ေဗဒင္

ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ

က်က္သေရမဂၤလာတိုး၍ ဝင္ေငြတိုးေစေသာ ယၾတာ

လင္ဗန္း တစ္ခ်ပ္ (အဝိုင္း ျဖစ္ရမည္။ မည္သည့္ လင္ဗန္း မဆို ရပါ သည္။ စတီ လင္ဗန္း ေၾကးလင္ဗန္းကို ပိုသုံးေစ ခ်င္ပါ သည္။)

သရက္အရြက္ ၉ ရြက္ (အေပါက္ အျပဲ အနာ အဆာ မပါေစရ ။ အနာအဆာ ကင္းတာ ကို သုံးပါ။ သရက္ရြက္သည္ က်က္သေရ တိုးေစ သည္။ မဂ္လာ ရွိေစ သည္။)

ဆီမီးခြက္ (ေျမခြက္ ေၾကးခြက္ စတီးခြက္ ႀကိဳက္ရာ သုံးပါ။ ကၽြန္ေတာ္ ကေတာ့ ေၾကးခြက္ကို သုံးပါသည္။ အိႏၵိယ ပစၥည္းေရာင္း ေသာဆိုင္မွ ဝယ္ပါ သည္။ ပုံမွာ ျပထား ပါသည္။)

ေထာပတ္ဆီ (ေထာပတ္ဆီသည္ အတိုက္အခိုက္ ကင္းေစ သည္။ ရန္ကို ရွင္းေစ သည္။ စီးပြားဥစၥာကို အထူးေပး တတ္သည္။)

မီးဇာခ်ည္ (မီးဇာခ်ည္ မရပါက ဂြမ္းကို လက္ႏွစ္ဖက္ျဖင့္ ထည့္၍ လိပ္ၿပီး သုံးပါ။ စကၠဴကို လက္တြင္ ထည့္၍ လိပ္သလို လုပ္ခိုင္း ျခင္းပါ။)

အားလုံးစုံျပီဆိုလၽွင္လင္ဗန္းေပၚ သရက္ရြက္တင္ပါ။ အဖ်ားမ်ားကို ဘုရားရွင္ ဘက္သို ႔ထားပါ၊ ၿပီးလၽွင္ ဆီမီး ခြက္တင္ပါ၊ ဆီထည့္ပါ ၊ မီးဇာထည့္ပါ၊ မီးထြန္းပါ၊ ဘုရားကို ရိုေသစြာျဖင့္ ကပ္လွဴ ပူေဇာ္ပါ

၂၄ နာရီ မျပတ္ ပူေဇာ္လၽွင္ ပိုျပီးေကာင္းသည္ ။မၾကာခဏ ပူေဇာ္လၽွင္လည္း ေကာင္းပါသည္ ။အက်ိဳးကား ေငြဝင္သည္ အပူတျပင္း ေငြဝင္ျခင္း မဟုတ္ပါ

စိတ္ခ်မ္း ခ်မ္းသာသာျဖင့္ ေငြဝင္သည္ ။က်က္သေရ မဂၤလာ တိုးေစသည္။ စီးပြားဥစၥာ ျဖစ္ထြန္းသည္ ။ဆရာမင္းႏိုင္ရဲ့ ေလာကီပညာ သိစရာ စာအုပ္ထဲတြင္အက်ယ္တဝင့္ ေရးသားေဖာ္ျပ ထားသည္ ။သရက္ရြက္ မ်ားကို ေျခာက္လၽွင္ လဲလွယ္ေပး ရပါသည္ ။သရက္မ်ားကို ဝယ္၍ သုံးပါ။ မရပါက ခြင့္ေတာင္း၍ သုံးပါ

ပိုင္ရွင္ရွိ ပါက ပိုင္ရွင္ထံ ခြင့္ေတာင္း၍ ခူးယူသုံးပါ ။ပိုင္ရွင္မရွိပါက အပင္ေစာင့္နတ္ ထံ ရိုရိုေသေသ ခြင့္ေတာင္းၿပီး ခူးယူ၍သုံးပါခင္ဗ်ာ ။

