အချစ်ရေး

လမ်းခွဲဖို့အတွက် တွေဝေနေပြီလား

လူတိုင်းအချစ်နဲ့တော့ မကင်းဘူးပေါ့နော်။

ဒါပေမယ့် ကိုယ့်ကို မချစ်တဲ့ သူအတွက်နဲ့တော့ လမ်းခွဲရရင် ကောင်းမလားဆိုတဲ့ တွေဝေနေတဲ့ အတွေးမျိုးနဲ့တော့ ဖြစ်မနေပါနဲ့နော်။

အခုပြောပြမယ့် အကြောင်းအရာလေးတွေနဲ့ ကိုက်ညီနေရင်တော့ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်အတွက်နဲ့တော့ အပင်ပမ်းခံပြီး ဆွဲမထားပါနဲ့တော့နော်။

၁။ သူမရှိဘဲ အဆင်ပြေပြီလား

လမ်းခွဲခါစမှာတော့ သူမရှိဘဲ အဆင်မပြေလောက်ပါဘူး။ ဘာလို့လဲဆိုတော့ အမှတ်တရတွေ တွေးပြီး သတိရနေမှာ သေချာတာကိုး။

သူမရှိဘဲ အဆင်မပြေဘူးလို့ အမြဲခံစားနေရမှာ သေချာသလောက်ပါပဲ။

ဒါပေမယ့် သူနဲ့ ပတ်သက်တာပြီး တွေးတာတွေ၊ အဆက်အသွယ် လုပ်တာတွေကို နည်းနည်းချင်းစီ လျှော့ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် တကယ်လမ်းခွဲတဲ့အခါ ပိုအဆင်ပြေမှာပါ။

သူမရှိဘဲ နေနိုင်လားဆိုတာ ကိုယ့်ခံစားချက်ကို ကိုယ်သာ အသိဆုံးပါ။

၂။ သည်းမခံနိုင်တဲ့အချက်တွေ

လမ်းခွဲဖို့ စပြီးစဉ်းစားမိပြီဆိုကတည်းက ကိုယ့်ချစ်သူမှာ သည်းမခံနိုင်တဲ့ အချက်တွေ၊ စိတ်ညစ်ရပြီး ကိုယ်မကြိုက်တဲ့ အချက်တွေ ရှိနေမှာ သေချာသလောက်ပါပဲ။

အဲဒီအချက်တွေကို အိမ်ထောင်ကျပြီးတဲ့အထိ သည်းခံနိုင်လားဆိုတာ အထပ်ထပ် အခါခါ စဉ်းစားပါ။

လုံးဝ သည်းမခံနိုင်လောက်ဘူးသေချာရင် ပြင်ပေးဖို့ နည်းနည်းကြိုးစားကြည့်ပြီး မရတာနဲ့ လမ်းခွဲတာ အကောင်းဆုံးပါ။

၃။ အမှားတစ်ခုကို ခဏခဏ လုပ်တာ

ကိုယ်မကြိုက်ဘူး ပြောထားပါရဲ့၊ ဒီကိစ္စနဲ့ပဲ ပြဿနာတက်နေတာကို ခွင့်လွှတ်ပေးထားပြီးတာတောင် နောက်တစ်ကြိမ် ထပ်မှားတာကလည်း ဆင်တူ အမှားမျိုး ဆိုရင်တော့ စွန့်လွှတ်လိုက်တာ အကောင်းဆုံးပါပဲ။

သူရော ကိုယ်ပါ ထပ်ခါထပ်ခါ နာကျင်နေရပြီး သူလည်းဘယ်တော့မှ ပြင်ဆင်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင်တော့ မတွေဝေနေပါနဲ့တော့။

၎။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတာ

တချို့တွေက ရည်းစားထားပြီဆိုရင် အကုန်လုံး ပိုင်တယ်လို့ ထင်သွားကြပါတယ်။ အချိန်၊ အလုပ် အစအဆုံးပါပဲ။

