတူ၊ အကြိုက်တူ ဖြစ်ချင်းဟာ သိပ်ကို အရေးပါ လွန်းပါတယ်

ဒါကို အများကြီးရှင်းပြနေစရာမလိုပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသွားတဲ့အခါ တစ်ယောက်အကြိုက်ကို တစ်ယောက်က လိုက်ပြီး ကြိုက်တဲ့ အထိ နားလည်မှု ရသွားတတ်ပါတယ်

(၂) သူမကသင့်အလုပ်နဲ့ပတ်သက်ပြီး ဝင်မရှုပ်ဘူး

တစ်ချို့က ပိုင်ဆိုးပိုင်နင်းနဲ့ အလုပ်ထိလိုက်ပြီး သောင်းကျန်းတာတွေ ရှိတတ်ပါတယ်

ကျွန်တော်ကိုယ်တိုင်ပင် ဂျာနယ်တိုက်တစ်ခုမှာ အလုပ်လုပ်စဉ်က အမျိုးသမီးတစ်ယောက်ဟာသူ့ရည်းစားဖြစ်တဲ့ တစ်ခြားဝန်ထမ်းတစ်ယောက် ရှုံးမှာရှိမရှိ ခဏခဏ ဖုန်းဆက်စုံစမ်းပါတယ်

မယုံလို့စုံစမ်းတာက စုံစမ်းနိုင်ပါတယ်။ ဒါပေမယ့် အလုပ်ခွင် ဆိုတာကိုတော့ သိထားသင့်တယ်လေ

(၃) သူမက သင့်ရဲ့ဖြစ်တည်ခြင်းကို ချစ်တာ၊ သင့်မှာရှိတာတွေကို ချစ်တာမဟုတ်ဘူး

သူက သင့်ကိုချစ်တဲ့အချစ်က သင်ဟာ သင်ဖြစ်နေလို့ ချစ်တာပါ။သင် ဘာအလုပ်ကို လုပ်လို့ချစ်တာ၊ သင်ဘယ်လို ရုပ်ရည်ကြောင့်ချစ်တာ၊ဘယ်လောက်ချမ်းသာလို့ ချစ်တယ်ဆိုတာတွေဟာ သာမန်လူပြိန်းတွေကတောင် အချစ်စစ်လို့ မတွေးကြပါဘူး

ကောင်မလေးတစ်ယောက် ကိုယ့်ကိုတစ်ကယ်ချစ်ပြီဆိုရင် ဘာဖြစ်နေနေ ချစ်တာ။ခြေကျိုးလေးမို့ချစ်တာ၊ လက်ပြတ်လေးမို့ချစ်တာ၊နူနာစွဲနေတာကိုက မိတ်ကပ်လှလှလေးလိမ်းထားသလိုပဲ ဆိုတဲ့ အချစ်စစ် အချစ်မှန်မျိုးကို သင် ရပါလိမ့်မယ် …

(၄) သင့်ကို ပြောင်းလဲဖို့ ကြိုးစားမှာမဟုတ်ပါဘူး

အခုခေတ်မှာ ရည်စားမရခင်က သောင်းကျန်းခဲ့သမျှ ရည်းစားရပြီးမှ အပိုးကျိုးသွားတဲ့ကောင်လေးတွေကို မကြာခဏတွေ့ရတတ်ပါတယ်။ဆေးလိပ်မသောက်ရဘူး၊ ကွမ်းမစားရဘူး၊ သူ့နာမည်ကို လက်မောင်းမှာတက်တူးထိုးရမယ် စတဲ့ ပြန်တမ်းတွေလိုခပ်ပေါပေါ ကန့်သတ်ချက်တွေနဲ့ သင့်ချစ်သူက သင့်ကို ကန့်သတ်ချုပ်ချယ်မှာ မဟုတ်ပါဘူး

ပြောင်းလဲစရာ ညှိစရာရှိရင်တော့ သူမဘာသာ ပြောင်းလဲတာတွေ ညှိတာတွေလုပ်ယူပါလိ့မ်မယ်။ဘာကြောင့်ဆို … နံပတ်(၃)အချက်ကြောင့်ပါပဲ

(၅) သင့်ရဲ့အားလပ်ချိန် အားလုံးကို သူအပိုင်မစီးဘူး

တစ်ချို့က အားပြီဆိုတာနဲ့ ဟိုလိုက်ပို့ခိုင်း၊ ဒီလိုက်ပို့ခိုင်း လုပ်ကြပါတယ်။ဒါကို မနှစ်သက်သူများအတွက်တော့ အတော်လေး ကသိကအောက်နိုင်တဲ့ ကိစ္စတွေပါ

