ကုစားမရတဲ့ အကုသိုလ်မို့ မကျူးလွန်မိပါစေနဲ့
မောင်အောင် ဘုရား… မင်း သက်ရှိဘုရားဆိုတာ သိရဲ့လားကွယ့်-? တပည့်တော် မသိပါဘူးဘုရား။ အိမ်း… လောကမှာ သက်ရှိဘုရားဆိုတာ ရှိတယ်ကွယ့်။ မင်းနားလည်အောင် ဘုန်းဘုန်းပြောပြမယ်နော်။ တင်ပါ့ဘုရား။
လူသားတိုင်းအတွက် သက်ရှိဘုရား တစ်ဆူရှိတယ် မောင်အောင်ရေ… တင်ပါဘုရား။ သက်ရှိဘုရားဆိုတာ…
သားသမီးတိုင်းကို ဝမ်းနဲ့လွယ်မွေး နို့ချိုတိုက်ကျွေးခဲ့သည့်အမေနှင့်ဘဝတစ်လျှောက်လုံး ပင်ပန်းနွမ်းနယ်သည်ဟု မညည်းမငြူဆူပဲ လုပ်ကျွေးပြုစုခဲ့သည့် အဖေသည် သက်ရှိဘုရား တစ်ဆူပဲကွယ့်။
တင်ပါဘုရား။ မိဘနှစ်ပါးက သားသမီးတို့အတွက် အမြဲတမ်း အဓိကထား ယုယခဲ့သလို၊သားသမီးတိုင်းကလည်းမိဘနှစ်ပါးကို သက်ရှိဘုရားတစ်ဆူလို ရိုသေ ကိုင်းရှိုင်းရမယ် ဆိုတာ မှတ်သားထားကွယ့်။ တင်ပါ့ မှတ်သားထားပါ့မယ် ဘုရား။
မိဘနှစ်ပါးက… သားသမီးတို့အတွက် ငယ်စဉ်တောင်ကျေး ကလေးဘဝမှ စ၍ နေရေး ထိုင်ရေး၊ ဝတ်ရေး စားရေးမှ ဘဝအဆုံး မျက်စိဖွင့်၊ နားစွင့်၍ ပြုစုစောင့်ရှောက် ဖေးမကာ အရေးစိုက်ခဲ့သည့် မိဘနှစ်ပါးမှလွဲ၍ အခြားဘယ်သူ ရှိနိုင်တုန်းကွယ့်။ မှန်ပါတယ် အခြားဘယ်သူမှ မရှိပါဘုရား။
အေး အဲဒါကြောင့်… မိဘနှစ်ပါးကို သက်ရှိဘုရားလို့ပြောတာကွယ့်။ တင်ပါ့ဘုရား။ မိဘများသည်… သားသမီးတွေမှားယွင်းတဲ့ လုပ်ရပ်တစ်ခုကျူးလွန်ခဲ့လျှင် စိတ်ဆိုး၍ ဆူပူကြိမ်းမောင်းခြင်း ရှိခဲ့သော်လည်း ထိုစိတ်ဆိုးခြင်းသည် မိဘတွေရဲ့ ရင်ထဲမှာ တည်မြဲနေတာ မဟုတ်ဘူးကွယ့်။ တင်ပါ့ဘုရား။
မောင်အောင်ရေ… အဲဒီလို မိဘတွေဟာ သားသမီးတွေအပေါ်အော်ဟစ် ဆူပူကြိမ်းမောင်းနေလို့အချစ်တွေ ပျက်ပြယ်သွားတယ်လို့ မထင်လိုက်နဲ့၊စိတ်ဆိုးပြီး ဒေါသတွေဖြစ်နေသော်လည်း သားသမီးကို ချစ်တဲ့အချစ်ကတစ်ပဲသားမှ လျော့နည်းမသွားဘူးဆိုတာ မှတ်သားထား ကွယ့်။