သူတို့နဲ့ တစ်ထေရာတည်း တူအောင် ကိုယ့်ကို ကန့်သတ်ထိန်းချုပ်တာတွေ ရှိတတ်ကြပါတယ်။

ကိုယ့်ကိုယ်ကို ပျောက်ဆုံးလာတယ် ကိုယ့်ကိုယ်ကို မပိုင်ဘူးလို့ ထင်ရလောက်အောင် ခံစားနေရရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

မတွေဝေပါနဲ့နော်။ ချစ်သူရည်းစားဆိုပေမယ့် ကိုယ်ပိုင်အချိန် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရှိသင့်တာပေါ့နော်။

၅။ ကိုယ့်ကို မချစ်ဘူးလို့ ခံစားလာရတာ

ချစ်သူစုံတွဲလေးတွေမှာ ကိုယ့်ကို ချစ်တယ် မချစ်တော့ဘူးဆိုတာ အလိုလို ခံစားမိပါတယ်။

ကိုယ့်ကို မချစ်တော့ဘူးလို့ ခံစားမိလာရတယ်၊ အပြုအမူ အပြောအဆိုတွေ အရင်လို မဟုတ်ဘဲ လက်မခံနိုင်လောက်အောင်အထိ လျော့လာတယ်ဆိုရင်တော့ လမ်းခွဲဖို့ ခပ်မြန်မြန် ဆုံးဖြတ်ပါ။ မချစ်တော့ဘူးဆိုရင် ဘာနဲ့မှ ညှိုလို့ မရနိုင်ပါဘူးနော်။

Crd;

လူတိုင်းအချစ်နဲ့တော့ မကင်းဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့်ကို မချစ်တဲ့ သူအတွက်နဲ့တော့ လမ်းခွဲရရင် ကောင်းမလားဆိုတဲ့ တွေဝေနေတဲ့ အတွေးမျိုးနဲ့တော့ ဖြစ်မနေပါနဲ့နော်။

အခုပြောပြမယ့် အကြောင်းအရာလေးတွေနဲ့ ကိုက်ညီနေရင်တော့ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်အတွက်နဲ့တော့ အပင်ပမ်းခံပြီး ဆွဲမထားပါနဲ့တော့နော်။

၁။ သူမရှိဘဲ အဆင်ပြေပြီလား

လမ်းခွဲခါစမှာတော့ သူမရှိဘဲ အဆင်မပြေလောက်ပါဘူး။ ဘာလို့လဲဆိုတော့ အမှတ်တရတွေ တွေးပြီး သတိရနေမှာ သေချာတာကိုး။

သူမရှိဘဲ အဆင်မပြေဘူးလို့ အမြဲခံစားနေရမှာ သေချာသလောက်ပါပဲ။

ဒါပေမယ့် သူနဲ့ ပတ်သက်တာပြီး တွေးတာတွေ၊ အဆက်အသွယ် လုပ်တာတွေကို နည်းနည်းချင်းစီ လျှော့ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် တကယ်လမ်းခွဲတဲ့အခါ ပိုအဆင်ပြေမှာပါ။

သူမရှိဘဲ နေနိုင်လားဆိုတာ ကိုယ့်ခံစားချက်ကို ကိုယ်သာ အသိဆုံးပါ။

၂။ သည်းမခံနိုင်တဲ့အချက်တွေ

လမ်းခွဲဖို့ စပြီးစဉ်းစားမိပြီဆိုကတည်းက ကိုယ့်ချစ်သူမှာ သည်းမခံနိုင်တဲ့ အချက်တွေ၊ စိတ်ညစ်ရပြီး ကိုယ်မကြိုက်တဲ့ အချက်တွေ ရှိနေမှာ သေချာသလောက်ပါပဲ။

အဲဒီအချက်တွေကို အိမ်ထောင်ကျပြီးတဲ့အထိ သည်းခံနိုင်လားဆိုတာ အထပ်ထပ် အခါခါ စဉ်းစားပါ။

လုံးဝ သည်းမခံနိုင်လောက်ဘူးသေချာရင် ပြင်ပေးဖို့ နည်းနည်းကြိုးစားကြည့်ပြီး မရတာနဲ့ လမ်းခွဲတာ အကောင်းဆုံးပါ။

၃။ အမွားတစ္ခုကို ခဏခဏ လုပ္တာ