အခုလို မိန်းမမျိုးကျတော့ မင်းရဲ့ အားလပ်ချိန်ကို မေးမှာမဟုတ်ပါဘူးနော်

(၆) သင့်ရဲ့ စိုးရိမ်သောကတွေကို သူက မျှဝေယူလိမ့်မယ်

တစ်ခါတလေ အလိုက်ကမ်းဆိုးမသိတဲ့ အမျိုးသမီးတွေဟာ ကိုယ်က ဘောလုံးပွဲရှုံးလို့ စိတ်ညစ်နေတဲ့အချိန်မျိုး၊ ဒေါက်ဖိနပ် ပူဆာတာမျိုးတွေ ရှိတတ်ပါတယ်

ခင်ဗျားကို တကယ်ချစ်တဲ့ အမျိုးသမီးဆိုရင် သူ ဘာဖြစ်ချင်တယ် ဆိုတာထက် သင် ဘာဖြစ်နေတယ်ဆိုတာကို ပိုပြီး စိတ်ဝင်စားတတ်ပါတယ်

ပြီးတော့ သောကတွေကို မျှဝေယူတယ်၊ နှစ်သိမ့်ပေးတယ်၊ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေကိုတော့ သင်ကိုယ်တိုင် မျှဝေမှ သူက ယူတာမျိုးပါ …။

းနားထောင်သူ

သူမဟာ သင်ရဲ့ တိုင်ပင်တဲ့စကားတွေကို လိုလိုချင်ချင် နားထောင်သူပါ။ဖြစ်လာသမျှ အဖြစ်အပျက်တွေကိုဖြစ်နိုင်ရင် ဆယ်ရက်စာ တစ်ခါတည်းပြောလည်းသူမအတွက်တော့ ကိစ္စမရှိ၊ ပြုံးစရာရှိရင် ပြုံးလိုက်၊မဲ့စရာရှိရင် မဲ့လိုက်နဲ့ သင်ပြောတဲ့စကားသံမှာ နစ်မြောနေပါလိမ့်မယ် …။

(၈) ရယ်စရာတွေကို ဖန်တီးပေးလိမ့်မယ်

အထူးသဖြင့် သင်စိတ်ညစ်တဲ့အခါမျိုးမှာ သူမက ရယ်စရာတွေ ပြောမယ်၊သို့တည်းမဟုတ် သင် စိတ်ပြေပျောက်စေနိုင်တဲ့Movie တစ်ခုခု ကြည့်တာမျိုးတွေကို သင်နဲ့အတူတူ သူလုပ်ပေးပါလိမ့်မယ်

 

(၉ ) သင့်ရဲ့မိသားစု၊ သူငယ်ချင်းတွေကို ဆွေမျိုးအရင်းအချာလို ချစ်ခင်မှာပါ

သင့်ကို တကယ်ချစ်ပြီဆိုရင် သင့်မိဘဟာ သူ့မိဘလို့ သဘောပိုက်ပြီးသားပါ။သင့်သူငယ်ချင်းဟာ သူမ သူငယ်ချင်းဖြစ်လို့ မကြာခင်မှာပဲ ပြောမနာဆိုမနာဖြစ်တဲ့အထိ ရင်းနီးသွားမှာပါ ။

(၁၀) ဘယ်တော့မှ နားပူနားဆာလုပ်မှာ မဟုတ်ဘူး

အထူးသဖြင့် သင့်ရဲ့ဘဏ္ဍာရေးအခြေအနေကို အပြည့်အဝနားမလည်ထားတောင် များသောအားဖြင့် တန်းဖိုးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေကို ဝယ်ခိုင်းမှာမဟုတ်ပါ။

သင် သဘောကျလို့ပေးတဲ့ပစ္စည်းကိုလည်း မြတ်မြတ်နိုးနိုးသိမ်းထားပါလိ့မ်မယ်။မယုံရင် စမ်းကြည့်လိုက်ပါ

(၁၁) သူမရင်ခွင်ဟာ သင့်ဘဝအတွက် စိတ်ချမ်းသာစေတဲ့ နေရာ

မိဘအရိမ်ဟာ သားသမီးအတွက် လုံခြုံတဲ့အိမ်ဆိုရင် ချစ်သူရဲ့အရိပ်ဟာ ကိုယ့်ဘဝအတွက်တော့ စိတ်ချမ်းသာစေတဲ့ အိမ်တစ်လုံးပါ။

