စိတ်ရင်း စေဒနာ ကောင်းသူတွေဟာ တခြားသူတွေထက် ပိုနာကျင်ရတဲ့ အကြောင်းအရင်း (၅) ချက်
လောကကြီးထဲမှာ စိတ်ဓာတ်မကောင်းတဲ့သူတွေထက် စိတ်ကောင်းရှိတဲ့သူတွေက ပိုပြီးနာကျင်ရတယ်လို့ပြောရင် အံ့သြသွားမလား။
တကယ်တော့ အဲ့ဒါဟာ တကယ်ပါ စိတ်ကောင်းရှိတဲ့သူတွေက တခြားသူတွေထက်ပိုပြီး နာကျင်မှုတွေ ကြုံတွေ့ရတယ်ဆိုတာ ဒီအချက်တွေကြောင့်ပါ..
(၁)ကိုယ့်အပေါ်မကောင်းတဲ့သူတွေအတွက် စိတ်ပူတယ်..စိတ်ကောင်းရှိတဲ့သူတွေဟာ ကိုယ့်အပေါ်ကောင်းကောင်း မကောင်းကောင်း ကိုယ်နဲ့နှိုင်းပြီး စိုးရိမ်စိတ်ပူတတ်သူပါ။ကိုယ်ကစေတနာနဲ့ စိတ်ပူပေးပေမယ့် သူတို့ဘက်ကတော့ ကိုယ်ဒုက္ခရောက်နေတာကို မဆိုင်သလို ကြည့်နေနိုင်ကြတာမျိုးပါ။ အဲ့ဒီလို ကိုယ့်အပေါ် မကောင်းတဲ့သူတွေအပေါ် စိတ်မပျက်ဘဲ စိတ်ပူပေးတတ်တာကပဲ သူတို့ကို နာကျင်စေတဲ့ အကြောင်းအရင်းတစ်ခုပါ..
(၂)လက်တုံ့မပြန်တတ်ဘူး..စိတ်ကောင်းရှိတဲ့သူတွေဟာ ကိုယ့်အပေါ် မကောင်းကြံတာ၊နောက်ကျောဓားနဲ့ထိုးတာ လိုမျိုးတွေကိုတောင် လျှော်ပေးတတ်ကြပြီး မှတ်ထားတာ လက်တုံ့ပြန်တာမျိုးလည်း လုံးဝမရှိပါဘူး။ပြီးတော့ နောက်တစ်ခါ အကူအညီတောင်းရင် ကူညီဖို့ အသင့်ရှိနေတာမျိုးပါ။ မညှာမတာပြောရမယ်ဆိုရင် အမှတ်မရှိတာပါ။ အဲ့ဒီလို အမှတ်မရှိတာကြောင့်ပဲ အမြဲလိုလို နာကျင်ခံစားနေရတာပါ
(၃)ကောင်းကွက်တွေပဲမြင်တတ်တယ်..လူတစ်ယောက်ကိုတွေ့တဲ့အခါ သူ့ရဲ့ကောင်းကွက် တွေကိုပဲကြည့်ပြီး ပေါင်းတတ်တာကလည်း ကောင်းတယ်ထင်ရပေမယ့် သိပ်မကောင်းပါဘူး။လူတစ်ယောက်ရဲ့ကောင်းကွက်တွေကိုပဲ မြင်နေတော့ သူ့ဘက်က မကောင်းတာတစ်ခုခု ပြောင်းလဲသွားတဲ့အခါ အငိုက်မိပြီး ခံလိုက်ရတော့တာပေါ့။ တကယ်တော့ ဘယ်သူ့ကိုမဆို ကောင်းကွက် ဆိုးကွက်မျှပြီး ကြည့်တတ်ရမှာပါ
(၄)ကိုယ့်ကိုယ်ကိုဦးစားမပေးဘူး..ဘာလုပ်လုပ် ကိုယ့်ကိုယ်ကို ဦးစားမပေးဘူး။ ငါကတော့ အကုန်အဆင်ပြေတယ်။ နင်တို့သဘောဆိုတာမျိုး လုပ်တတ်တဲ့အကျင့်ကလည်း မကောင်းပါဘူး။အဲ့လိုလုပ်ပါများတော့ ကိုယ့်ရဲ့ဆန္ဒကို ဘယ်သူမှ အလေးမထားတော့ပဲ သူတို့စိတ်ကြိုက် လုပ်လို့ရတယ် ကိုယ့်ကိုထည့်တွက်စရာမလိုဘူးလို့ ထင်သွားတတ်ကြပါတယ်။ အဲ့လိုမျိုး ခဏခဏဖြစ်လာရင် ကိုယ်ဟာ အရေးမပါတဲ့သူ တစ်ယောက်လို ဖြစ်လာတတ်ပါတယ်..
(၅)အကူအညီတောင်းရင် ဘယ်တော့မှမငြင်းဘူး..တစ်ယောက်ယောက် အကူအညီတောင်းတိုင်း အမြဲအသင့်ဖြစ်နေတယ်။ ကိုယ့်အတွက် အဆင်မပြေတဲ့အခြေအနေမှာလည်း မရရအောင် ကူညီပေးတတ်တယ်။သူတို့ဘက်က ပြန်ရဖို့လည်း မမျှော်လင့်ထားဘူးဆိုပေမယ့် ကိုယ်အရေးပေါ်တစ်ခုခု ဖြစ်လာရင်တောင် ကိုယ်ကူညီပေးထားတဲ့သူတွေက လုံးဝလှည့်မကြည့်ဘူး။ဘာမှမလုပ်ပေးဘူးဆိုရင် ကိုယ်ပဲခံစားရမှာပါ။ ဒါကြောင့် အမြဲတမ်းကူညီနေတာတွေကို ဆင်ခြင်သင့်ပါတယ်..
Credit MAY THAZINHTOO