တင်ပါ့ဘုရား။ အဲဒီလို မေတ္တာတရားကြီးမားတဲ့ မိဘနှစ်ပါးကိုဘုရားနဲ့ တစ်ကိုင်းတည်းထားပြီးရိုသေလေးစား ကိုးကွယ်ထိုက်သောကြောင့်သက်ရှိဘုရားတစ်ဆူလို့ မှတ်သားထားကွယ့်။
တင်ပါ့ မှတ်သားထားမယ် ဘုရား။ မောင်အောင်ရေ… စကားစပ်မိလို့ မိဘမေတ္တာကဗျာလေး ဘုန်းကြီး ပြောပြဦးမယ် ကွယ့်… တင်ပါ့ မိန့်ကြားပါဦးဘုရား။
မိဘမေတ္တာ( ပြော၍မရ ၊ ဒေါသဖြစ်ခိုက် လက်ဖြင့်ရိုက်မိ ၊ ရိုက်ပြီးခဏ မကြာလှပါ ၊ ငါ့သားလေးများ နာသွားသလားဟု ၊ မျက်ရည်ကျရင်း * ညင်သာချော့သိပ် ၊ သားမောင်အိပ်မှ * တိတ်တိတ်ခလေး ၊ နမ်း၍ ပြုံးသည် * မဆုံးအနန္တ မိဘမေတ္တာတည်း…တဲ့။)
တင်ပါ့ ကျေးဇူးကြီးမားပါတယ် ဘုရား။ အနန္တဂိုဏ်းဝင် မိဘတို့၏ မေတ္တာတရားသည်အလွန်ကြီးမား မြင့်မြတ်သောကြောင့်လောကတွင် ဂေါတမဘုရားရှင်နှင့် တစ်ဂိုဏ်းတည်းထားလို့ သက်ရှိဘုရားလို့ တင်စားခြင်းဖြစ်တယ်ကွယ့်။ တင်ပါ့ ဘုရား။
သို့အတွက်ကြောင့် မိဘကိုများကိုစိတ်ဆင်းရဲအောင်၊မျက်ရည်ကျအောင် ပြစ်မှားစော်ကားမိလျှင် ဘုရားရှင်ကိုပြစ်မှားသလိုရှိသည့် အတွက်ကြောင့်အမျိုးမျိုးသော ဒါဏ်တို့ကို ခံစားရမယ်ဆိုတာသိပါရဲ့လား-? တင်ပါ့ ဘယ်လို ဒါဏ်မျိုးလဲ အရှင်ဘုရား-? ဒီလိုကွယ့် မောင်အောင်ရဲ့။
(သွေးအန်ဖြစ်လွယ်၊ ရောင်းဝယ်ရှုံးခြင်း။ * ချို့ယွင်းအင်္ဂါ၊ နူနာကုဋ္ဌ ။ ရူးကြဖောက်ပြန်၊ မင်းဒဏ်သင့်ခဏ်း ။ * ကြမ်းတမ်းစွတ်စွဲ၊ သေကွဲသားချင်း ။ * ပျက်စီးစည်းစိမ်၊ နေအိမ်မီးလောင် ။ * ဒုက္ခကောင်သည် လူ့ဘောင်ဒိဋ္ဌ တေ့ွကြုံရ၍ * လောကငရဲ ကမ္ဘာစွဲ၏။)
အဲဒီလို အကျဉ်းသဘော မှတ်သားထားကွယ့်။ တင်ပါ့ဘုရား။ တပည့်တော် အသိတရားနဲ့ သတိထားကာ ဂုဏ်ကျေးဇူးကြီးမားတဲ့ မိဘအပေါ် မပြစ်မှား မစော်ကားမိအောင် ဆင်ခြင်သတိပြု နေထိုင်ပါမည် အရှင်ဘုရား… သာဓု သာဓု သာဓု။
Credit-ဓမ္မနှစ်သက်သူ ဦးပုလဲ