ဟုတ်ပါတယ်။ နှစ်ဦးကြည်ဖြူ ချစ်နေပါမှ ဘဝလမ်းကြောင်းကို တည့်တည့်မက်မက်လျှောက်နိုင်တာပါ။တူညီသော အိမ်ထောင်ရေး ရှိမှ လှပတဲ့ ဘဝရပ်တည်မှု ရှိတာပါ

သင့်ကို တစ်ကယ်ချစ်တဲ့သူထက်တော့ ဘယ်သူက ပိုပြီး သင့်ကို စိတ်ချမ်းသာစေချင်မလဲနော်

Credit

Zawgyi

ဒီလိုခ်စ္သူေကာင္မေလး ရထားၿပီဆိုရင္ ဘယ္ေတာ့မွလက္လြတ္မခံပါနဲ႔

ကိုယ့္ဘဝရဲ႕လက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္လိုက္ၿပီဆိုတာနဲ႔ သူဟာ ဘဝတစ္ခုလုံးစာနီးပါး အေရးႀကီးသြားပါၿပီ။ဒါေပမယ့္ ကိုယ့္ေ႐ြးခ်ယ္မႈမွာ လိုအပ္ခ်က္ ရွိမရွိေပၚမူတည္ၿပီး အနည္းနဲ႔အမ်ားေတာ့ ဒုကၡခံရ တတ္ပါတယ္။

သိပ္ဆိုးလြန္းတဲ့ ခ်စ္သူကို ေ႐ြးထားမိရင္လည္း အေၾကာက္တရားႀကီးၿပီး မိန္းမေတြကို စိတ္နာသြားတတ္သလို၊သိပ္ေကာင္းလြန္းတဲ့ မိန္းမမ်ိဳးကို ေ႐ြးမိထားရင္လည္း ကိုယ္မေကာင္းခဲ့တာေတြအတြက္ ပူပန္ရ တတ္ပါတယ္။

ေအာက္ပါ အခ်က္ေတြ သင့္ ေကာင္မေလးမွာ ရွိရင္ေတာ့ သူမကို သင့္ဘဝလက္တြဲေဖာ္အျဖစ္ ျမတ္ျမတ္ႏိုးႏိုး တြဲသင့္ပါတယ္ေနာ္ …။

(၁) သူမက သင္နဲ႔ အႀကိဳက္တူတယ္

သမီးရည္းစားဘ၀ လက္တြဲခိုင္ၿမဲဖို႔အတြက္ ဝါသနာတူ၊ အႀကိဳက္တူ ျဖစ္ခ်င္းဟာ သိပ္ကို အေရးပါ လြန္းပါတယ္

ဒါကို အမ်ားႀကီးရွင္းျပေနစရာမလိုပါဘူး။ ဘာပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိသြားတဲ့အခါ တစ္ေယာက္အႀကိဳက္ကို တစ္ေယာက္က လိုက္ၿပီး ႀကိဳက္တဲ့ အထိ နားလည္မႈ ရသြားတတ္ပါတယ္

(၂) သူမကသင့္အလုပ္နဲ႔ပတ္သက္ၿပီး ဝင္မရႈပ္ဘူး

တစ္ခ်ိဳ႕က ပိုင္ဆိုးပိုင္နင္းနဲ႔ အလုပ္ထိလိုက္ၿပီး ေသာင္းက်န္းတာေတြ ရွိတတ္ပါတယ္။

ကြၽန္ေတာ္ကိုယ္တိုင္ပင္ ဂ်ာနယ္တိုက္တစ္ခုမွာ အလုပ္လုပ္စဥ္က အမ်ိဳးသမီးတစ္ေယာက္ဟာသူ႔ရည္းစားျဖစ္တဲ့ တစ္ျခားဝန္ထမ္းတစ္ေယာက္ ရႈံးမွာရွိမရွိ ခဏခဏ ဖုန္းဆက္စုံစမ္းပါတယ္

မယုံလို႔စုံစမ္းတာက စုံစမ္းႏိုင္ပါတယ္။ ဒါေပမယ့္ အလုပ္ခြင္ ဆိုတာကိုေတာ့ သိထားသင့္တယ္ေလ

