အေထြအေထြဗဟုသုတ

ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု ဝင်ဖတ်ကြည့်လိုက်

ေယာက်ာ္းေတြကို စိတ္နာလို႔ ဒီေနရာကို အတြဲေတြလာရင္ ျပတ္ေစဆိုတဲ့ ေနရာေလးတစ္ခု …ဝင္ဖတ္ၾကည့္လိုက္

မိန္းမရဲေတာင္ ရဲ့ အလွအပကို စိတ္ဝင္စားလို႔ သြားၾက ဘုရားဖူးၾက Facebook မွာ ပုံေတြ ခဏခဏေတြ႕ ေနရေပမယ့္

အဲဒီေတာင္ရဲ့ သမိုင္းကို ေသခ်ာေရရာေအာင္ သိတဲ့သူက ခပ္ရွားရွား . က်ေနာ္စပ္စု စုံစမ္း ေမးျမန္း ထားသေလာက္က ဒီလိုဗ်ိဳ႕. .

နာမည္က နန္းဧကရီေမႊး ဘုရင့္ သမီးေတာ္ တစ္ပါးေပါ့ အခ်စ္ဆိုတာက ဆန္းက်ယ္တယ္ေလ သူခ်စ္မိတာကေက်းေတာသား .

ကုမၼာရ တဲ့ သူတို႔ ႏွစ္ဦး ခ်စ္ၾကည္ႏူးေနတာကိုဘုရင့္ ေရြနားေတာ္ေပါက္ၾကား အမ်က္ပြားေစခဲ့တာမဟုတ္လား

အမဲရိုးက ဟင္းအိုးကိုမွအားမနာ ေက်းေတာသား ကုမၼာရ လူငႏြားကို သတ္ေစတဲ့ တစ္ခ်က္လႊတ္ အမိန႔္.ဒီသတင္း

နန္းဧကရီေမႊးၾကားေတာ့ ရင္ဝကို ဆယ္ေပါင္တူနဲ႔ အထုခံရသလို ထင္ပါရဲ့ ခ်စ္သူေမာင္ကို စိတ္ပူ နန္းေတာ္က ခိုးထြက္ အခ်စ္အတြက္ ေျခလွမ္းသြက္ခဲ့တယ္ ဆိုပါေတာ့. .

ကုမၼာရေက်းေတာသား ကို လက္ဆြဲ ဘုရင္ႀကီးနဲ႔ ေဝးရာ ထြက္ေျပးရွာတယ္ေလ .အခု မိန္းမရဲေတာင္ရဲ အေရွ႕ ဘက္ ရြာအခြန္ေတြကို ေကာက္တဲ့ကင္းေတာင္ဆိုတဲ့ ေန ရာအျဖတ္ဒီေနရာက ျဖတ္သန္းဖို႔ အဖိုးခ ေငြေတြ ေတာင္းေတာ့ ေပးစရာေငြက နတၳိ ကုမၼာရေက်းေတာ့ သားေလး ေသြးပ်က္ၿပီထင္ပါရဲ့ . .

အခ်စ္ဆိုတာကို ယုံၿပီး နန္းေတာ္က ထြက္ေျပး ဘုရင့္တပ္မေတာ္နဲ႔ ေဝးရာကို ေျပးခဲ့တဲ့ ဘုရင့္သမီးေတာ္ မ်က္ႏွာကိုမွမေထာက္ ကင္းခြန္ေတာ္မေဆာင္နိုင္လို႔ရာဇဝတ္ေဘးေၾကာက္ၿပီး မင္းသမီးကို ခ်န္ထား သူ႔ရြာေလးကို ျပန္သြားခဲ့တယ္ေလ.ဘုရင့္သမီးေတာ္ နန္းဧကရိေမႊး အတြက္

အားကိုးစရာ မရွိ ဘုရင့္အမ်က္ေတာ္ထိမွာကိုသိၿပီး ျမင့္မားတဲ့ ေတာင္ကိုကုတ္တက္ ေတာင္ရဲ့ အေနာက္ဘက္ ေပ၆၀ခန႔္နက္တဲ့ ေရဝဲႀကီးထဲ စိတ္ကိုဒုန္းဒုန္းခ် အခ်စ္ကိုစိတ္နာ ခုန္ခ်ေလရွာရဲ့. .