Zawgyi
ကုစားမရတဲ့ အကုသိုလ္မို႔ မက်ဴးလြန္မိပါေစနဲ႔
ေမာင္ေအာင္ ဘုရား… မင္း သက္ရွိဘုရားဆိုတာ သိရဲ႕လားကြယ့္-? တပည့္ေတာ္ မသိပါဘူးဘုရား။ အိမ္း… ေလာကမွာ သက္ရွိဘုရားဆိုတာ ရွိတယ္ကြယ့္။ မင္းနားလည္ေအာင္ ဘုန္းဘုန္းေျပာျပမယ္ေနာ္။ တင္ပါ့ဘုရား။
လူသားတိုင္းအတြက္ သက္ရွိဘုရား တစ္ဆူရွိတယ္ ေမာင္ေအာင္ေရ… တင္ပါဘုရား။ သက္ရွိဘုရားဆိုတာ…
သားသမီးတိုင္းကို ဝမ္းနဲ႔လြယ္ေမြး ႏို႔ခ်ိဳတိုက္ေကြၽးခဲ့သည့္အေမႏွင့္ဘဝတစ္ေလွ်ာက္လုံး ပင္ပန္းႏြမ္းနယ္သည္ဟု မညည္းမျငဴဆူပဲ လုပ္ေကြၽးျပဳစုခဲ့သည့္ အေဖသည္ သက္ရွိဘုရား တစ္ဆူပဲကြယ့္။
တင္ပါဘုရား။ မိဘႏွစ္ပါးက သားသမီးတို႔အတြက္ အၿမဲတမ္း အဓိကထား ယုယခဲ့သလို၊သားသမီးတိုင္းကလည္းမိဘႏွစ္ပါးကို သက္ရွိဘုရားတစ္ဆူလို ႐ိုေသ ကိုင္းရႈိင္းရမယ္ ဆိုတာ မွတ္သားထားကြယ့္။ တင္ပါ့ မွတ္သားထားပါ့မယ္ ဘုရား။
မိဘႏွစ္ပါးက… သားသမီးတို႔အတြက္ ငယ္စဥ္ေတာင္ေက်း ကေလးဘဝမွ စ၍ ေနေရး ထိုင္ေရး၊ ဝတ္ေရး စားေရးမွ ဘဝအဆုံး မ်က္စိဖြင့္၊ နားစြင့္၍ ျပဳစုေစာင့္ေရွာက္ ေဖးမကာ အေရးစိုက္ခဲ့သည့္ မိဘႏွစ္ပါးမွလြဲ၍ အျခားဘယ္သူ ရွိႏိုင္တုန္းကြယ့္။ မွန္ပါတယ္ အျခားဘယ္သူမွ မရွိပါဘုရား။
ေအး အဲဒါေၾကာင့္… မိဘႏွစ္ပါးကို သက္ရွိဘုရားလို႔ေျပာတာကြယ့္။ တင္ပါ့ဘုရား။ မိဘမ်ားသည္… သားသမီးေတြမွားယြင္းတဲ့ လုပ္ရပ္တစ္ခုက်ဴးလြန္ခဲ့လွ်င္ စိတ္ဆိုး၍ ဆူပူႀကိမ္းေမာင္းျခင္း ရွိခဲ့ေသာ္လည္း ထိုစိတ္ဆိုးျခင္းသည္ မိဘေတြရဲ႕ ရင္ထဲမွာ တည္ၿမဲေနတာ မဟုတ္ဘူးကြယ့္။ တင္ပါ့ဘုရား။
ေမာင္ေအာင္ေရ… အဲဒီလို မိဘေတြဟာ သားသမီးေတြအေပၚေအာ္ဟစ္ ဆူပူႀကိမ္းေမာင္းေနလို႔အခ်စ္ေတြ ပ်က္ျပယ္သြားတယ္လို႔ မထင္လိုက္နဲ႔၊စိတ္ဆိုးၿပီး ေဒါသေတြျဖစ္ေနေသာ္လည္း သားသမီးကို ခ်စ္တဲ့အခ်စ္ကတစ္ပဲသားမွ ေလ်ာ့နည္းမသြားဘူးဆိုတာ မွတ္သားထား ကြယ့္။
