ဒီစာကို အသက် ၉၀ ကျော်ရှိတဲ့ Regina Brett က အသက်အရွယ် အိုမင်းလာတာကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ဘ၀က သူ့ကို သင်ပေးခဲ့တာတွေကို ရေးသားခဲ့တာဖြစ်ပါတယ်။
၁။ ဘ၀ဆိုတာ မတရားဘူး။ ဒါပေမယ့်လည်း ကောင်းနေတုန်းပဲ ဖြစ်တယ်။
၂။ သံသယရှိနေတဲ့အချိန်မှာဆိုရင် ခြေလှမ်းအသေးလေးတွေ လှမ်းဖို့ပဲ ရှိတယ်။
၃။ ဘ၀ဆိုတာ လူတစ်ယောက်ယောက်ကို မုန်းပြီး အသက်ရှင်ဖို့အတွက် သိပ်ကို တိုတောင်းလွန်းပါတယ်။
၄။ သင့်အလုပ်က သင်နေမကောင်းတဲ့အချိန်မှာ သင့်ကို ဂရုမစိုက်နိုင်ဘူး။ သင့်မိသားစုနဲ့ သင့်မိတ်ဆွေတွေကတော့ တတ်နိုင်တယ်။
၅။ ဘယ်ငြင်းခုံမှုတိုင်းမှာ သင်အနိုင်ရစရာမလိုဘူး။ သင့်ဟာသင် မှန်နေဖို့ပဲ လိုတယ်။
၆။ သင့်ရဲ့ ဘဏ်ကတ်အကြွေးတွေကို လတိုင်းရှင်းပါ။
၇။ တစ်စုံတစ်ယောက်နဲ့ အတူ ငိုပါ။ အဲဒါဟာ တစ်ဦးတည်း ကြိတ်ငိုရတာထက် ပိုပြီး သက်သာစေတယ်။
၈။ (သဘာ၀တရားကို) စိတ်ဆိုးတာ ပြဿနာမရှိဘူး။ သူက လက်ခံနိုင်တယ်။
၉။ သင်အငြိမ်းစားယူဖို့အတွက် စုဆောင်းတာကို ပထမဆုံး လစာရကတည်းက ပြုလုပ်ပါ။
၁၀။ ချော့ကလက်စားရမယ့်အချိန်မှာ အတိုက်အခံလုပ်တယ်ဆိုတာဟာ အကျိုးမရှိတဲ့ကိစ္စသာ ဖြစ်တယ်။
၁၁။ သင့်အတိတ်နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းမှုရှိပါ။ ဒါဆိုရင် သင့်ရဲ့ အခုအချိန်ကို လာပြီး ရှုပ်ထွေးစရာ မရှိတော့ဘူး။
၁၂။ သင့်ဘ၀ကို ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ သူတို့ဘယ်ကိုသွားကြမှာလဲဆိုတာ သင်လည်း သေချာ မသိဘူး။
၁၃။ အကယ်၍ ဆက်ဆံရေးတစ်ရပ်ဟာ လျှို့ဝှက်ထားရမယ်ဆိုရင် အဲဒီဆက်ဆံရေးမှာ သင်မပါ၀င်သင့်ဘူး။
၁၄။ အခု အသက်၀၀ ရှုလိုက်ပါ။ အဲဒါဟာ စိတ်ကို ငြိမ်းချမ်းစေတယ်။
၁၅။ အသုံးမ၀င်တော့တာတွေ မှန်သမျှကို ဖယ်ရှားလိုက်ပါ။ ရှုပ်ထွေးနေတာဟာ သင့်ကို ပုံစံအမျိုးမျိုးနဲ့ လဲကျစေလိမ့်မယ်။
၁၆။ သင့်ကို သေအောင် မသတ်နိုင်တဲ့အရာမှန်သမျှဟာ သင့်ကိုပိုပြီး ကြံ့ခိုင်လာစေတယ်။
