လက္ေကာက္ဝတ္က လမ္းေၾကာင္းေလးက သင့္ရဲ့ ကံၾကမၼာ
သင့္ရဲ့ လက္ေကာက္ဝတ္ ေပၚမွာ ဘယ္ႏွစ္ေၾကာင္းရွိလဲ ဘာျဖစ္မလဲ
လက္ဝါးျပင္က လမ္းေၾကာင္းေတြ လိုပဲ လက္ေကာက္ဝတ္က လမ္းေၾကာင္းေလးေတြ ကေန လည္း သင့္ရဲ့ ကံၾကမၼာကို သိနိုင္ပါတယ္ ။
လကၡဏာပညာ တတ္စရာ မလိုဘဲ အလြယ္တ ကူနဲ႔ လူတိုင္းၾကည့္ၿပီး နားလည္ နိုင္တဲ့ နည္းေလးကို သုံးၿပီး ကံၾကမၼာ တစိတ္တပိုင္းကို ၾကည့္လိုက္ ရေအာင္ေနာ္ ။
ပုံမွန္ဆိုရင္ သာမန္လူ တေယာက္မွာ လက္ေကာက္ ဝတ္မွာ လမ္းေၾကာင္း ၂ ေၾကာင္း သို႔မဟုတ္ ၃ ေၾကာင္းရွိတတ္ ပါတယ္ ။
လမ္းေၾကာင္း ၁
အေပၚဆုံးလမ္းေၾကာင္းက လူတေယာက္ရဲ့ က်န္းမာေရးကို ျပပါတယ္ ။ လမ္းေၾကာင္း ထင္ရွားၿပီး တဆက္တည္း ရွိမယ္ ဆိုရင္ က်န္းမာေရး အရမ္းေကာင္းတယ္ ဆိုတာကို ျပၿပီး ၊ လမ္းေၾကာင္းက မွိန္ေဖ်ာ့ေနမယ္၊ အျပတ္ေတြ မ်ားေနမယ္ ဆိုရင္ေတာ့ ကိုယ့္ရဲ့ ေနထိုင္ စားေသာက္မႈ ပုံစံကို ေျပာင္းၿပီး က်န္းမာေရးကို အထူး ဂ႐ုစိုက္ဖို႔ လိုအပ္တယ္ ဆိုတာကို ျပပါတယ္ ။
လမ္းေၾကာင္း ၂
ဒုတိယေျမာက္ လမ္းေၾကာင္းက ေပ်ာ္ရႊင္မႈနဲ႔ ေအာင္ျမင္မႈကို ျပပါတယ္ ။ ပထမ လမ္းေၾကာင္း လိုပဲ ဒီလမ္းေၾကာင္း ကလည္း ထင္းၿပီး ေျဖာင့္တန္းေနမယ္ ဆိုရင္ ေအာင္ျမင္ ေပ်ာ္ရႊင္မႈေတြ ရမယ္ … ။ စည္းစိမ္၊ ဥစၥာေတြရမယ္ ဆိုတာကို ျပပါတယ္ ။ ဒီလမ္းေၾကာင္း ညံတယ္ ဆိုရင္ ေငြေၾကး အခက္အခဲ အျမဲၾကဳံရတတ္ တာကို ျပပါတယ္ …
လမ္းေၾကာင္း ၃
လူတိုင္းနီးပါးမွာ လမ္းေၾကာင္း ၂ ေၾကာင္း ပုံမွန္ ရွိတတ္ ေပမဲ့ ၃ ေၾကာင္း ရွိတဲ့ သူေတြ လည္း ရွိပါတယ္ ။ တတိယ လမ္းေၾကာင္း ရွိတဲ့ သူေတြက အရမ္းခိုင္မာ အားေကာင္းတဲ့ စိတ္ဓာတ္ ရွိၿပီး လူအမ်ား ကေတာင္ ေၾကာက္ရြံ့ရတဲ့ အစြမ္း ရွိပါတယ္ ။ လမ္းေၾကာင္း ထင္ရွားေလ ပိုၿပီးအင္အား ေကာင္းေလျဖစ္ပါတယ္ေနာ္ ။
လမ္းေၾကာင္း ၄
ဒီလမ္းေၾကာင္း ကေတာ့ အလြန္ကို ေတြ႕ရခဲတဲ့ လမ္းေၾကာင္း ျဖစ္ၿပီး သက္တမ္းနဲ႔ ဆိုင္ပါတယ္ ။ ဒီလမ္းေၾကာင္း ရွားရွား ပါးပါး ရွိၿပီ ဆိုရင္ အသက္ အရမ္း ရွည္ၿပီး သားသမီး ကံေကာင္း ပါတယ္ ေနာ္ ။
unicode
လက်ကောက်ဝတ်က လမ်းကြောင်းလေးက သင့်ရဲ့ ကံကြမ္မာ