တင္ပါ့ဘုရား။ အဲဒီလို ေမတၱာတရားႀကီးမားတဲ့ မိဘႏွစ္ပါးကိုဘုရားနဲ႔ တစ္ကိုင္းတည္းထားၿပီး႐ိုေသေလးစား ကိုးကြယ္ထိုက္ေသာေၾကာင့္သက္ရွိဘုရားတစ္ဆူလို႔ မွတ္သားထားကြယ့္။
တင္ပါ့ မွတ္သားထားမယ္ ဘုရား။ ေမာင္ေအာင္ေရ… စကားစပ္မိလို႔ မိဘေမတၱာကဗ်ာေလး ဘုန္းႀကီး ေျပာျပဦးမယ္ ကြယ့္… တင္ပါ့ မိန႔္ၾကားပါဦးဘုရား။
မိဘေမတၱာ( ေျပာ၍မရ ၊ ေဒါသျဖစ္ခိုက္ လက္ျဖင့္႐ိုက္မိ ၊ ႐ိုက္ၿပီးခဏ မၾကာလွပါ ၊ ငါ့သားေလးမ်ား နာသြားသလားဟု ၊ မ်က္ရည္က်ရင္း * ညင္သာေခ်ာ့သိပ္ ၊ သားေမာင္အိပ္မွ * တိတ္တိတ္ခေလး ၊ နမ္း၍ ၿပဳံးသည္ * မဆုံးအနႏၲ မိဘေမတၱာတည္း…တဲ့။)
တင္ပါ့ ေက်းဇူးႀကီးမားပါတယ္ ဘုရား။ အနႏၲဂိုဏ္းဝင္ မိဘတို႔၏ ေမတၱာတရားသည္အလြန္ႀကီးမား ျမင့္ျမတ္ေသာေၾကာင့္ေလာကတြင္ ေဂါတမဘုရားရွင္ႏွင့္ တစ္ဂိုဏ္းတည္းထားလို႔ သက္ရွိဘုရားလို႔ တင္စားျခင္းျဖစ္တယ္ကြယ့္။ တင္ပါ့ ဘုရား။
သို႔အတြက္ေၾကာင့္ မိဘကိုမ်ားကိုစိတ္ဆင္းရဲေအာင္၊မ်က္ရည္က်ေအာင္ ျပစ္မွားေစာ္ကားမိလွ်င္ ဘုရားရွင္ကိုျပစ္မွားသလိုရွိသည့္ အတြက္ေၾကာင့္အမ်ိဳးမ်ိဳးေသာ ဒါဏ္တို႔ကို ခံစားရမယ္ဆိုတာသိပါရဲ႕လား-? တင္ပါ့ ဘယ္လို ဒါဏ္မ်ိဳးလဲ အရွင္ဘုရား-? ဒီလိုကြယ့္ ေမာင္ေအာင္ရဲ႕။
(ေသြးအန္ျဖစ္လြယ္၊ ေရာင္းဝယ္ရႈံးျခင္း။ * ခ်ိဳ႕ယြင္းအဂၤါ၊ ႏူနာကု႒ ။ ႐ူးၾကေဖာက္ျပန္၊ မင္းဒဏ္သင့္ခဏ္း ။ * ၾကမ္းတမ္းစြတ္စြဲ၊ ေသကြဲသားခ်င္း ။ * ပ်က္စီးစည္းစိမ္၊ ေနအိမ္မီးေလာင္ ။ * ဒုကၡေကာင္သည္ လူ႔ေဘာင္ဒိ႒ ေတ့ြႀကဳံရ၍ * ေလာကငရဲ ကမာၻစြဲ၏။)
အဲဒီလို အက်ဥ္းသေဘာ မွတ္သားထားကြယ့္။ တင္ပါ့ဘုရား။ တပည့္ေတာ္ အသိတရားနဲ႔ သတိထားကာ ဂုဏ္ေက်းဇူးႀကီးမားတဲ့ မိဘအေပၚ မျပစ္မွား မေစာ္ကားမိေအာင္ ဆင္ျခင္သတိျပဳ ေနထိုင္ပါမည္ အရွင္ဘုရား… သာဓု သာဓု သာဓု။
Credit-ဓမၼႏွစ္သက္သူ ဦးပုလဲ