အခ်စ္ကို ဦးစားေပး ငါကေမာင္ေတာ္ကို ေရြးခဲ့တာ ေတာင္ ငါ့အခ်စ္ကို မေထာက္ ကင္းခြန္ေၾကာက္လို႔ သစၥာေဖာက္ရက္တယ္တဲ့ .

အစိမ္းေသလို႔ မကၽြတ္တဲ့ဘဝ အခ်စ္ကိုစိတ္နာ သူေပးတဲ့က်ိန္စာက ဒီေနရာကို အတြဲလာ ကြဲေစတဲ့ဗ်ာ. . . အဲဒီေတာင္ကို အရင္က

မိန္းမဝဲ ေတာင္လို႔ ေခၚေဝၚရာကေန ကာလေရြးလၽွား မိန္းမရဲေတာင္အျဖစ္ထင္ရွားခဲ့တာေလ. ထူးဆန္းတာကရွိေသးတယ္ ေယာက္ေကာ္ ဘရေသ့ႀကီးေပါ့

သူ႔အိပ္မက္ေပးတဲ့ နန္းဧကရီေမႊးဆိုတဲ့ ရွမ္းမင္းသမီးေလက မိန္းမရဲေတာင္ ဆိုတာကို ျမန္ျပည္တစ္လႊားမွာရွာ သာသနာျပဳေပးပါတဲ့

ေယာက္ေကာ္ဘရေသ့ႀကီးလည္း အိပ္မက္အရ ေတာင္ေတာ္ကို လိုက္ရွာရင္ ေတာင္ေတာ္ရဲ့ အေရွ႕ဘက္ ရြာငံ ေအာင္ပန္းကားလမ္းမႀကီးမွာ

ကားကသူ႔အလိုလို စက္ရပ္လို႔ ကားပ်က္သြား ခဲ့တယ္ဆိုပဲ ကားဆရာက ႀကိဳးစားျပဳျပင္ေပမဲ့မရ ညေနညိဳေစာင္း

ကားလမ္း ေဘးခ်ဳံေတာထဲမွ အစိမ္းေရာင္ဝတ္ ရွမ္းမေလး တစ္ေယာက္ထြက္လာတယ္…

ဘရေသ့ ရွာေနတဲ့ မိန္းမရဲေတာင္ ဆိုတာ ေဟာအခုျမင္ေနရတဲ့ ျမင့္မားတဲ့ေ တာင္ေပၚဒဲ့ စကားေျပာၿပီး ခ်ဳံေတာထဲျပန္ဝင္ ေပ်ာက္ကြယ္ သြားေလရဲ့. .

ဆန္းက်ယ္လွပါဘိ.ဒီစာကိုေရးေနရင္းေတာင္ က်ေနာ္ ၾကက္သီးေမႊးေတြတစ္ျဖန္းျဖန္းထ ေၾကာက္စိတ္ေတြ ဝင္ေနမိတယ္ဆိုတာ.

Credit:SaiNaungေတာင္တန္းေျမမွမီးအိမ္ရွင္

Unicode Version

ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု …ဝင်ဖတ်ကြည့်လိုက်

မိန်းမရဲတောင် ရဲ့ အလှအပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့်

အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်း ထားသလောက်က ဒီလိုဗျို့. .

နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာကကျေးတောသား .ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား

အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်.ဒီသတင်း

နန်းဧကရီမွှေးကြားတော့ ရင်ဝကို ဆယ်ပေါင်တူနဲ့ အထုခံရသလို ထင်ပါရဲ့ ချစ်သူမောင်ကို စိတ်ပူ နန်းတော်က ခိုးထွက် အချစ်အတွက် ခြေလှမ်းသွက်ခဲ့တယ် ဆိုပါတော့. .

ကုမ္မာရကျေးတောသား ကို လက်ဆွဲ ဘုရင်ကြီးနဲ့ ဝေးရာ ထွက်ပြေးရှာတယ်လေ .အခု မိန်းမရဲတောင်ရဲ အရှေ့ ဘက် ရွာအခွန်တွေကို ကောက်တဲ့ကင်းတောင်ဆိုတဲ့ နေ ရာအဖြတ်ဒီနေရာက ဖြတ်သန်းဖို့ အဖိုးခ ငွေတွေ တောင်းတော့ ပေးစရာငွေက နတ္ထိ ကုမ္မာရကျေးတော့ သားလေး သွေးပျက်ပြီထင်ပါရဲ့ . .

အချစ်ဆိုတာကို ယုံပြီး နန်းတော်က ထွက်ပြေး ဘုရင့်တပ်မတော်နဲ့ ဝေးရာကို ပြေးခဲ့တဲ့ ဘုရင့်သမီးတော် မျက်နှာကိုမှမထောက် ကင်းခွန်တော်မဆောင်နိုင်လို့ရာဇဝတ်ဘေးကြောက်ပြီး မင်းသမီးကို ချန်ထား သူ့ရွာလေးကို ပြန်သွားခဲ့တယ်လေ.ဘုရင့်သမီးတော် နန်းဧကရိမွှေး အတွက်

အားကိုးစရာ မရှိ ဘုရင့်အမျက်တော်ထိမှာကိုသိပြီး မြင့်မားတဲ့ တောင်ကိုကုတ်တက် တောင်ရဲ့ အနောက်ဘက် ပေ၆ဝခန့်နက်တဲ့ ရေဝဲကြီးထဲ စိတ်ကိုဒုန်းဒုန်းချ အချစ်ကိုစိတ်နာ ခုန်ချလေရှာရဲ့. .

အချစ်ကို ဦးစားပေး ငါကမောင်တော်ကို ရွေးခဲ့တာ တောင် ငါ့အချစ်ကို မထောက် ကင်းခွန်ကြောက်လို့ သစ္စာဖောက်ရက်တယ်တဲ့ .

အစိမ်းသေလို့ မကျွတ်တဲ့ဘဝ အချစ်ကိုစိတ်နာ သူပေးတဲ့ကျိန်စာက ဒီနေရာကို အတွဲလာ ကွဲစေတဲ့ဗျာ. . . အဲဒီတောင်ကို အရင်က

မိန်းမဝဲ တောင်လို့ ခေါ်ဝေါ်ရာကနေ ကာလရွေးလျှား မိန်းမရဲတောင်အဖြစ်ထင်ရှားခဲ့တာလေ. ထူးဆန်းတာကရှိသေးတယ် ယောက်ကော် ဘရသေ့ကြီးပေါ့

သူ့အိပ်မက်ပေးတဲ့ နန်းဧကရီမွှေးဆိုတဲ့ ရှမ်းမင်းသမီးလေက မိန်းမရဲတောင် ဆိုတာကို မြန်ပြည်တစ်လွှားမှာရှာ သာသနာပြုပေးပါတဲ့

ယောက်ကော်ဘရသေ့ကြီးလည်း အိပ်မက်အရ တောင်တော်ကို လိုက်ရှာရင် တောင်တော်ရဲ့ အရှေ့ဘက် ရွာငံ အောင်ပန်းကားလမ်းမကြီးမှာ

ကားကသူ့အလိုလို စက်ရပ်လို့ ကားပျက်သွား ခဲ့တယ်ဆိုပဲ ကားဆရာက ကြိုးစားပြုပြင်ပေမဲ့မရ ညနေညိုစောင်း

ကားလမ်း ဘေးချုံတောထဲမှ အစိမ်းရောင်ဝတ် ရှမ်းမလေး တစ်ယောက်ထွက်လာတယ်…

ဘရသေ့ ရှာနေတဲ့ မိန်းမရဲတောင် ဆိုတာ ဟောအခုမြင်နေရတဲ့ မြင့်မားတဲ့ေ တာင်ပေါ်ဒဲ့ စကားပြောပြီး ချုံတောထဲပြန်ဝင် ပျောက်ကွယ် သွားလေရဲ့. .

ဆန်းကျယ်လှပါဘိ.ဒီစာကိုရေးနေရင်းတောင် ကျနော် ကြက်သီးမွှေးတွေတစ်ဖြန်းဖြန်းထ ကြောက်စိတ်တွေ ဝင်နေမိတယ်ဆိုတာ. .

Credit:SaiNaungတောင်တန်းမြေမှမီးအိမ်ရှင်