ပျာ်ရွှင်ဆုံးလို့ထင်တဲ့ ပုံတစ်ပုံကို ရွေးချယ်ပါ။ ပြီးရင်တော့ သင့်ရွေးလိုက် တဲ့ A, B, C, D, E, F နဲ့ G အပေါ်မူတည်ပြီး သင်ရရှိတဲ့ ရလဒ်ေ
လးကို ဖတ်ရှုနိုင်ပါပြီ
A
B
ထူးချွန်ထက်မြတ်တဲ့ အမျိုးသားတိုင်းရဲ့ နောက်ကွယ်မှာ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ် ဆိုတာဟာ သင်တို့ရဲ့အချစ်ေ
C
D
E
F
G
သင်တို့နှစ်ယောက်သားဟာ ကိစ္စအတော်များများကို ဝေမျှတတ်သူတွေဖြစ်တာကြောင့် တစ်ယောက်ကို တစ်ယောက်နဲ့ ဘယ်တော့မှြ
ငီးငွေ့ကြမယ့်သူတွေ မဟုတ်ပါဘူး။ သင်တို့ဟာ ခံစားချက်တွေကို ထုတ်ဖော် ပြတတ်ကြပြီး အချစ်ရေးကိုလည်း အများမြင်အောင် ထုတ်ြ
by Cherry Mon
Ref; Good Times
credit
သင်ရွေးချယ်လိုက်တဲ့ စုံတွဲပုံလေးက ပြောပြမယ့် သင့်ရဲ့အချစ်ရေးအခြေအနေ
1 YEARS AGO BY KATIE SCARLETT
လူမှုစိတ်ပညာကျွမ်းကျင်သူတွေရဲ့အရ စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံပုံကို ကြည့်ပြီး သူတို့ရဲ့ ဆက်ဆံရေး
အခြေအနေကို ခန့်မှန်းပြောဆိုနိုင်ပါတယ်။ သင့်အနေနဲ့လည်း သင့်ရဲ့ အချစ်ရေး အခြေအနေကို သိချင်ရင် အခုဖော်ပြထားတဲ့ ပုံ ၇ ပုံ
ထဲက အပျော်ရွှင်ဆုံးလို့ထင်တဲ့ ပုံတစ်ပုံကို ရွေးချယ်ပါ။ ပြီးရင်တော့ သင့်ရွေးလိုက် တဲ့ A, B, C, D, E, F နဲ့ G အပေါ်မူတည်ပြီး သင်
ရရှိတဲ့ ရလဒ်လေးကို ဖတ်ရှုနိုင်ပါပြီ
A
သင်က ပုံ A ကို ရွေးချယ်လိုက်ရင်တော့ သင်တို့ရဲ့အချစ်ရေးမှာ မိန်းကလေးဟာ သူ့ချစ်သူ ကောင်လေးအတွက် အရမ်းဂုဏ်ယူနေသူ ဖြစ်ပြီး တစ်ကမ္ဘာလုံးကိုလည်း အဲဒီအကြောင်းသိစေချင်သူပါ။ သူမဟာ အမှီအခိုကင်းပါတယ်၊ သူမကိုယ်သူမ စောင့်ရှောက်နိုင်သူ
ဖြစ်ပြီး တခြားသူတွေရဲ့အထင်ကိုလည်း ဂရုမစိုက်တတ်သူ ဖြစ်ပါတယ်။ ကောင်လေးကတော့ RS ကို တန်ဖိုးထားသူပါ။ သင်တို့ RS ရဲ့
ဆောင်ပုဒ်လေး ကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုရှိခြင်းပါပဲ
B
ထူးချွန်ထက်မြတ်တဲ့ အမျိုးသားတိုင်းရဲ့ နောက်ကွယ်မှာ ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ် ဆိုတာဟာ သင်တို့ရဲ့အချစ်