သင့်ရဲ့ လက်ကောက်ဝတ် ပေါ်မှာ ဘယ်နှစ်ကြောင်းရှိလဲ ဘာဖြစ်မလဲ
လက်ဝါးပြင်က လမ်းကြောင်းတွေ လိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေ ကနေ လည်း သင့်ရဲ့ ကံကြမ္မာကို သိနိုင်ပါတယ် ။
လက္ခဏာပညာ တတ်စရာ မလိုဘဲ အလွယ်တ ကူနဲ့ လူတိုင်းကြည့်ပြီး နားလည် နိုင်တဲ့ နည်းလေးကို သုံးပြီး ကံကြမ္မာ တစိတ်တပိုင်းကို ကြည့်လိုက် ရအောင်နော် ။
ပုံမှန်ဆိုရင် သာမန်လူ တယောက်မှာ လက်ကောက် ဝတ်မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် ၃ ကြောင်းရှိတတ် ပါတယ် ။
လမ်းကြောင်း ၁
အပေါ်ဆုံးလမ်းကြောင်းက လူတယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ် ။ လမ်းကြောင်း ထင်ရှားပြီး တဆက်တည်း ရှိမယ် ဆိုရင် ကျန်းမာရေး အရမ်းကောင်းတယ် ဆိုတာကို ပြပြီး ၊ လမ်းကြောင်းက မှိန်ဖျော့နေမယ်၊ အပြတ်တွေ များနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံကို ပြောင်းပြီး ကျန်းမာရေးကို အထူး ဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ် ။
လမ်းကြောင်း ၂
ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပြပါတယ် ။ ပထမ လမ်းကြောင်း လိုပဲ ဒီလမ်းကြောင်း ကလည်း ထင်းပြီး ဖြောင့်တန်းနေမယ် ဆိုရင် အောင်မြင် ပျော်ရွှင်မှုတွေ ရမယ် … ။ စည်းစိမ်၊ ဥစ္စာတွေရမယ် ဆိုတာကို ပြပါတယ် ။ ဒီလမ်းကြောင်း ညံတယ် ဆိုရင် ငွေကြေး အခက်အခဲ အမြဲကြုံရတတ် တာကို ပြပါတယ် …
လမ်းကြောင်း ၃
လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်း ပုံမှန် ရှိတတ် ပေမဲ့ ၃ ကြောင်း ရှိတဲ့ သူတွေ လည်း ရှိပါတယ် ။ တတိယ လမ်းကြောင်း ရှိတဲ့ သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့ စိတ်ဓာတ် ရှိပြီး လူအများ ကတောင် ကြောက်ရွံ့ရတဲ့ အစွမ်း ရှိပါတယ် ။ လမ်းကြောင်း ထင်ရှားလေ ပိုပြီးအင်အား ကောင်းလေဖြစ်ပါတယ်နော် ။
လမ်းကြောင်း ၄
ဒီလမ်းကြောင်း ကတော့ အလွန်ကို တွေ့ရခဲတဲ့ လမ်းကြောင်း ဖြစ်ပြီး သက်တမ်းနဲ့ ဆိုင်ပါတယ် ။ ဒီလမ်းကြောင်း ရှားရှား ပါးပါး ရှိပြီ ဆိုရင် အသက် အရမ်း ရှည်ပြီး သားသမီး ကံကောင်း ပါတယ် နော် ။