ၾကားသိရသမွ်

လူမူကြန္ယက္ကိုအသုံးျပဳၿပီး အလွဴခံၿပီး ေငြလိမ္တဲ့အဖြဲ႕ကို ဖမ္းမိ

လူမူကြန္ယက္ကိုအသုံးျပဳၿပီး အလွဴခံ ေငြလိမ္တဲ့အဖြဲ႕ကို ပုသိမ္မွာဖမ္းမိ

ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ လူမူကြန္ယက္(facebook)ကိုအသုံးျပဳၿပီး ေငြသိန္း(၁၅၀)ေက်ာ္ လိမ္လည္ခဲ့တဲ့အမူအပါအ၀င္ ေနာက္ထပ္ေငြလိမ္မူ(၁၂)မႈ က်ဴးလြန္ခဲ့ၾကတဲ့ အမ်ိဳးသား၅ဦးနဲ႔ အမ်ိဳးသမီး၂ဦးပါတဲ့အဖြဲ႕ကို မေန႔ ေမ(၃၀)ရက္ေန႔က ပုသိမ္ၿမိဳ႕မရဲစခန္းကေန ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

လူမူကြန္ယက္မွာ ၾသသုခေအာင္၊ U HlaTwin၊ Eant Hmue kyaw စတဲ့အေကာင့္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေငြလိမ္ေနၿပီး WaveMoneyထုတ္ယူတဲ့ေနရာ(၃)ခုဟာ ပုသိမ္ၿမိဳ႕ မွာျဖစ္တယ္လို႔ သိရတဲ့အတြက္ ပုသိမ္ၿမိဳ႕မရဲစခန္းက အမူကိုစုံစမ္းစစ္ေဆးခဲ့ရတယ္လို႔ သိရပါတယ္။

ေဆးေက်ာင္းတက္ဖို႔ အခက္အခဲျဖစ္ေနတဲ့အေၾကာင္းျပခ်က္နဲ႔ ေငြက်ပ္ သိန္း(၁၅၈၆၂၄၀၀) အလိမ္ခံရလို႔ အမူဖြင့္ထားတဲ့ ေက်ာက္ပန္းတာင္းၿမိဳ႕က အလင္းျပဆရာေတာ္ ဦးေသာဘိတကိုပဲ ထပ္မံေငြလႊဲခိုင္းၿပီး လာေရာက္ထုတ္ယူတဲ့အခ်ိန္မွာ ဖမ္းဆီးမိခဲ့တယ္လို႔ ပုသိမ္ၿမိဳ႕မရဲစခန္းကေျပာပါတယ္။

” သူတို႔ေငြထုတ္တဲ့ ဆိုင္၃ဆိုင္မွာ အဖြဲ႕ေတြခြဲေစာင့္ေနၿပီး ေငြလြဲတဲ့ Passwardကို အမွားေပးလိုက္တာ အဲ့မွာပဲ စည္သူစတိုးဆိုင္မွာလာထုတ္ေနတဲ့အခ်ိန္မွာ ဖမ္းဆီးလိုက္တာ”လို႔ ပုသိမ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ျမင့္ခင္ကေျပာပါတယ္။

ဖမ္းဆီးရမိသူေတြဟာ ေရၾကည္ၿမိဳ႕နယ္မွာေနထိုင္တဲ့ ညီညီထက္ျမတ္ေအာင္ဆိုသူျဖစ္ၿပီး သူတို႔ သူငယ္ျခင္း၇ေယာက္ဟာ အမွတ္၃ရပ္ကြက္က အိမ္တစ္အိမ္မွာ ဌားရမ္းေနထိုင္ၿပီး ေငြလိမ္မူေတြက်ဴးလြန္ခဲ့တယ္လို႔ သိရပါတယ္။

အမွတ္-၃ရပ္ကြက္ကအိမ္ကို ရဲတပ္ဖြဲ႕ကေန ဝင္ေရာက္ဖမ္းဆီးရာမွာေတာ့ ျပည္စုံ (ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕)၊ ထက္၀င္း(ေ႐ႊႏွင္းဆီ၂လမ္း၊ ပုသိမ္)၊ ျပည့္ၿဖိဳးႂကြယ္ (ျပည္ေတာ္သာပုသိမ္)၊ ျမင့္ျမတ္ေအာင္(သာေပါင္း)၊ မကဗ်ာစိုး၀င္း(င႐ုတ္ေကာင္းၿမိဳ႕)၊ မဇြန္ပြင့္ျဖဴ(ကိုးဆူ႐ြာပုသိမ္ၿမိဳ႕) ေနထိုင္သူေတြကို က်ဴးလြန္ရာမွာအသုံးျပဳတဲ့ သက္ေသခံဖုန္းေတြနဲ႔အတူ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

“အမ်ားဆုံးလိမ္လည္တာေတာ့ ဆရာေတာ္ေတြဆီကမ်ားပါတယ္။ စာၾကည့္တိုက္ေဆာက္ဖို႔၊ ေဆးတကၠသိုလ္တက္ဖို႔တို႔ အေၾကာင္းျပခ်က္ေတြနဲ႔ အယုံလြယ္သူေတြကို အဓိကထား က်ဴးလြန္ၾကတာ”လို႔ ဒုရဲမႈးျမင့္ခင္ကေျပာပါတယ္။