၁၇။ ပျော်စရာကောင်းတဲ့ငယ်ဘ၀ကို ရယူဖို့အတွက် နောက်ကျတယ်ရယ်လို့ လုံး၀မရှိဘူး။ ဒါပေမယ့် ဒုတိယတစ်ခုကတော့ အဲဒါဟာ သင့်အပေါ်မှာပဲ မူတည်ပြီး ဘယ်သူမှ မတတ်နိုင်ဘူး။
၁၈။ ပျော်ရွှင်ဖို့အတွက် သင့်မှာ နောက်ကျတယ်ရယ်လို့ မရှိဘူး။ ဒါပေမယ့် အဲဒါဟာ ဘယ်သူနဲ့မှ မဆိုင်ဘူး။ သင့်အပေါ်မှာပဲ မူတည်တယ်။
၁၉။ သင့်ဘ၀မှာ သင်ချစ်မြတ်နိုးတဲ့အရာကို ရအောင် ကြိုးစားနေတဲ့အချိန်ဆိုရင် မရဘူးဆိုတဲ့ အဖြေကို လုံး၀ မယူနဲ့။
၂၀။ ဖယောင်းတိုင်တွေကို မီးထွန်းပါ။ ကောင်းတဲ့ အိပ်ရာခင်းတွေကို သုံးပါ။ ဆန်းပြားတဲ့ အ၀တ်အစားတွေကို ထုတ်၀တ်ပါ။ ဒီနေ့ဟာ ထူးခြားတဲ့နေ့ဖြစ်တယ်။ ထူးခြားတဲ့ အထိမ်းအမှတ်နေ့တွေအတွက် သိမ်းထားမနေနဲ့။
၂၁။ လိုတာထက်ပိုပြီးပြင်ဆင်ပါ။ ပြီးရင် အဲဒီအတိုင်း လိုက်သွားပါ။
၂၂။ အများနဲ့မတူ တမူထူးခြားအောင် နေပါ။ ခရမ်းရောင်ကို ၀တ်ဆင်ဖို့အတွက် အသက်ကြီးလာတဲ့အထိ မစောင့်နဲ့။
၂၃။ သင့်ရဲ့ ပျော်ရွှင်မှုကို ဘယ်သူကမှ လာပြီး စီမံလို့မရဘူး။ သင်ကတော့ လုပ်နိုင်တယ်။
၂၄။ ကပ်ဆိုက်တယ်လို့ သင်ထင်တဲ့အရာတွေကို ဒီအရာတွေက နောက် ၅ နှစ်မှာ အရေးပါနေဦးမှာလား ဆိုတဲ့ မေးခွန်းကို မေးပြီး ပုံစံသွင်းပါ။
၂၅။ သင့်ဘ၀ကို ရွေးချယ်ပါ။
၂၆။ သင့်ကိုယ်သင်နဲ့ အခြားလူတွေကို ခွင့်လွှတ်ပါ။
၂၇။ အခြားလူတွေကို သင့်ကိုဘယ်လို ထင်လဲဆိုတာဟာ သင့်အလုပ်မဟုတ်ဘူး။
၂၈။ အချိန်ဟာ အရာအားလုံးနီးပါးကို ကုစားနိုင်တယ်။ အချိန်ကို အနည်းငယ်သော အချိန်ပေးပါ။
၂၉။ ကောင်းတဲ့အခြေအနေပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အအခြေအနေပဲ ဖြစ်ဖြစ် အဲဒါဟာ ပြောင်းလဲသွားလိမ့်မယ်။
၃၀။ သင့်ကိုယ်သင် အရမ်းကြီး အလေးအနက်မထားနဲ့။ အဲဒါမျိုး ဘယ်သူမှ မလုပ်ကြဘူး။
၃၁။ မဖြစ်နိုင်ဘူးထင်ရလောက်တဲ့ အံ့ဖွယ်သရဲကိစ္စတွေ ဖြစ်လာနိုင်တယ်ဆိုတာ ယုံကြည်ပါ။
၃၂ ဘ၀ကို အကောင်းအဆိုး စစ်ဆေးမနေနဲ့။ ထပြီး အကောင်းဆုံးဖြစ်အောင် သွားလုပ်ပါ။
၃၃ အသက်ကြီးလာတယ်ဆိုတာ တစ်နည်းပြောရရင် ငယ်ငယ်နဲ့ မသေတဲ့ သဘောပဲ။
၃၄ သင့်ရဲ့ကလေးတွေဟာ ငယ်ဘ၀ကို တစ်ခါသာရကြမှာ ဖြစ်တယ်။
