Unicode
“လေယာဉ်ပျက်ကျရန် ရည်ရွယ်ချက်ဖြင့် ပျံသန်းနှုန်းတိုင်းတာသည့် အပေါက်ကို
သစ်ရွက်များထိုးထည့်မှု ပြည်တွင်းလေကြောင်းလိုင်း တခုတွင်ဖြစ်ပွား”
ကမ္ဘောဇ လေကြောင်းလိုင် းမှ ATR72-600 လေယာဉ်အသစ်သုံးစီးတွင်
လေယာဉ်ပျံသန်းနှုန်းတိုင်းတာသည့် အပေါက် ပီတိုကျု(Pitot Tube)အတွင်း
သစ်ရွက်များသစ်ကိုင်းများထိုးထည့်ကာ လေယာဉ်ပျက်ကျရန်ရည်ရွယ်လုပ်ဆောင်မှုပြီးခဲ့သည့်အပတ်အတွင်းဖြစ်ပွားခဲ့ကြောင်း အဲကမ္ဘောဇမှသိရသည်။
လေယာဉ်ကွင်းမှ ပျံတက်ရန်၊ ကွင်းဆင်းရန် အမြန်နှုန်းကို ထိုအပေါက်မှ တိုင်းတာပြသသောကိန်းဂဏန်းဖြင့်
တွက်ချက်ရသည်ဖြစ်ရာ တွက်ချက်မှု လွဲမှားပြီး လေယာဉ်များပျက်ကျရန်ရည်ရွယ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော်လေယာဉ်မှူးများ ၏ အတွေ့အကြုံရင့်ကျက်မှု ကြောင့် လေယာဉ်သုံးစီးလုံး
ဘေးမသီရန်မခ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်းနှင့်
ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်ခဲ့သူများကို စုံစမ်းဖော်ထုတ်နေကြောင်းသိရသည်။
The River News – Via From celefans.com