(၃) သူမက သင့္ရဲ႕ျဖစ္တည္ျခင္းကို ခ်စ္တာ၊ သင့္မွာရွိတာေတြကို ခ်စ္တာမဟုတ္ဘူး

သူက သင့္ကိုခ်စ္တဲ့အခ်စ္က သင္ဟာ သင္ျဖစ္ေနလို႔ ခ်စ္တာပါ။သင္ ဘာအလုပ္ကို လုပ္လို႔ခ်စ္တာ၊ သင္ဘယ္လို ႐ုပ္ရည္ေၾကာင့္ခ်စ္တာ၊ဘယ္ေလာက္ခ်မ္းသာလို႔ ခ်စ္တယ္ဆိုတာေတြဟာ သာမန္လူၿပိန္းေတြကေတာင္ အခ်စ္စစ္လို႔ မေတြးၾကပါဘူး။

ေကာင္မေလးတစ္ေယာက္ ကိုယ့္ကိုတစ္ကယ္ခ်စ္ၿပီဆိုရင္ ဘာျဖစ္ေနေန ခ်စ္တာ။ေျခက်ိဳးေလးမို႔ခ်စ္တာ၊ လက္ျပတ္ေလးမို႔ခ်စ္တာ၊ႏူနာစြဲေနတာကိုက မိတ္ကပ္လွလွေလးလိမ္းထားသလိုပဲ ဆိုတဲ့ အခ်စ္စစ္ အခ်စ္မွန္မ်ိဳးကို သင္ ရပါလိမ့္မယ္ …။

(၄) သင့္ကို ေျပာင္းလဲဖို႔ ႀကိဳးစားမွာမဟုတ္ပါဘူး

အခုေခတ္မွာ ရည္စားမရခင္က ေသာင္းက်န္းခဲ့သမွ် ရည္းစားရၿပီးမွ အပိုးက်ိဳးသြားတဲ့ေကာင္ေလးေတြကို မၾကာခဏေတြ႕ရတတ္ပါတယ္။

ေဆးလိပ္မေသာက္ရဘူး၊ ကြမ္းမစားရဘူး၊ သူ႔နာမည္ကို လက္ေမာင္းမွာတက္တူးထိုးရမယ္ စတဲ့ ျပန္တမ္းေတြလိုခပ္ေပါေပါ ကန႔္သတ္ခ်က္ေတြနဲ႔ သင့္ခ်စ္သူက သင့္ကို ကန႔္သတ္ခ်ဳပ္ခ်ယ္မွာ မဟုတ္ပါဘူး။

ေျပာင္းလဲစရာ ညႇိစရာရွိရင္ေတာ့ သူမဘာသာ ေျပာင္းလဲတာေတြ ညႇိတာေတြလုပ္ယူပါလိ့မ္မယ္။ဘာေၾကာင့္ဆို … နံပတ္(၃)အခ်က္ေၾကာင့္ပါပဲ …။

(၅) သင့္ရဲ႕အားလပ္ခ်ိန္ အားလုံးကို သူအပိုင္မစီးဘူး

တစ္ခ်ိဳ႕က အားၿပီဆိုတာနဲ႔ ဟိုလိုက္ပို႔ခိုင္း၊ ဒီလိုက္ပို႔ခိုင္း လုပ္ၾကပါတယ္။ဒါကို မႏွစ္သက္သူမ်ားအတြက္ေတာ့ အေတာ္ေလး ကသိကေအာက္ႏိုင္တဲ့ ကိစၥေတြပါ။အခုလို မိန္းမမ်ိဳးက်ေတာ့ မင္းရဲ႕ အားလပ္ခ်ိန္ကို ေမးမွာမဟုတ္ပါဘူးေနာ္

(၆) သင့္ရဲ႕ စိုးရိမ္ေသာကေတြကို သူက မွ်ေဝယူလိမ့္မယ္

တစ္ခါတေလ အလိုက္ကမ္းဆိုးမသိတဲ့ အမ်ိဳးသမီးေတြဟာ ကိုယ္က ေဘာလုံးပြဲရႈံးလို႔ စိတ္ညစ္ေနတဲ့အခ်ိန္မ်ိဳး၊ ေဒါက္ဖိနပ္ ပူဆာတာမ်ိဳးေတြ ရွိတတ္ပါတယ္။ခင္ဗ်ားကို တကယ္ခ်စ္တဲ့ အမ်ိဳးသမီးဆိုရင္ သူ ဘာျဖစ္ခ်င္တယ္ ဆိုတာထက္ သင္ ဘာျဖစ္ေနတယ္ဆိုတာကို ပိုၿပီး စိတ္ဝင္စားတတ္ပါတယ္။