၃၅ နောက်ဆုံးမှာ တကယ်အရေးပါတဲ့အရာတွေဟာ သင်ချစ်မြတ်နိုးခဲ့တဲ့အရာတွေပဲ ဖြစ်လိမ့်မယ်။
၃၆ နေ့စဉ်အပြင်ကို ထွက်ပါ။ မဖြစ်နိုင်ဘူးထင်ရလောက်တဲ့ အံ့သြဖွယ်ရာတွေဟာ နေရာတကာမှာ ရှိတယ်။
၃၇ အကယ်၍ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို စုပုံလွှင့်ပစ်လိုက်ပြီးနောက် တခြားလူတွေရဲ့ ပြဿနာတွေကို မြင်တဲ့အခါမှာ ကိုယ့်ပြဿနာတွေကို ပြန်သွားပြီး ယူချင်လိမ့်မယ်။
၃၈ မနာလိုမှုဆိုတာဟာ အချိန်ကုန်တာပဲ ဖြစ်တယ်။ သင့်မှာ လိုအပ်နေတာတွေထက် ရှိနေပြီးသားတွေကို တန်ဖိုးထားပါ။
၃၉ အကောင်းဆုံးဆိုတာ မလာသေးဘူး။
၄၀ ဘယ်လိုခံစားချက်တွေရှိရှိ ထပါ၊ အ၀တ်အစားကောင်းကောင်း၀တ်ပါ၊ လုပ်စရာရှိတာ လုပ်ပါ။
၄၁ သင့်ရဲ့ကလေးတွေကို သင်မျက်ရည်ကျတာ ပေးမြင်တာ ပြဿနာမဟုတ်ဘူး။
၄၂ ဘ၀ဆိုတာ တော်တော်အဆင်ပြေချောမွေ့တဲ့အထဲမှာ မပါပေမယ့် လူသားတွေအတွက် ဆုလာဒ်တစ်ခု ဖြစ်နေတုန်းပါပဲ။
ဒီစာက အကြိမ်ကြိမ်ဖတ်ဖို့အတွက် ထိုက်တန်ပါတယ်။ အဲဒါကြောင့် သင်တတ်နိုင်တဲ့အကြိမ်တိုင်း မကြာ မကြာ ပြန်ဖတ်ပါ။
Credit
ဒီစာကို အသက္ ၉၀ ေက်ာ္ရွိတဲ့ Regina Brett က အသက္အ႐ြယ္ အိုမင္းလာတာကို ဂုဏ္ျပဳတဲ့အေနနဲ႔ သူ႔ဘ၀က သူ႔ကို သင္ေပးခဲ့တာေတြကို ေရးသားခဲ့တာျဖစ္ပါတယ္။
၁။ ဘ၀ဆိုတာ မတရားဘူး။ ဒါေပမယ့္လည္း ေကာင္းေနတုန္းပဲ ျဖစ္တယ္။
၂။ သံသယရွိေနတဲ့အခ်ိန္မွာဆိုရင္ ေျခလွမ္းအေသးေလးေတြ လွမ္းဖို႔ပဲ ရွိတယ္။
၃။ ဘ၀ဆိုတာ လူတစ္ေယာက္ေယာက္ကို မုန္းၿပီး အသက္ရွင္ဖို႔အတြက္ သိပ္ကို တိုေတာင္းလြန္းပါတယ္။
၄။ သင့္အလုပ္က သင္ေနမေကာင္းတဲ့အခ်ိန္မွာ သင့္ကို ဂ႐ုမစိုက္ႏိုင္ဘူး။ သင့္မိသားစုနဲ႔ သင့္မိတ္ေဆြေတြကေတာ့ တတ္ႏိုင္တယ္။
၅။ ဘယ္ျငင္းခုံမႈတိုင္းမွာ သင္အႏိုင္ရစရာမလိုဘူး။ သင့္ဟာသင္ မွန္ေနဖို႔ပဲ လိုတယ္။
၆။ သင့္ရဲ႕ ဘဏ္ကတ္အေႂကြးေတြကို လတိုင္းရွင္းပါ။
၇။ တစ္စုံတစ္ေယာက္နဲ႔ အတူ ငိုပါ။ အဲဒါဟာ တစ္ဦးတည္း ႀကိတ္ငိုရတာထက္ ပိုၿပီး သက္သာေစတယ္။
၈။ (သဘာ၀တရားကို) စိတ္ဆိုးတာ ျပႆနာမရွိဘူး။ သူက လက္ခံႏိုင္တယ္။
