ဗဟုသုတ

“သင့် ပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ”

ဟိုးရှေးရှေးတုန်းကပေါ့။ အင်မတန် ခွန်အားဗလနဲ့ ပြည့်စုံတဲ့ သစ်ခုတ်သမား တစ်ယောက်ရှိတယ်တဲ့။

သူက သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်တောင်းတဲ့အခါ သစ်ကုန်သည်က သူ့ကို လိုလိုလားလားနဲ့ လက်ခံပြီး လုပ်အားခလည်း ကောင်းကောင်းပေးတယ်တဲ့။

အဲဒါနဲ့ သစ်ခုတ်သမားကလည်း အရမ်းကျေနပ်ပြီး ငါအကောင်းဆုံး လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်သတဲ့။

အလုပ်ရှင် သစ်ကုန်သည် သူဌေးက သစ်ခုတ်သမားကို ပုဆိန်တစ်ခုပေးပြီး သစ်ခုတ်ရမဲ့ နေရာကိုလည်း ပြတယ်တဲ့။

ပထမနေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ပင် ခုတ်နိုင်တယ်တဲ့။

သူဌေးက “ဂုဏ်ယူပါတယ်ကွာ။ ဒီအတိုင်း ဆက်ကြိုးစား။” လို့ ပြောတယ်တဲ့။

သူ့အလုပ်ကို ချီးကျူးတာခံရတော့ သစ်ခုတ်သမားလည်း ပျော်တာပေါ့နော်။ အဲဒါနဲ့ နောက်နေ့ကျတော့ အလုပ် ကို ပိုပြီး ကြိုးစားလုပ်တယ်။

ဒါပေမဲ့ အဲဒီ ဒုတိယနေ့မှာ သစ်ပင် ၁၅ပင်ပဲ ခုတ်နိုင်တယ်တဲ့။

တတိယနေ့မှ အရင်ထက်တောင် ပိုပြီး ကြိုးကြိုးစားစားနဲ့ ခုတ်ပြန်တယ်။ ဒါပေမဲ့လည်း ၁၀ပင်ပဲ ခုတ်နိုင်သတဲ့လေ။

အဲလိုနဲ့ တနေ့ပြီးတနေ့ သူခုတ်တဲ့ အပင်အရေအတွက်ဟာ နည်းနည်းလာတယ်။ သစ်ခုတ်သမားက တွေးမိတယ်။

“ငါ့ခွန်အားတွေ နည်းလာတာပဲ ဖြစ်ရမယ်” လို့ပေါ့။ အဲဒါနဲ့ သူဌေးဆီသွားပြီး တောင်းပန်တယ်။

သူအလုပ်ကြိုးစားပါရက်နဲ့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ သူနားမလည်နိုင်ကြောင်းလည်း ပြောပြတယ်။

သူဌေးက မေးတယ်။ “မင်းပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ” တဲ့။

“ပုဆိန်သွေးဖို့ … ဟုတ်လား .. ကျွန်တော့မှာ ပုဆိန်သွေးဖို့ အချိန်တောင် မရပါဘူးဗျာ။ သစ်ခုတ်နေရတာနဲ့ပဲ အလုပ်အရမ်းများနေတာ…..”

စာဖတ်သူပရိတ်များ ဒီပုံပြင်လေး ကို ဖတ်ပြီး အတွေး ရသ တစ်ခုခုရစေမယ်လိုကမျှော်လင့်ပါတယ်။

မူရင်း – Stephen Covey ၏ Busy (Credit)

Zawgyi ဖြင့်ဖတ်ပါ

သင့် ပုဆိန်ကို ဘယ်အချိန်က နောက်ဆုံး သွေးခဲ့တာလဲ