အခ်စ္ေရး

တစ်ယောက်ကို တစ်ယောက်မှ ယုံကြည်မှု မရှိရင် တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးဝေးသွားကြဦးမှာပဲ

အချစ်နဲ့ အမုန်းကြားမှာ အလွှာပါးပါးလေးပဲ ခြားပါတယ် ချစ်နေရင်းလဲ မုန်းသွားကြသလို မုန်းနေရင်းလဲ ချစ်နိုင်သွားကြတာပါပဲ

ချစ်နေတုန်းကတော့ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်ကြပေမယ့် မုန်းသွားတဲ့အခါ ဘယ်တော့မှ ပြန်မဆုံတော့တဲ့ သာမန်သူစိမ်းတွေထက် ပိုပြီး စိမ်းသွားတတ်ကြတယ် ဒါကြောင့် အချစ်ဆိုတာ ချစ်နေရုံတစ်ခုတည်းနဲ့ မရသေးဘူး တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုရှိဖို့ နားလည်မှုရှိဖို့ လိုအပ်တယ်

သံသယတွေ ရှိလာတဲ့အခါ ရင်ဘတ်ထဲမှာပဲ သိမ်းမထားနဲ့ တစ်ခါတည်းဖြေရှင်းပါ ရင်ဘတ်ထဲ သိမ်းထားတာ ကြာလာတဲ့အခါ ချေဖျက်လို့မရတဲ့ အစိုင်အခဲအဖြစ် နောက်ဆုံး အသွင်ပြောင်းသွားတတ်တယ်လေ ဘယ်လို စကားမျိုးကိုမှ ဘယ်လောက်ကောင်းတဲ့ လုပ်ရပ်မျိုးကိုမှ အယုံအကြည်မရှိဖြစ်လာတတ်တယ်

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

အချစ်ကနေ အမုန်းကို ပြောင်းလဲဖို့ကျတော့ သံသယဆိုတာလေးတစ်ခုပဲ လိုတယ် ဘယ်လောက်ပဲ နှစ်နှစ်ကာကာချစ်ချစ် ဘယ်လောက်ပဲ နှစ်တွေကြာကြာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေထားလာတဲ့အခါ နောက်ဆုံး တစ်ဦးနဲ့တစ်ဦး မုန်းသွားတတ်ကြတယ်

ချစ်နေတုန်းကတော့ အရင်းနှီးဆုံးသူစိမ်းတွေဖြစ်ကြပေမယ့် မုန်းသွားတဲ့အခါ ဘယ်တော့မှ ပြန်မဆုံတော့တဲ့ သာမန်သူစိမ်းတွေထက် ပိုပြီး စိမ်းသွားတတ်ကြတယ် ဒါကြောင့် အချစ်ဆိုတာ ချစ်နေရုံတစ်ခုတည်းနဲ့ မရသေးဘူး တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုရှိဖို့ နားလည်မှုရှိဖို့ လိုအပ်တယ်

သံသယတွေ ရှိလာတဲ့အခါ ရင်ဘတ်ထဲမှာပဲ သိမ်းမထားနဲ့ တစ်ခါတည်းဖြေရှင်းပါ ရင်ဘတ်ထဲ သိမ်းထားတာ ကြာလာတဲ့အခါ ချေဖျက်လို့မရတဲ့ အစိုင်အခဲအဖြစ် နောက်ဆုံး အသွင်ပြောင်းသွားတတ်တယ်လေ ဘယ်လို စကားမျိုးကိုမှ ဘယ်လောက်ကောင်းတဲ့ လုပ်ရပ်မျိုးကိုမှ အယုံအကြည်မရှိဖြစ်လာတတ်တယ်

မလိုအပ်ပဲ လမ်းခွဲရတာမျိုးတွေ မလိုချင်ရင် မလိုအပ်ပဲ သံသယတွေ မထားနဲ့ တစ်ဖန် တစ်ဦးပေါ် တစ်ဦးလဲ ရိုးသားပါ တစ်ယောက်ကို တစ်ယောက်မှ ယုံကြည်မှု မရှိရင် တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးဝေးသွားကြဦးမှာပဲ ။