၉။ သင္အၿငိမ္းစားယူဖို႔အတြက္ စုေဆာင္းတာကို ပထမဆုံး လစာရကတည္းက ျပဳလုပ္ပါ။
၁၀။ ေခ်ာ့ကလက္စားရမယ့္အခ်ိန္မွာ အတိုက္အခံလုပ္တယ္ဆိုတာဟာ အက်ိဳးမရွိတဲ့ကိစၥသာ ျဖစ္တယ္။
၁၁။ သင့္အတိတ္နဲ႔ ပတ္သက္ၿပီး ၿငိမ္းခ်မ္းမႈရွိပါ။ ဒါဆိုရင္ သင့္ရဲ႕ အခုအခ်ိန္ကို လာၿပီး ရႈပ္ေထြးစရာ မရွိေတာ့ဘူး။
၁၂။ သင့္ဘ၀ကို ဘယ္သူနဲ႔မွ မႏႈိင္းယွဥ္ပါနဲ႔။ သူတို႔ဘယ္ကိုသြားၾကမွာလဲဆိုတာ သင္လည္း ေသခ်ာ မသိဘူး။
၁၃။ အကယ္၍ ဆက္ဆံေရးတစ္ရပ္ဟာ လွ်ိဳ႕ဝွက္ထားရမယ္ဆိုရင္ အဲဒီဆက္ဆံေရးမွာ သင္မပါ၀င္သင့္ဘူး။
၁၄။ အခု အသက္၀၀ ရႈလိုက္ပါ။ အဲဒါဟာ စိတ္ကို ၿငိမ္းခ်မ္းေစတယ္။
၁၅။ အသုံးမ၀င္ေတာ့တာေတြ မွန္သမွ်ကို ဖယ္ရွားလိုက္ပါ။ ရႈပ္ေထြးေနတာဟာ သင့္ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ လဲက်ေစလိမ့္မယ္။
၁၆။ သင့္ကို ေသေအာင္ မသတ္ႏိုင္တဲ့အရာမွန္သမွ်ဟာ သင့္ကိုပိုၿပီး ႀကံ့ခိုင္လာေစတယ္။
၁၇။ ေပ်ာ္စရာေကာင္းတဲ့ငယ္ဘ၀ကို ရယူဖို႔အတြက္ ေနာက္က်တယ္ရယ္လို႔ လုံး၀မရွိဘူး။ ဒါေပမယ့္ ဒုတိယတစ္ခုကေတာ့ အဲဒါဟာ သင့္အေပၚမွာပဲ မူတည္ၿပီး ဘယ္သူမွ မတတ္ႏိုင္ဘူး။
၁၈။ ေပ်ာ္႐ႊင္ဖို႔အတြက္ သင့္မွာ ေနာက္က်တယ္ရယ္လို႔ မရွိဘူး။ ဒါေပမယ့္ အဲဒါဟာ ဘယ္သူနဲ႔မွ မဆိုင္ဘူး။ သင့္အေပၚမွာပဲ မူတည္တယ္။
၁၉။ သင့္ဘ၀မွာ သင္ခ်စ္ျမတ္ႏိုးတဲ့အရာကို ရေအာင္ ႀကိဳးစားေနတဲ့အခ်ိန္ဆိုရင္ မရဘူးဆိုတဲ့ အေျဖကို လုံး၀ မယူနဲ႔။
၂၀။ ဖေယာင္းတိုင္ေတြကို မီးထြန္းပါ။ ေကာင္းတဲ့ အိပ္ရာခင္းေတြကို သုံးပါ။ ဆန္းျပားတဲ့ အ၀တ္အစားေတြကို ထုတ္၀တ္ပါ။ ဒီေန႔ဟာ ထူးျခားတဲ့ေန႔ျဖစ္တယ္။ ထူးျခားတဲ့ အထိမ္းအမွတ္ေန႔ေတြအတြက္ သိမ္းထားမေနနဲ႔။
၂၁။ လိုတာထက္ပိုၿပီးျပင္ဆင္ပါ။ ၿပီးရင္ အဲဒီအတိုင္း လိုက္သြားပါ။
၂၂။ အမ်ားနဲ႔မတူ တမူထူးျခားေအာင္ ေနပါ။ ခရမ္းေရာင္ကို ၀တ္ဆင္ဖို႔အတြက္ အသက္ႀကီးလာတဲ့အထိ မေစာင့္နဲ႔။
၂၃။ သင့္ရဲ႕ ေပ်ာ္႐ႊင္မႈကို ဘယ္သူကမွ လာၿပီး စီမံလို႔မရဘူး။ သင္ကေတာ့ လုပ္ႏိုင္တယ္။
