ကြားသိရသမျှ

လေယာဉ်ပျက်ကျတဲ့ထဲမှာ သက်တော် ၁၈၂ နှစ်ရှိတဲ့ အဘိုးဦးအောင်အကြောင်း

လေယာဉ်ပျက်ကျတဲ့ထဲမှာ သက်တော် ၁၈၂ နှစ်ရှိတဲ့ အဘိုးဦးအောင်အကြောင်းဒီနေ့ လေယာဉ်ပျက်ကျတဲ့ထဲမှာ အဘိုးဦးအောင် သက်တော် ၁၈၂ နှစ်ပါပါတယ်

ကုန်းဘောင်ပထမံနဝင်းဦးအောင်အဖိုးကိုကျမတို့ကျိုက်တလန်းအရန်စေတီထီးတော်တင်တဲ့နေ့(၂၂.၅.၂၀၂၁)မှာတောထဲကအိမ်တအိမ်မှာစဖူးတွေ့ရတာပါ

ပါဠိဆရာတော်ရယ်သဲဖြူမဟာမြိုင်ဆရာတော်ရယ်ကျမတို့မိသားစုကလွဲပြီးဘယ်သူမှမလာရဘူးဆိုလို့ကျန်တဲ့သူတွေနေခဲ့ရပါတယ်…ကျမလဲအဖိုးကိုဘယ်သူမှန်းမသိခဲ့ပါဘူး

သဲဖြူဆရာတော်ကိုတွေ့တော့အဲ့ဒါငါ့သားငါ့သားအစစ်လို့မိန့်ပါတယ် သဲဖြူဆရာတော်ကလဲပြုံးနေပါတယ် သဲဖြူဆရာတော်ငယ်ငယ်တုန်းကအဖိုးနဲ့တွဲရိုက်ထားတဲ့ပုံပြပါတယ် ပါဠိဆရာတော်ရဲ့လက်ကိုမလတ်တမ်းကိုင်ထားတာပါ…

ဆရာတော်တွေနဲ့ဆိုတော့ကျမဘာမှမလျှောက်ရတော့ကျမညနေတခေါက်သွားတော့အဖိုးကသိပြီးတွေ့ခွင့်ရခဲ့တယ် သမီးကအဖိုးနဲ့ပဌာန်းဆက်နီးလို့တနေ့ထဲနဲ့နှစ်ခါတွေ့ရတာအဖိုးကလူတယောက်မအတွေ့မခံတော့ဘူး တနေ့ထဲနဲ့နှစ်ကြိမ်တွေ့တာငါ့သမီးဘဲရှိတယ်လို့မိန့်ပါတယ်….

အဖိုးကဘုရားဆုပန်ပါ သူဘုရားဖြစ်ရင်တွေ့ပါစေဆုမတောင်းနဲ့တဲ့ဘဝတိုတိုနဲ့ဖြတ်ပါတဲ့ဘုရားတွေအကြောင်းတရားဟောတာနှစ်နာရီနီးပါးရှိပါတယ်နောက်တကြိမ်ကျမအမေကျမသားကြီးနဲ့အဖိုးစီရောက်ပါတယ်

အဖိုးကကျမကိုမိန့်ပါတယ်သမီးသဲဖြူဆရာတော်နဲ့နေပြည်တော်ကပါဠိဆရာတော်သိလားတဲ့သိတယ်အဖိုးဟိုနေ့ကပါတယ်လေလို့ပြောတော့ အေး အဲ့ဒီဆရာတော်နှစ်ပါးကိုသေသေချာချာကိုးကွယ်သီလ၊သမာဓိအားကြီးတယ်ဘုန်းကြီးတယ်လို့မိန့်ပါတယ်

ကျမကိုအဖိုးကသမီးကိုဒါနအကြောင်းဟောမယ်သေစေချာချာနာနော်တဲ့ သမီးကဒါနအားကြီးလို့ဟောတာလို့ပြောတော့ကျမကအဖိုးကျမကသူများတွေလိုကြီးကြီးမားမားလှူထားတာမရှိဘူးလို့ပြောတော့

သမီးအကြီးကြီးလှူမှမဟုတ်ဘူးသမီးကဒါနအားကောင်းတယ်ဒါနပါရမီမပြည့်ရင်ကျွတ်တမ်းဝင်ဖို့မလွယ်ကြောင်းပြောပြီးဒါနလေးမျိုးဟောပါတယ်

အဖိုးကိုတချို့ကအသက်နှစ်ရာကျော်ပြီကုန်းဘောင်ခေတ်ကအဘဘိုးဘိုးအောင်ကယ်သွားတဲ့စင်္ကြာမင်းလေးလို့လဲပြောပါတယ်…