ၿပီးေတာ့ ေသာကေတြကို မွ်ေဝယူတယ္၊ ႏွစ္သိမ့္ေပးတယ္၊ေပ်ာ္စရာေတြ၊ စိတ္ခ်မ္းသာစရာေတြကိုေတာ့ သင္ကိုယ္တိုင္ မွ်ေဝမွ သူက ယူတာမ်ိဳးပါ …

(၇) သူမဟာ သင့္အတြက္ အေကာင္းဆုံးနားေထာင္သူ

သူမဟာ သင္ရဲ႕ တိုင္ပင္တဲ့စကားေတြကို လိုလိုခ်င္ခ်င္ နားေထာင္သူပါ။ျဖစ္လာသမွ် အျဖစ္အပ်က္ေတြကိုျဖစ္ႏိုင္ရင္ ဆယ္ရက္စာ တစ္ခါတည္းေျပာလည္းသူမအတြက္ေတာ့ ကိစၥမရွိ၊ ၿပဳံးစရာရွိရင္ ၿပဳံးလိုက္၊မဲ့စရာရွိရင္ မဲ့လိုက္နဲ႔ သင္ေျပာတဲ့စကားသံမွာ နစ္ေျမာေနပါလိမ့္မယ္

(၈) ရယ္စရာေတြကို ဖန္တီးေပးလိမ့္မယ္

အထူးသျဖင့္ သင္စိတ္ညစ္တဲ့အခါမ်ိဳးမွာ သူမက ရယ္စရာေတြ ေျပာမယ္၊သို႔တည္းမဟုတ္ သင္ စိတ္ေျပေပ်ာက္ေစႏိုင္တဲ့Movie တစ္ခုခု ၾကည့္တာမ်ိဳးေတြကို သင္နဲ႔အတူတူ သူလုပ္ေပးပါလိမ့္မယ္

(၉ ) သင့္ရဲ႕မိသားစု၊ သူငယ္ခ်င္းေတြကို ေဆြမ်ိဳးအရင္းအခ်ာလို ခ်စ္ခင္မွာပါ

သင့္ကို တကယ္ခ်စ္ၿပီဆိုရင္ သင့္မိဘဟာ သူ႔မိဘလို႔ သေဘာပိုက္ၿပီးသားပါ။သင့္သူငယ္ခ်င္းဟာ သူမ သူငယ္ခ်င္းျဖစ္လို႔ မၾကာခင္မွာပဲ ေျပာမနာဆိုမနာျဖစ္တဲ့အထိ ရင္းနီးသြားမွာပါ

(၁၀) ဘယ္ေတာ့မွ နားပူနားဆာလုပ္မွာ မဟုတ္ဘူး

အထူးသျဖင့္ သင့္ရဲ႕ဘ႑ာေရးအေျခအေနကို အျပည့္အဝနားမလည္ထားေတာင္ မ်ားေသာအားျဖင့္ တန္းဖိုးႀကီးတဲ့ လက္ေဆာင္ပစၥည္းေတြကို ဝယ္ခိုင္းမွာမဟုတ္ပါ။သင္ သေဘာက်လို႔ေပးတဲ့ပစၥည္းကိုလည္း ျမတ္ျမတ္ႏိုးႏိုးသိမ္းထားပါလိ့မ္မယ္။မယုံရင္ စမ္းၾကည့္လိုက္ပါ ။

(၁၁) သူမရင္ခြင္ဟာ သင့္ဘဝအတြက္ စိတ္ခ်မ္းသာေစတဲ့ ေနရာ

မိဘအရိမ္ဟာ သားသမီးအတြက္ လုံၿခဳံတဲ့အိမ္ဆိုရင္ ခ်စ္သူရဲ႕အရိပ္ဟာ ကိုယ့္ဘဝအတြက္ေတာ့ စိတ္ခ်မ္းသာေစတဲ့ အိမ္တစ္လုံးပါ။

ဟုတ္ပါတယ္။ ႏွစ္ဦးၾကည္ျဖဴ ခ်စ္ေနပါမွ ဘဝလမ္းေၾကာင္းကို တည့္တည့္မက္မက္ေလွ်ာက္ႏိုင္တာပါ။တူညီေသာ အိမ္ေထာင္ေရး ရွိမွ လွပတဲ့ ဘဝရပ္တည္မႈ ရွိတာပါ။

သင့္ကို တစ္ကယ္ခ်စ္တဲ့သူထက္ေတာ့ ဘယ္သူက ပိုၿပီး သင့္ကို စိတ္ခ်မ္းသာေစခ်င္မလဲေနာ္ …။ ။

Credit