ဗဟုသုတ

ခြောက်လအတွင်း ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ …

ခြောက်လအတွင်း ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ …

ကိုယ်လက်ရှိဖြတ်သန်းနေတဲ့ဘဝက ဘာမှထူးခြားမှုမရှိဘူး၊ တိုးတက်မှုမရှိဘူးလို့ ခံစားနေရပြီး ကိုယ့်ကိုယ်ကိုပြောင်းလဲတိုးတက်ချင်စိတ်အရမ်းပြင်းပြနေတဲ့သူတွေ ရှိမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုဘယ်ကစပြီးပြောင်းလဲရမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့သူလေးတွေအတွက် ခြောက်လအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်ပြောင်းလဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…

(၁) ပန်းတိုင်သတ်မှတ်ပါ

ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်ဖြစ်ချင်တာဘာလဲ၊ ကိုယ်သွားချင်တဲ့ပန်းတိုင်ကဘာလဲဆိုတာသိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်အဖြစ်ချင်ဆုံးအရာတစ်ခုကိုစဉ်းစားပြီး အဲ့ဒါကို ပန်းတိုင်အဖြစ်သတ်မှတ်လိုက်ပါ။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့အုံး …။

(၂) ကိုယ့်ရဲ့လက်ရှိအခြေအနေကိုပြန်သုံးသပ်ပါ

ပန်းတိုင်သတ်မှတ်ပြီးမှ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်ပါ။ ကိုယ်ဖြစ်ချင်တာက အောင်မြင်တဲ့ သူတစ်ယောက်လား၊ အခုလက်ရှိထက် ပိုပြီးလှချင်တော်ချင်တာလား ။ ဒါဆို လက်ရှိအခြေအနေနဲ့ ဘယ်လောက်ကွာဟနေလဲဆိုတာ မြင်အောင်ကြည့်ပါ။ ပြီးမှ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့ ပြန်ချိန်ညှိပါ …။

(၃) ပြုပြင်ရမယ့်အချက်တွေကို notes ထုတ်ပါ

လူတိုင်းမှာ အားနည်းချက်တွေရှိသလို၊ အားသာချက်တွေလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တယ်ဆိုရင် အားသာချက်တွေကို ပိုကောင်းအောင်လုပ်ရင်လုပ်၊ ဒါမှမဟုတ် အားနည်းချက်တွေကို နည်းသွားအောင်လုပ်ပါ။ အားသာချက်ကိုပိုကောင်းအောင်မလုပ်ခင်မှာ ကိုယ့်ရဲ့အားနည်းချက်တွေနည်းသွားအောင်အရင်လုပ်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ရာအတွက် အရင်ဆုံး ပြုပြင်ရမယ့်အချက်တွေကို Notes ထုတ်ပြီး အလွယ်ဆုံးအချက်ကနေ တစ်ခုပြီး တစ်ခုပြုပြင်သွားပါ …။

(၄) လိုအပ်ချက်တွေကိုဖြည့်ဆည်းပါ

အားနည်းချက်တွေကို တစ်ခုပြီးတစ်ခုပြုပြင်သွားရင်းကမှ လိုအပ်ချက်တွေကိုဖြည့်ဆည်းရမှာပါ။ ဘာသာစကားလိုအပ်ချက်ရှိရင် ဘာသာစကားလေ့လာသင်ယူပါ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဖြစ်နေရင် ယုံကြည်မှုရှိရှိနေတတ်အောင် ကြိုးစားပါ။ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ ပညာရပ်တွေကို ထပ်လေ့လာပါ …။

(၅) Plan တစ်ခုလုပ်ပါ

အားနည်းချက်တွေကိုလည်း ပြုပြင်နေပြီ၊ လိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းနေပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့အတွက် ဘယ်လိုနည်းနဲ့သွားမလဲဆိုတာ Plan တစ်ခုလုပ်ပါ။ ဥပမာ- ကိုယ့်အလုပ်က ဈေးရောင်းတာနဲ့ပတ်သက်နေရင် Marketing နည်းလမ်းတွေကိုအသုံးချရမယ့် plan လုပ်ပါ။ ပထမတစ်လမှာ ဘာလုပ်မယ်၊ ဒုတိယလမှာ ဘာလုပ်မယ် စသဖြင့် လအလိုက် plan လုပ်ထားပါ။ ဒီအဆင့်တွေအတိုင်းလုပ်မယ်ဆိုရင် ခြောက်လအကြာမှာ အမှန်တကယ်တိုးတက်ပြောင်းလဲမှုတစ်ခု ဖြစ်လာပါလိမ့်မယ်နော် …။ ။

ကဲ ပရိတ်သတ်ကြီးလည်း လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်

RAY

Zawgyi

ေျခာက္လအတြင္း ကိုယ့္ကိုယ္ကိုတိုးတက္ေျပာင္းလဲလာေအာင္ ဘယ္လိုလုပ္မလဲ …

ကိုယ္လက္ရွိျဖတ္သန္းေနတဲ့ဘဝက ဘာမွထူးျခားမႈမရွိဘူး၊ တိုးတက္မႈမရွိဘူးလို႕ ခံစားေနရျပီး ကိုယ့္ကိုယ္ကိုေျပာင္းလဲတိုးတက္ခ်င္စိတ္အရမ္းျပင္းျပေနတဲ့သူေတြ ရွိမွာပါ။ ဒါေပမယ့္ ကိုယ့္္ရဲ႕ဘဝကိုေျပာင္းလဲဖို႕ ကိုယ့္ကိုယ္ကိုဘယ္ကစျပီးေျပာင္းလဲရမွန္းမသိျဖစ္ေနတတ္ပါတယ္။ အဲ့ဒီလိုျဖစ္ေနတဲ့သူေလးေတြအတြက္ ေျခာက္လအတြင္း ကိုယ့္ကိုယ္ကိုတိုးတက္ေျပာင္းလဲေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

