ပစ္စည်းဥစ္စာ သူရှာသော်လည်း ဇနီးဖြစ်သူဆွမ်းလောင်းလျှင် ခင်ပွန်းကုသိုလ် ရမရ
ဇနီးဖြစ်သူဆွမ်းလောင်းလျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ထပ်တူရပါသလား?
” မရပါဘူး “အမျိုးသားတွေ အထူးသတိပြုစရာ ကောင်းတဲ့ အချက်ပါပဲလို့ စာမှာ ဆိုပါတယ်။
အချို့ကတော့ ယောင်္ကျားဖြစ်သူ ရှာထားတဲ့ ပစ္စည်းနဲ့ လှူဒါန်းတာဖြစ်တဲ့အတွက် မိန်းမလှူရင် ယောင်္ကျားလဲ ထပ်တူကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။
ပစ္စည်းကို ဘယ်သူရှာတယ် ဘယ်သူပိုင်တယ် ဆိုတာနဲ့ မဆိုင်ပါဘူးလို့ ဆိုပါတယ်။
သေလို့ သပိတ်သွတ်တဲ့အခါသေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့ သေသူ ကုသိုလ်မရပါဘူး။
သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘဝရောက်လို့သာဓုခေါ်နိုင်တဲ့ နေရာမှာရောက်နေလို့ သာဓုခေါ်ဆိုခွင့်ရမှသာ သာဓုခေါ်တဲ့
ပတ္တာနုမောဒန ကုသိုလ်သာရပြီးအကျိုးခံစားရတယ်လို့ စာမှာဆိုထားပါတယ်။
ဒါကိုကြည့်ရင် သူ့ပစ္စည်းကိုလှူလို့ သူကုသိုလ်ရတာ မဟုတ်ပါဘူး။
အလှူခံပုဂ္ဂိုလ် ၊ လှူဖွယ်ပစ္စည်း ပေးလှူတဲ့စေတနာ ၊ ပေးလှူခြင်းဆိုတဲ့ ဒါနအင်္ဂါလေးပါးရှိပါတယ်။
ဒါနပြုရာမှာ အရေးကြီးဆုံးဖြစ်တဲ့ ပေးလှူတဲ့ စေတနာမရှိတဲ့အတွက် ကုသိုလ်မရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာ ဓလေ့အရ ပတ္တဒါနလို့ခေါ်တဲ့ ဇနီးဖြစ်သူက ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတဲ့အခါ
ခင်ပွန်းဖြစ်သူကို ကုသိုလ်ရစေချင်လို့အမျှပေးဝေလို့ သာဓုခေါ်ပေးရင် ခင်ပွန်းဖြစ်သူလည်း ကုသိုလ်ရသွားပါလိမ့်မယ်။
ဗဟုသုတ မှတ်စု
ပစၥည္းဥစၥာ သူရွာေသာ္လည္း ဇနီးျဖစ္သူဆြမ္းေလာင္းလၽွင္ ခင္ပြန္းကုသိုလ္ ရမရ
ဇနီးျဖစ္သူဆြမ္းေလာင္းလၽွင္ ခင္ပြန္းျဖစ္သူ ကုသိုလ္ထပ္တူရပါသလား?
” မရပါဘူး “အမ်ိဳးသားေတြ အထူးသတိျပဳစရာ ေကာင္းတဲ့ အခ်က္ပါပဲလို႔ စာမွာ ဆိုပါတယ္။
အခ်ိဳ႕ကေတာ့ ေယာကၤ်ားျဖစ္သူ ရွာထားတဲ့ ပစၥည္းနဲ႔ လႉဒါန္းတာျဖစ္တဲ့အတြက္ မိန္းမလႉရင္ ေယာကၤ်ားလဲ ထပ္တူကုသိုလ္ရတယ္လို႔ ထင္ေနၾကပါတယ္။
ပစၥည္းကို ဘယ္သူရွာတယ္ ဘယ္သူပိုင္တယ္ ဆိုတာနဲ႔ မဆိုင္ပါဘူးလို႔ ဆိုပါတယ္။
ေသလို႔ သပိတ္သြတ္တဲ့အခါေသသူပိုင္တဲ့ ပစၥည္းနဲ႔လႉလို႔ ေသသူ ကုသိုလ္မရပါဘူး။
သာဓုေခၚနိုင္တဲ့ ၿပိတၱာဘဝေရာက္လို႔သာဓုေခၚနိုင္တဲ့ ေနရာမွာေရာက္ေနလို႔ သာဓုေခၚဆိုခြင့္ရမွသာ သာဓုေခၚတဲ့
ပတၱာႏုေမာဒန ကုသိုလ္သာရၿပီးအက်ိဳးခံစားရတယ္လို႔ စာမွာဆိုထားပါတယ္။
ဒါကိုၾကည့္ရင္ သူ႔ပစၥည္းကိုလႉလို႔ သူကုသိုလ္ရတာ မဟုတ္ပါဘူး။
အလႉခံပုဂၢိဳလ္ ၊ လႉဖြယ္ပစၥည္း ေပးလႉတဲ့ေစတနာ ၊ ေပးလႉျခင္းဆိုတဲ့ ဒါနအဂၤါေလးပါးရွိပါတယ္။
ဒါနျပဳရာမွာ အေရးႀကီးဆုံးျဖစ္တဲ့ ေပးလႉတဲ့ ေစတနာမရွိတဲ့အတြက္ ကုသိုလ္မရျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။
ဗုဒၶဘာသာ ဓေလ့အရ ပတၱဒါနလို႔ေခၚတဲ့ ဇနီးျဖစ္သူက ကုသိုလ္ေကာင္းမႈ ျပဳလုပ္ၿပီးတဲ့အခါ
ခင္ပြန္းျဖစ္သူကို ကုသိုလ္ရေစခ်င္လို႔အမၽွေပးေဝလို႔ သာဓုေခၚေပးရင္ ခင္ပြန္းျဖစ္သူလည္း ကုသိုလ္ရသြားပါလိမ့္မယ္။
ဗဟုသုတ မွတ္စု