အဖိုးကကျမကိုပြောတာတော့သူကမြန်မာသက္ကရာဇ်(၁၂၀၁)ခုနှစ်မှာမွေးတယ်လို့ပြောပါတယ်…

ရသေ့ကြီးဦးခန္ဓီကငါ့ထက်ဒါနအားကြီးတယ် ငါကစရဏမှာသူ့ထက်အားကြီးတယ်လို့မိန့်ပါတယ်…အောင်လေးအောင်မှာအဖိုးကအငယ်ဆုံးပထမံနဝင်းဦးအောင်ပါ

အဖိုးကဘာရောဂါမှမရှိပါဘူးနားနဲနဲလေးတာကိုဘာကြောင့်လေးလဲဆိုအဖိုးမှာလွယ်အိတ်တလုံးရှိတယ်ငွေလိုရင်အိတ်ထဲနှိုက်ရင်လိုသလောက်ရတယ် အဲ့ဒါလူတချို့သိပြီးအဖိုးခေါင်းကိုချည်းဘဲရိုက်ပြီးအိတ်ကိုလုသွားတယ် သူတို့မသိလို့ဒီအိတ်ကအဖိုးတယောက်ဘဲနိုက်လို့ရတာကျန်တဲ့သူနိုက်ရင်ပိုက်ဆံကမထွက်ဘူးတဲ့

1972 နှစ်မှာဗိုလ်ချူပ်ကြီးနေဝင်းကအဖိုးကိုဖိုးဖိုးလို့ခေါ်တယ်လို့မိန့်ပါတယ် အတွင်းရေးမှူး(၂)ဦးတင်ဦးကိုဒီတခါခရီးထွက်ရင်ငါ့သားပြန်လာမှာမဟုတ်ဘူးမိန့်ပါတယ် တကယ်လဲရဟတ်ယာဉ်ပျက်ကျပြီးဆုံးသွားတဲ့နောက်အဖိုးကပျောက်သွားတာအခုချိန်ထိဘယ်သူမှအဖူးမခံတော့တာပါ…အဖိုးကိုသုံးကြိမ်မြောက်ဖူးတဲ့အချိန်မှာအဖိုးကမိန့်တယ်။

လူတွေကအဖိုးကိုဟိုပါတီဒီပါတီကလို့စွပ်စွဲကြလိမ့်မယ်အဖိုးကဘယ်ပါတီမှမဟုတ်ပါဘူးအဖိုးကဘုရားပါတီပါ

အဖိုးကဗေဒင်ယတြာမပေးပါဘူးတဲ့တကယ်လဲကျမတို့ကိုဘာလုပ်ညာလုပ်မပြောဘူးတရားများများထိုင် မထိုင်နိုင်ရင်ပုတီးများများစိတ်လို့ဘဲမိန့်ပါတယ်

အဖိုးပြောတဲ့အတိုင်းပါဘဲလူလုံးဝအတွေ့မခံတဲ့အဖိုးကိုအခုခန္ဓာဝန်ချမှဟိုပါတီဒိပါတီ၊ဟိုလူကြီးဒီလူကြီးကိုယတြာလုပ်ပေးတာလို့စွပ်စွဲခံရတာပါဘဲ ၄ ရက်နေ့ကအဖိုးဆေးရုံမှာဆေးလာစစ်တော့ကျမကလွဲပြီးဘယ်သူမှမတွေ့ပါဘူး

ကျမကိုဖုန်းဆက်တော့ကျမအကျင့်ကလူတိုင်းကိုဖူးစေချင်တော့အဖိုးကိုမလျှောက်ဘဲသူငယ်ချင်းတွေခေါ်သွားတော့ဆယ်မိနစ်နဲ့ပြန်ခိုင်းပါတယ်

အဲ့ဒီမှာသူငယ်ချင်းခင်ပွန်းကိုသိန်းကျင်ကသူ့အဖေဆေးရုံတက်နေတာအခြေနေမေးတော့ပြီးပါပြီ လို့မိန့်ပြီးတရက်ခြားမှာကိုသိန်းကျင်အဖေဆုံးသွားပါတယ်…

၇ ရက်နေ့မနက်သဲဖြူဆရာတော်နဲ့အဖိုးစီသွားတော့အဖိုးကဘယ်သူမှပေးမလာပါဘူး သဲဖြူဆရာတော်နဲ့ကျမတို့သားအမိဘဲသွားရပါတယ်..

အဖိုးကမော်လမြိုင်ကအပြန်အဖိုးစီဝင်ခဲ့တခုခုကျွေးမယ်ဆိုလို့ကျမတို့ရောက်သွားတော့ထိုင်တောင်မထိုင်ရသေးဘူးအဖိုးကငါ့သမီးပင်ပန်းနေပြီမလားတဲ့…

ကျမအံဩသွားတယ်အဖိုးဘယ်လိုသိပါလိမ့်လို့သမီးစိတ်မညစ်နဲ့သဲဖြူဆရာတော်နဲ့ပါဠိဆရာတော်နောက်လိုက်ပါသူတို့သိပါတယ်။ သူတို့သမီးကိုလိုအပ်လိမ့်မယ်စိတ်ထဲဘာမှမထားနဲ့သမီးလို့မိန့်ပြီးအကြောင်းရာတော်တော်များများကျမကိုပြောပြပါတယ်(ရေးရန်မသင့်၍မရေးပြတော့ပါ)အဖိုးကကျမကိုသေသေချာချာမှာပါတယ်