ယုံၾကည္သူမ်ား ျပဳလုပ္ ႏိုင္ရန္ တင္ျပေပး ပါသည္ ခင္ဗ်ာ

ဆရာ ေဇယ်ာထက္

Unicode

ကျက်သရေမင်္ဂလာတိုး၍ ဝင်ငွေတိုးစေသော ယတြာ

လင်ဗန်း တစ်ချပ် (အဝိုင်း ဖြစ်ရမည်။ မည်သည့် လင်ဗန်း မဆို ရပါ သည်။ စတီ လင်ဗန်း ကြေးလင်ဗန်းကို ပိုသုံးစေ ချင်ပါ သည်။)

သရက်အရွက် ၉ ရွက် (အပေါက် အပြဲ အနာ အဆာ မပါစေရ ။ အနာအဆာ ကင်းတာ ကို သုံးပါ။ သရက်ရွက်သည် ကျက်သရေ တိုးစေ သည်။ မဂ်လာ ရှိစေ သည်။)

ဆီမီးခွက် (မြေခွက် ကြေးခွက် စတီးခွက် ကြိုက်ရာ သုံးပါ။ ကျွန်တော် ကတော့ ကြေးခွက်ကို သုံးပါသည်။ အိန္ဒိယ ပစ္စည်းရောင်း သောဆိုင်မှ ဝယ်ပါ သည်။ ပုံမှာ ပြထား ပါသည်။)

ထောပတ်ဆီ (ထောပတ်ဆီသည် အတိုက်အခိုက် ကင်းစေ သည်။ ရန်ကို ရှင်းစေ သည်။ စီးပွားဥစ္စာကို အထူးပေး တတ်သည်။)

မီးဇာချည် (မီးဇာချည် မရပါက ဂွမ်းကို လက်နှစ်ဖက်ဖြင့် ထည့်၍ လိပ်ပြီး သုံးပါ။ စက္ကူကို လက်တွင် ထည့်၍ လိပ်သလို လုပ်ခိုင်း ခြင်းပါ။)

အားလုံးစုံပြီဆိုလျှင်လင်ဗန်းပေါ် သရက်ရွက်တင်ပါ။ အဖျားများကို ဘုရားရှင် ဘက်သို ့ထားပါ၊ ပြီးလျှင် ဆီမီး ခွက်တင်ပါ၊ ဆီထည့်ပါ ၊ မီးဇာထည့်ပါ၊ မီးထွန်းပါ၊ ဘုရားကို ရိုသေစွာဖြင့် ကပ်လှူ ပူဇော်ပါ ။

၂၄ နာရီ မပြတ် ပူဇော်လျှင် ပိုပြီးကောင်းသည် ။မကြာခဏ ပူဇော်လျှင်လည်း ကောင်းပါသည် ။အကျိုးကား ငွေဝင်သည် အပူတပြင်း ငွေဝင်ခြင်း မဟုတ်ပါ

စိတ်ချမ်း ချမ်းသာသာဖြင့် ငွေဝင်သည် ။ကျက်သရေ မင်္ဂလာ တိုးစေသည်။ စီးပွားဥစ္စာ ဖြစ်ထွန်းသည် ။ဆရာမင်းနိုင်ရဲ့ လောကီပညာ သိစရာ စာအုပ်ထဲတွင်အကျယ်တဝင့် ရေးသားဖော်ပြ ထားသည် ။သရက်ရွက် များကို ခြောက်လျှင် လဲလှယ်ပေး ရပါသည် ။သရက်များကို ဝယ်၍ သုံးပါ။ မရပါက ခွင့်တောင်း၍ သုံးပါ

ပိုင်ရှင်ရှိ ပါက ပိုင်ရှင်ထံ ခွင့်တောင်း၍ ခူးယူသုံးပါ ။ပိုင်ရှင်မရှိပါက အပင်စောင့်နတ် ထံ ရိုရိုသေသေ ခွင့်တောင်းပြီး ခူးယူ၍သုံးပါခင်ဗျာ

ယုံကြည်သူများ ပြုလုပ် နိုင်ရန် တင်ပြပေး ပါသည် ခင်ဗျာ

ဆရာ ဇေယျာထက်