(၁) ပန္းတိုင္သတ္မွတ္ပါ

ကိုယ့္ကိုယ္ကိုေျပာင္းလဲခ်င္တယ္၊ တိုးတက္ခ်င္တယ္ဆိုရင္ အရင္ဆံုး ကိုယ္ျဖစ္ခ်င္တာဘာလဲ၊ ကိုယ္သြားခ်င္တဲ့ပန္းတိုင္ကဘာလဲဆိုတာသိဖို႕လိုပါတယ္။ ဒါေၾကာင့္ ကိုယ္အျဖစ္ခ်င္ဆံုးအရာတစ္ခုကိုစဉ္းစားျပီး အဲ့ဒါကို ပန္းတိုင္အျဖစ္သတ္မွတ္လိုက္ပါ။ ျဖစ္နိုင္တာ၊ မျဖစ္နိုင္တာေတြြ မစဉ္းစားပါနဲ႕အံုး …။

(၂) ကိုယ့္ရဲ႕လက္ရွိအေျခအေနကိုျပန္သံုးသပ္ပါ

ပန္းတိုင္သတ္မွတ္ျပီးမွ ကိုယ့္ရဲ႕လက္ရွိအေျခအေနကို ျပန္သံုးသပ္ပါ။ ကိုယ္ျဖစ္ခ်င္တာက ေအာင္ျမင္တဲ့ သူတစ္ေယာက္လား၊ အခုလက္ရွိထက္ ပိုျပီးလွခ်င္ေတာ္ခ်င္တာလား ။ ဒါဆို လက္ရွိအေျခအေနနဲ႕ ဘယ္ေလာက္ကြာဟေနလဲဆိုတာ ျမင္ေအာင္ၾကည့္ပါ။ ျပီးမွ ကိုယ္ျဖစ္ခ်င္တာနဲ႕ ကိုယ့္ရဲ႕လက္ရွိအေနအထားနဲ႕ ျပန္ခ်ိန္ညွိပါ …။

(၃) ျပဳျပင္ရမယ့္အခ်က္ေတြကို notes ထုတ္ပါ

လူတိုင္းမွာ အားနည္းခ်က္ေတြရွိသလို၊ အားသာခ်က္ေတြလည္း ရွိပါတယ္။ ကိုယ့္ကိုယ္ကိုေျပာင္းလဲခ်င္တယ္ဆိုရင္ အားသာခ်က္ေတြကို ပိုေကာင္းေအာင္လုပ္ရင္လုပ္၊ ဒါမွမဟုတ္ အားနည္းခ်က္ေတြကို နည္းသြားေအာင္လုပ္ပါ။ အားသာခ်က္ကိုပိုေကာင္းေအာင္မလုပ္ခင္မွာ ကိုယ့္ရဲ႕အားနည္းခ်က္ေတြနည္းသြားေအာင္အရင္လုပ္ပါ။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုေျပာင္းလဲဖို႕ရာအတြက္ အရင္ဆံုး ျပုျပင္ရမယ့္အခ်က္ေတြကို Notes ထုတ္ျပီး အလြယ္ဆံုးအခ်က္ကေန တစ္ခုျပီး တစ္ခုျပဳျပင္သြားပါ …။

(၄) လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းပါ

အားနည္းခ်က္ေတြကို တစ္ခုျပီးတစ္ခုျပုျပင္သြားရင္းကမွ လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းရမွာပါ။ ဘာသာစကားလိုအပ္ခ်က္ရွိရင္ ဘာသာစကားေလ့လာသင္ယူပါ၊ ကို္ယ့္ကိုယ္ကိုယံုၾကည္မႈမရွိျဖစ္ေနရင္ ယံုၾကည္မႈရွိရွိေနတတ္ေအာင္ ၾကိုးစားပါ။ ကိုယ့္အလုပ္နဲ႕သက္ဆိုင္တဲ့ ပညာရပ္ေတြကို ထပ္ေလ့လာပါ …။

(၅) Plan တစ္ခုလုပ္ပါ

အားနည္းခ်က္ေတြကိုလည္း ျပဳျပင္ေနျပီ၊ လိုအပ္ခ်က္ေတြကိုလည္းျဖည့္ဆည္းေနျပီဆိုရင္ေတာ့ ကိုယ္လိုခ်င္တဲ့ပန္းတိုင္ကိုေရာက္ဖို႕အတြက္ ဘယ္လိုနည္းနဲ႕သြားမလဲဆိုတာ Plan တစ္ခုလုပ္ပါ။ ဥပမာ- ကိုယ့္အလုပ္က ေစ်းေရာင္းတာနဲ႕ပတ္သက္ေနရင္ Marketing နည္းလမ္းေတြကိုအသံုးခ်ရမယ့္ plan လုပ္ပါ။ ပထမတစ္လမွာ ဘာလုပ္မယ္၊ ဒုတိယလမွာ ဘာလုပ္မယ္ စသျဖင့္ လအလိုက္ plan လုပ္ထားပါ။ ဒီအဆင့္ေတြအတို္င္းလုပ္မယ္ဆိုရင္ ေျခာက္လအၾကာမွာ အမွန္တကယ္တိုးတက္ေျပာင္းလဲမႈတစ္ခု ျဖစ္လာပါလိမ့္မယ္ေနာ္ …။ ။

ကဲ ပရိတ္သတ္ၾကီးလည္း လုိက္လုပ္ၾကည့္ၾကဖို့ တုိက္တြန္းလုိက္ပါတယ္ေနာ္

RAY