ကျမလဲသေသေချာချာမှတ်ပေမဲ့အဖိုးအခုလိုရုတ်တရက်ထွက်သွားမယ်မထင်ပါဘူး၈ ရက်နေ့ညနေကျမတို့နဲ့နောက်ဆုံးတွေ့တာပါဘဲ

ဆရာတော်ကြီးတပါးကမိန့်ပါတယ်အဖိုးကဝိဇ္ဇာကိစ္စပြီးသွားပြီတဲ့သူ့တပည့်မပြည့်စုံသေးလို့မသွားတာတဲ့

အခုလဲအဖိုးကိစ္စမပြီးဘဲသွားရတော့အဖိုးကသိနေတယ်ထင်တယ်မသွားခင်ရက်မှာတပည့်ရွေးသွားပါတယ်(ပြောပြရန်မသင့်)

အဖိုးကဆေးရုံမှာပြောပါတယ် ၁၀ ရက်နေ့အဖိုးခရီးထွက်မှာတဲ့အဖိုးဘယ်သွားမှာလဲဘယ်တော့ပြန်လာမလဲမေးတော့ ဘယ်တော့ပြန်မယ်မသိဘူးသမီးခရီးကရှည်တယ်တဲ့

အဖိုးကကျမနဲ့စတွေ့တဲ့နေ့ကမိန့်တယ်သမီးအဖိုးနဲ့တွေ့တာအင်မတန်နောက်ကျတယ်တဲ့ဒီအချိန်မှတွေ့ဖို့ကံပါတာမတတ်နိုင်ဘူးတဲ့…

ကျမကအဖိုးတသက်စားမဲ့ဆန်လှူခွင့်ရတော့ကျမသမီးကိုဝယ်ခိုင်းတာသမီးကငါးကီလိုသုံးအိတ်ဝယ်လာတော့အဖိုးသမီးသမီးကမသိလို့အိတ်သေးသွားတာသမီးအိတ်ကြီးကားနဲ့ပို့ပေးမယ်လို့ပြောတော့ အဖိုးကသမီးအဖိုးကဒီဆန်တွေကုန်မှာမဟုတ်ဘူးမဝယ်နဲ့အလကားဖြစ်မယ်တဲ့….

ကျမကနှစ်ကြီမ်မြောက်တွေ့တော့အဖိုးအသက်ကိုအလှူခံတယ် အဖိုးကျမကလေဆရာတော်ကြီးတွေအသက်အလှူခံထားတာအဖိုးအသက်လဲအလှူခံပါရစေလို့ပြောတော့

အဖိုးကဆရာတော်ကြီးတွေအသက်အလှူခံတာကောင်းပါတယ်အဖိုးကအချိန်နီးလို့ပေးလို့မရတော့ဘူးသမီးလို့ပြောပါတယ် အခုလောက်ထိနီးမယ်မထင်ခဲ့ပါဘူး

လူတွေနဲ့နှစ်ပေါင်းများစွာအတွေ့မခံတော့တဲ့အဖိုး ကျမကိုနောက်ဆုံးသာဝကလို့မိန့်ခဲ့တဲ့အဖိုး ခန္ဓာဝန်ချမှဘဲလူကြီးတွေကိုယတြာလုပ်ပေးတဲ့ဘရသေ့လို့အပြောခံရတော့တယ်

တကယ်တော့ဈေးကုန်းဆရာတော်ကိုမြေလှူတဲ့သူတွေကကျောင်းဆောက်ဖို့ပန္နက်တော်တင်မင်္ဂလာကိုအဖိုးကိုဆရာတော်ကပင့်လို့လိုက်ရင်းအခုလိုဖြစ်သွားတာပါ

ဈေးကုန်းဆရာတော်ဆိုတာနိုင်ငံတော်အဆင့်ဆရာတော်မို့လို့တပ်မတော်ကလေယာဉ်စီစဉ်ပေးတာပါသက်တော်ရှည်ဆရာတော်တွေမို့လို့စီစဉ်ပေးရင်းအခုလိုဖြစ်သွားတော့တပ်ကိုယတြာချေတယ်ဘာတယ်ညာတယ်နဲ့သတင်းတွေဖြစ်ကုန်တာတကယ်တော့ဈေးကုန်းဆရာတော်ပင့်လို့ကြွတာပါ

ကျမအမြဲပြောပါတယ်နိုင်ငံရေးထဲဘာသာရေးကိုဆွဲမထည့်ပါနဲ့လို့ပြစ်မှားတဲ့သူတွေကိုငရဲကတော့နေမှာမဟုတ်ပါဘူး

source အာမီရမ် မောင်ကံ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။