လက္ရွိမွာေတာ့ တရားခံ(၇)ဦးကို ပုသိမ္ၿမိဳ႕မရဲစခန္းမွာ ထိန္းသိမ္းထားၿပီးေနာက္ထက္ အမူမ်ားရွိမရွိ စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar

Unicode

လူမူကွန်ယက်ကိုအသုံးပြုပြီး အလှူခံ ငွေလိမ်တဲ့အဖွဲ့ကို ပုသိမ်မှာဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လူမူကွန်ယက်(facebook)ကိုအသုံးပြုပြီး ငွေသိန်း(၁၅၀)ကျော် လိမ်လည်ခဲ့တဲ့အမူအပါအဝင် နောက်ထပ်ငွေလိမ်မူ(၁၂)မှု ကျူးလွန်ခဲ့ကြတဲ့ အမျိုးသား၅ဦးနဲ့ အမျိုးသမီး၂ဦးပါတဲ့အဖွဲ့ကို မနေ့ မေ(၃၀)ရက်နေ့က ပုသိမ်မြို့မရဲစခန်းကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လူမူကွန်ယက်မှာ သြသုခအောင်၊ U HlaTwin၊ Eant Hmue kyaw စတဲ့အကောင့်တွေက အကြောင်းအမျိုးမျိုးနဲ့ ငွေလိမ်နေပြီး WaveMoneyထုတ်ယူတဲ့နေရာ(၃)ခုဟာ ပုသိမ်မြို့ မှာဖြစ်တယ်လို့ သိရတဲ့အတွက် ပုသိမ်မြို့မရဲစခန်းက အမူကိုစုံစမ်းစစ်ဆေးခဲ့ရတယ်လို့ သိရပါတယ်။

ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့အကြောင်းပြချက်နဲ့ ငွေကျပ် သိန်း(၁၅၈၆၂၄၀၀) အလိမ်ခံရလို့ အမူဖွင့်ထားတဲ့ ကျောက်ပန်းတာင်းမြို့က အလင်းပြဆရာတော် ဦးသောဘိတကိုပဲ ထပ်မံငွေလွှဲခိုင်းပြီး လာရောက်ထုတ်ယူတဲ့အချိန်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ပုသိမ်မြို့မရဲစခန်းကပြောပါတယ်။

” သူတို့ငွေထုတ်တဲ့ ဆိုင်၃ဆိုင်မှာ အဖွဲ့တွေခွဲစောင့်နေပြီး ငွေလွဲတဲ့ Passwardကို အမှားပေးလိုက်တာ အဲ့မှာပဲ စည်သူစတိုးဆိုင်မှာလာထုတ်နေတဲ့အချိန်မှာ ဖမ်းဆီးလိုက်တာ”လို့ ပုသိမ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ခင်ကပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ရေကြည်မြို့နယ်မှာနေထိုင်တဲ့ ညီညီထက်မြတ်အောင်ဆိုသူဖြစ်ပြီး သူတို့ သူငယ်ခြင်း၇ယောက်ဟာ အမှတ်၃ရပ်ကွက်က အိမ်တစ်အိမ်မှာ ဌားရမ်းနေထိုင်ပြီး ငွေလိမ်မူတွေကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

အမှတ်-၃ရပ်ကွက်ကအိမ်ကို ရဲတပ်ဖွဲ့ကနေ ဝင်ရောက်ဖမ်းဆီးရာမှာတော့ ပြည်စုံ (မော်လမြိုင်ကျွန်းမြို့)၊ ထက်ဝင်း(ရွှေနှင်းဆီ၂လမ်း၊ ပုသိမ်)၊ ပြည့်ဖြိုးကြွယ် (ပြည်တော်သာပုသိမ်)၊ မြင့်မြတ်အောင်(သာပေါင်း)၊ မကဗျာစိုးဝင်း(ငရုတ်ကောင်းမြို့)၊ မဇွန်ပွင့်ဖြူ(ကိုးဆူရွာပုသိမ်မြို့) နေထိုင်သူတွေကို ကျူးလွန်ရာမှာအသုံးပြုတဲ့ သက်သေခံဖုန်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

“အများဆုံးလိမ်လည်တာတော့ ဆရာတော်တွေဆီကများပါတယ်။ စာကြည့်တိုက်ဆောက်ဖို့၊ ဆေးတက္ကသိုလ်တက်ဖို့တို့ အကြောင်းပြချက်တွေနဲ့ အယုံလွယ်သူတွေကို အဓိကထား ကျူးလွန်ကြတာ”လို့ ဒုရဲမှုးမြင့်ခင်ကပြောပါတယ်။

လက်ရှိမှာတော့ တရားခံ(၇)ဦးကို ပုသိမ်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီးနောက်ထက် အမူများရှိမရှိ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar