အေထြအေထြဗဟုသုတ
မသောက်ရရင် လက်တုန်နေတဲ့အရက်သမား အရက်အနံ့ကိုတောင် မခံချင်တော့ဘူးလို့ဆိုတဲ့ လွယ်ကူတဲ့အရက်ဖြတ်နည်း
ပိန္နဲသီးအစေ့
နောက်တစ်နည်း
Unicode Version
ပိန္နဲသီးအစေ့
ပိန္နဲဲသီးအစေ့ တစ်ဆယ်ကျပ်သားကို အခွံနွှာ၊ ရေဆေးပါ။ ရေကိုအကြမ်းပန်းကန်လုံး ၅လုံးထည့်၊ ၂လုံးကျန်အောင် ကြိုပါ။
သောက်တဲ့အခါ နံနက်အကြမ်းပန်းကန် ၁လုံး၊ ညအကြမ်းပန်းကန်တစ်လုံး သောက်ပေးပါ။ အရက်နာကျတာ သက်သာပျောက်ကင်းစေပါတယ်
ဒီပိန္နဲသီးအစေ့ပြုတ်ရည်ကိုပဲ နေ့စဉ် နံနက်၊ ည ပုံမှန်သောက်သွားရင် အရက်သောက်ခြင်စိတ် မရှိတော့ပါဘူးတဲ့
လေပြိုတဲ့အချိန်မှာ ပိန္နဲသီးအရည်ကို သောက်၊ ထမင်းကို အဝသာ စားထားလိုက်ပါ
အရက်ကိုအနံ့ကိုတောင် မခံချင်တော့ဘူးလို့ ဆိုပါတယ်။ လွယ်ကူတဲ့ အရက်ဖြတ်နည်းလေးကို မျှဝေပေး လိုက်ပါတယ်ဗျာ။ခရစ်ဒစ်
နောက်တစ်နည်း
အရက်ရဲ့ကျေးကျွန်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပဲ အသက်ပေးသွားကြသူတွေ များပြားလှပါပြီ။ အရက်သောက်သုံးသူဦးရေကလည်း များသထက် များလာနေပါပြီ။ မကောင်းတဲ့ လက္ခဏာပါ
အရက်စွဲနေသူများအတွက် အရက်ပြတ်စေမည့် ဆေးနည်းလေးကို ရှာဖွေပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။ အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ
(၁) “မိုးမှာ ပိတ်ချင်း၊ နွေမှာ ဂျင်း၊ ဆောင်းတွင်း ငရုတ်ကောင်း” ဆိုတဲ့ တြိကဋုတ်(၃)ပါး(ပိတ်ချင်း၊ ဂျင်း၊ ငရုတ်ကောင်း)တို့ကို အခြောက်လှမ်း၍ ဆတူကြိတ်ထားပါ
(၂) ၎င်းဆေးမှုန့်ကို မနက်တိုင်း လက်ဖက်စားဇွန်းတစ်ဇွန်း သောက်ပါ
(၃) ဆေး ၃မျိုးစလုံးဟာ အပူတွေဖြစ်တာကြောင့် ရေများများ ချိုးပေးနိုင်ရပါမယ်
ပိတ်ချင်းကို အင်္ဂလိပ်လို Long Pepper လို့ခေါ်ပါတယ်။ ပရဆေးဆိုင်များမှာ မေးဝယ်နိုင်ပါတယ်။ ဆေးကို တစ်ပတ်လောက် သောက်ပြီးတာနဲ့ အရက်သောက်နိုင်စွမ်းလည်း နည်းလာပါမယ်
သောက်ချင်စိတ်လည်း လျှော့နည်းလာပါမယ်။ သွေးတိုး၊ ဆီးချိုတို့ကိုလည်း ကျစေပြီး ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွလာစေပါတယ်
အဲဒီအချိန်မှာ ကိုယ့်စိတ်ကိုနိုင်ပြီး ထိန်းလိုက်နိုင်ရန် တကယ်ပြတ်ပါတယ်။ စိတ်ကိုတော့ နိုင်အောင် ထိန်းပေးရပါမယ်
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။ လူကြီးလူငယ်မရွေး လူ့သက်တမ်းပြည့်အောင် နေသွားနိုင်ကြပါစေ
စောနွဲ့နေဆိုင် – ပူတာအို