ရေးမျိုးကို ဆိုလိုတာပါ။ အမျိုးသမီးဟာ အရေးကြီးတဲ့အရာတွေကို အာရုံစူးစိုက် တတ်ပြီး သူ့ရဲ့ချစ်သူကို ဘယ်တော့မှ ကျဆုံးခွင့်မပေးပါ
ဘူး။ သူမဟာ သူ့ကို အာရုံစူးစိုက်မှုရရှိအောင် ကူညီ အားပေးတတ်ပါတယ်
C
သင်တို့ရဲ့အချစ်ရေးမှာ အမျိုးသားက ဦးဆောင်သူဖြစ်ပါတယ်။ သူဟာ တာဝန်ယူတတ်သူဖြစ်ပြီး အနည်းငယ် စိတ်တိုတတ်ပါတယ်။
ဒါပေမဲ့ သူ့ချစ်သူကောင်မလေးက ဖြေသိမ့်ပေးမယ်ဆိုရင်တော့ စိတ်ပြေ တတ်သူပါ
D
ဒီပုံထဲက စုံတွဲလေးရဲ့ ဖက်ထားပုံအရဆိုရင် ကောင်လေးဟာ သူ့ကောင်မလေးရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေး
ချင်သူဖြစ်ပါတယ်။ သူမလိုသမျှကိုလည်း ဖြည့်ဆည်းပေးချင်သူပါ။ သင်တို့ရဲ့ RS ဟာ ရင့်ကျက်မှုရှိပြီး တစ်ဦးအပေါ်တစ်ဦး
အလေးထားမှုကို အခြေခံပြီး ယုံကြည်မှုလည်း ရှိကြပါတယ်
E
သင်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အားပေးဖေးမတတ်သလို ဘာပဲလုပ်လုပ် နှစ်ယောက်အတူတူ ပျော်ပျော်ရွှင်ရွှင်
အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အပေါင်းအဖော်တွေနဲ့လည်း ခင်မင်အဆင်ပြေသူတွေပါ
F
သင်တို့ဟာ သင်တို့ရဲ့ခံစားချက်တွေကို အများကို မထုတ်ပြတတ်ပေမဲ့ တစ်ယောက်ရဲ့သဘောဆန္ဒ၊ စိတ်ဝင်စားမှုနဲ့ အမြင်ကို တစ်
ယောက်က တန်ဖိုးထားလေးစားပါတယ်။ ဒီစုံတွဲလေးဟာ ပျော်ရွှင်မှုရှိပြီး romantic အဖြစ်ဆုံး ဖြစ်ပေမဲ့ ဆိုရှယ်မီဒီယာလို နေရာမျိုးမှာ
တော့ သူတို့ရဲ့အချစ်ကို ချပြလေ့ရှိသူတွေ မဟုတ်ကြပါဘူး
G
သင်တို့နှစ်ယောက်သားဟာ ကိစ္စအတော်များများကို ဝေမျှတတ်သူတွေဖြစ်တာကြောင့် တစ်ယောက်ကို တစ်ယောက်နဲ့ ဘယ်တော့
မှ ငြီးငွေ့ကြမယ့်သူတွေ မဟုတ်ပါဘူး။ သင်တို့ဟာ ခံစားချက်တွေကို ထုတ်ဖော် ပြတတ်ကြပြီး အချစ်ရေးကိုလည်း အများမြင်အောင်
ထုတ်ပြလေ့လည်း ရှိပါတယ်။ အဲဒါကြောင့် သူငယ်ချင်း တွေ အမြင်မှာလည်း သင်တို့ဟာ ချစ်စရာအကောင်းဆုံးစုံတွဲလေး ဖြစ်ပါတယ်
ကဲ သင်ရဲ့အဖြေက သင့်ရဲ့ လက်ရှိ RS အခြေအနေနဲ့ ကိုက်ညီပါရဲ့လား
by Cherry Mon
Ref; Good Times