အချစ်ရေး


ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ် …

Fb ပေါ်မှာ tag လိုက် ၊ ပုံတင်လိုက် ၊ comments တွေမှာ ပလူပျံလိုက်နဲ့ တအားချစ်ပြတတ်တဲ့ ယောကျ်ားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ်လက်ထပ်ယူတာ ရှားတယ်

(မရှိဘူးမပြောဘူးနော်.. ရှားတယ် ပြောတာ.. ဟုတ်ရင်နာပေါ့.. ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်)ကိုယ်တိုင်လည်း cmt ရေးမှ ၊ အသဲပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ ။ အဲ့လိုလုပ်ပေးတဲ့သူကို ရွေးဖူးတယ်

သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့ ။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ်။ ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့လူကြီးက cmt မရေးဘူး ။ ဘယ်တော့မှ သူ့ post တွေကို like မပေးဘူး

Silent တွဲခံရတာလားဆိုပြီး စိတ်တောင်ပူမိတယ် ။ ဒါပေမယ့် အခုသူတို့ လက်ထပ်သွားကြပြီ ။ သူ့ကိုမေးကြည့်တော့ ”သူလူကြီးက fb ပေါ် မှာ အဲ့လိုလုပ်ရတာတွေ ဝါသနာမပါဘူး” တဲ့ ။ ”အပြင်မှာ အရမ်း ဂရုစိုက်တယ်

အချိန်မှန် ဖုန်းဆက်တယ် ။ စာပို့တယ် ။ သူမကြိုက်တာ အကုန်ရှောင်တယ် ။ သူ့စကားနားထောင်တယ် ။ သူ့ဆန္ဒကို ဦးစားပေးတယ် ။cmt မရေး ၊ like မပေးပေမယ့် သူ့ post မှာ ဘယ်သူက အသဲပေးတယ် ။ ဘယ်ကောင်လေးက ဘယ်လို cmt ရေးတယ်ဆိုတာကအစ အကုန်သိတယ်


“တခါတလေဆို သူက ဘယ်သူလဲ ။ အသဲပေးထားတာ ဘယ်သူလဲ စသဖြင့် မေးတတ်တော့ သူက post တွေမှာ ပြန်ရှာပြီး ဘယ်သူ ဘယ်ဝါဆိုတာ ပြောပြရတယ်” တဲ့

“ဘယ်နေရာ ရောက်ရောက် vd call ခေါ်ပြတယ် ။ ကိုကို့ကို စောင့်ပေးနော်လို့ တဖွဖွပြောတယ်” တဲ့ ။ စိတ်လုံခြုံမှုဆိုတာ ဒါပဲလေ ။ ဘယ်တော့မဆို သူဟာ ကိုယ်ယုံကြည်အောင်နေတယ် ။ ကိုယ်စိတ်ချအောင်နေပေးတယ်

ဘယ်အခြေအနေမဆို ကိုယ့်အနား သူရှိနေပေမယ်ဆိုတဲ့ ခွန်အားမျိုးရှိအောင် ကိုယ့်ကိုထားတယ်။ Fb ပေါ်မှာ တီတီတာတာ မလုပ်တတ်ပေမယ့် သူ့စိတ်ဟာ ကိုယ့်ဆီပဲ အာရုံဝင်စားတယ် ။အခုနောက်ပိုင်း ပိုပြီး သတိထားကြည့်မိလာတယ်

Fb ပေါ်မှာ သိပ်ချစ်ပြနေရင် အဲ့ဒါ အယုံသွင်းနေတာလို့ ။ ဘယ်သူ့ကိုမှ ဂျင်းမမိစေချင်ဘူး ။တကယ်ချစ်တဲ့ ယောကျ်ားလေးတွေက တီတီတာတာ ပြောဖို့ထက် လက်တွေ့ပြနိုင်ဖို့ပဲ ကြိုးစားကြတယ် ။ အမ တစ်ယောက်က ပြောဖူးတယ်

“ကြယ်တွေ လတွေ ခူးပေးမယ် လို့ ပြောတဲ့သူတွေကို မယုံပါနဲ့ ညီမလေး” တဲ့။ ဟုတ်ပါတယ် ။ ကိုယ့်အနားအမြဲလိုလို ရှိဖို့ အတွက်ပဲ အရင်ကြိုးစားပါစေအုံး ။ ကိုယ့်ကိုလက် မြဲအောင်ပဲ တွဲပါစေအုံး ။ချစ်ပြတာနဲ့ ချစ်တတ်တာ ခွဲခြားသိနိုင်ကြပါစေ ….

ချစ်သော သက်ထားခင်

Unicode

ချစ်ပြတာနဲ့ ချစ်တတ်တာ ဘာကွာလဲ သိလား ….မသိရင် ပြောပြမယ် …

Fb ပေါ်မှာ tag လိုက် ၊ ပုံတင်လိုက် ၊ comments တွေမှာ ပလူပျံလိုက်နဲ့ တအားချစ်ပြတတ်တဲ့ ယောကျ်ားလေးတော်တော်များများက အဲ့ဒီကောင်မလေးကို တကယ်လက်ထပ်ယူတာ ရှားတယ်

(မရှိဘူးမပြောဘူးနော်.. ရှားတယ် ပြောတာ.. ဟုတ်ရင်နာပေါ့.. ကိုယ်က အဲ့သလို မဟုတ်ဘူးဆိုရင် ဆက်ဖတ်)ကိုယ်တိုင်လည်း cmt ရေးမှ ၊ အသဲပေးမှ ချစ်တယ်လို့ ထင်ခဲ့တာ ။ အဲ့လိုလုပ်ပေးတဲ့သူကို ရွေးဖူးတယ်

သူက ကိုယ့်ကို တကယ်ချစ်တာပဲပေါ့ ။ နောက်ဆုံးတော့ ထုံးစံအတိုင်း သူကပဲ အသစ်ရသွားတယ်။ ကိုယ့်အသိ ကောင်မလေးဆိုရင် သူ့လူကြီးက cmt မရေးဘူး ။ ဘယ်တော့မှ သူ့ post တွေကို like မပေးဘူး


Silent တွဲခံရတာလားဆိုပြီး စိတ်တောင်ပူမိတယ် ။ ဒါပေမယ့် အခုသူတို့ လက်ထပ်သွားကြပြီ ။ သူ့ကိုမေးကြည့်တော့ ”သူလူကြီးက fb ပေါ် မှာ အဲ့လိုလုပ်ရတာတွေ ဝါသနာမပါဘူး” တဲ့ ။ ”အပြင်မှာ အရမ်း ဂရုစိုက်တယ်

အချိန်မှန် ဖုန်းဆက်တယ် ။ စာပို့တယ် ။ သူမကြိုက်တာ အကုန်ရှောင်တယ် ။ သူ့စကားနားထောင်တယ် ။ သူ့ဆန္ဒကို ဦးစားပေးတယ် ။cmt မရေး ၊

like မပေးပေမယ့် သူ့ post မှာ ဘယ်သူက အသဲပေးတယ် ။ ဘယ်ကောင်လေးက ဘယ်လို cmt ရေးတယ်ဆိုတာကအစ အကုန်သိတယ် ။ ”