၂၄။ ကပ္ဆိုက္တယ္လို႔ သင္ထင္တဲ့အရာေတြကို ဒီအရာေတြက ေနာက္ ၅ ႏွစ္မွာ အေရးပါေနဦးမွာလား ဆိုတဲ့ ေမးခြန္းကို ေမးၿပီး ပုံစံသြင္းပါ။
၂၅။ သင့္ဘ၀ကို ေ႐ြးခ်ယ္ပါ။
၂၆။ သင့္ကိုယ္သင္နဲ႔ အျခားလူေတြကို ခြင့္လႊတ္ပါ။
၂၇။ အျခားလူေတြကို သင့္ကိုဘယ္လို ထင္လဲဆိုတာဟာ သင့္အလုပ္မဟုတ္ဘူး။
၂၈။ အခ်ိန္ဟာ အရာအားလုံးနီးပါးကို ကုစားႏိုင္တယ္။ အခ်ိန္ကို အနည္းငယ္ေသာ အခ်ိန္ေပးပါ။
၂၉။ ေကာင္းတဲ့အေျခအေနပဲ ျဖစ္ျဖစ္၊ ဆိုးတဲ့အအေျခအေနပဲ ျဖစ္ျဖစ္ အဲဒါဟာ ေျပာင္းလဲသြားလိမ့္မယ္။
၃၀။ သင့္ကိုယ္သင္ အရမ္းႀကီး အေလးအနက္မထားနဲ႔။ အဲဒါမ်ိဳး ဘယ္သူမွ မလုပ္ၾကဘူး။
၃၁။ မျဖစ္ႏိုင္ဘူးထင္ရေလာက္တဲ့ အံ့ဖြယ္သရဲကိစၥေတြ ျဖစ္လာႏိုင္တယ္ဆိုတာ ယုံၾကည္ပါ။
၃၂ ဘ၀ကို အေကာင္းအဆိုး စစ္ေဆးမေနနဲ႔။ ထၿပီး အေကာင္းဆုံးျဖစ္ေအာင္ သြားလုပ္ပါ။
၃၃ အသက္ႀကီးလာတယ္ဆိုတာ တစ္နည္းေျပာရရင္ ငယ္ငယ္နဲ႔ မေသတဲ့ သေဘာပဲ။
၃၄ သင့္ရဲ႕ကေလးေတြဟာ ငယ္ဘ၀ကို တစ္ခါသာရၾကမွာ ျဖစ္တယ္။
၃၅ ေနာက္ဆုံးမွာ တကယ္အေရးပါတဲ့အရာေတြဟာ သင္ခ်စ္ျမတ္ႏိုးခဲ့တဲ့အရာေတြပဲ ျဖစ္လိမ့္မယ္။
၃၆ ေန႔စဥ္အျပင္ကို ထြက္ပါ။ မျဖစ္ႏိုင္ဘူးထင္ရေလာက္တဲ့ အံ့ၾသဖြယ္ရာေတြဟာ ေနရာတကာမွာ ရွိတယ္။
၃၇ အကယ္၍ ကြၽန္ေတာ္တို႔ရဲ႕ ျပႆနာေတြကို စုပုံလႊင့္ပစ္လိုက္ၿပီးေနာက္ တျခားလူေတြရဲ႕ ျပႆနာေတြကို ျမင္တဲ့အခါမွာ ကိုယ့္ျပႆနာေတြကို ျပန္သြားၿပီး ယူခ်င္လိမ့္မယ္။
၃၈ မနာလိုမႈဆိုတာဟာ အခ်ိန္ကုန္တာပဲ ျဖစ္တယ္။ သင့္မွာ လိုအပ္ေနတာေတြထက္ ရွိေနၿပီးသားေတြကို တန္ဖိုးထားပါ။
၃၉ အေကာင္းဆုံးဆိုတာ မလာေသးဘူး။
၄၀ ဘယ္လိုခံစားခ်က္ေတြရွိရွိ ထပါ၊ အ၀တ္အစားေကာင္းေကာင္း၀တ္ပါ၊ လုပ္စရာရွိတာ လုပ္ပါ။
၄၁ သင့္ရဲ႕ကေလးေတြကို သင္မ်က္ရည္က်တာ ေပးျမင္တာ ျပႆနာမဟုတ္ဘူး။
၄၂ ဘ၀ဆိုတာ ေတာ္ေတာ္အဆင္ေျပေခ်ာေမြ႕တဲ့အထဲမွာ မပါေပမယ့္ လူသားေတြအတြက္ ဆုလာဒ္တစ္ခု ျဖစ္ေနတုန္းပါပဲ။
ဒီစာက အႀကိမ္ႀကိမ္ဖတ္ဖို႔အတြက္ ထိုက္တန္ပါတယ္။ အဲဒါေၾကာင့္ သင္တတ္ႏိုင္တဲ့အႀကိမ္တိုင္း မၾကာ မၾကာ ျပန္ဖတ္ပါ။
Credit