မအူပင်မြို့တွင် လေပြင်းတိုက်သည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ် တင်သူကို စစ်ကောင်စီတပ် ဖမ်းဆီး
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် ယမန်နေ့ မတ်လ ၂၀ ရက် ညနေပိုင်းက မုန်တိုင်း အရှိန်ကြောင့်
လေပြင်းများ တိုက်ခတ်သည့် ရုပ်သံဖိုင်အား လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် အမျိုးသားကို စစ်ကောင်စီ
တပ်များနှင့် ရဲများက ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံက သိရသည်။
ဖမ်းဆီး ခံရသူသည် မအူပင်မြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ်
ကိုစိုင်းနေမျိုးသန့် ဆိုသူဖြစ်ပြီး ရုပ်သံဖိုင် တင်ခဲ့သည့် ညပိုင်းတွင် စစ်ကောင်စီတပ်များ ဝင်ရောက်
ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“အဖမ်းခံရတဲ့ သူက နိုင်ငံရေး ဘာမှ လုပ်တဲ့သူ မဟုတ်ဘူး၊ အေးအေးဆေးဆေး အရောင်းအဝယ် သမားပါ။
နိုင်ငံရေးနဲ့ ပတ်သက်တာ ဆိုလို့ Facebook မှာ ကျန်ခဲ့တဲ့ တစ်နှစ်လောက်က တင်တာလေး တစ်ခု နှစ်ခု လေးပဲ ရှိတယ်။
မနေ့က သူတင်တဲ့ ဗီဒီယိုဖိုင် ကလည်း ကြည့်တဲ့သူနဲ့ ရှယ်တဲ့သူ တော်တော်များ သွားတော့ ရဲတွေက
သူ့အကောင့်ကို ဝင်မွှေတာ ဖြစ်နိုင်တယ်” ဟု ဒေသခံက ဆိုသည်။
လက်ရှိ ကိုစိုင်းနေမျိုးသန့် အား မအူပင်မြို့မ ရဲစခန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
Ref Mizzima
zawgyi,
မအူပင္ၿမိဳ႕တြင္ ေလျပင္းတိုက္သည့္ ႐ုပ္သံဖိုင္ လူမႈကြန္ရက္ေပၚ တင္သူကို စစ္ေကာင္စီတပ္ ဖမ္းဆီး
ဧရာဝတီတိုင္း၊ မအူပင္ၿမိဳ႕နယ္တြင္ ယမန္ေန႔ မတ္လ ၂၀ ရက္ ညေနပိုင္းက မုန္တိုင္း အရွိန္ေၾကာင့္
ေလျပင္းမ်ား တိုက္ခတ္သည့္ ႐ုပ္သံဖိုင္အား လူမႈကြန္ရက္ေပၚ တင္ခဲ့သည့္ အမ်ိဳးသားကို စစ္ေကာင္စီ
တပ္မ်ားႏွင့္ ရဲမ်ားက ဖမ္းဆီးသြားေၾကာင္း ေဒသခံမ်ား ထံက သိရသည္။
ဖမ္းဆီး ခံရသူသည္ မအူပင္ၿမိဳ႕ အမွတ္ (၅) ရပ္ကြက္တြင္ ေနထိုင္သည့္ အသက္ ၃၀ ေက်ာ္အ႐ြယ္
ကိုစိုင္းေနမ်ိဳးသန႔္ ဆိုသူျဖစ္ၿပီး ႐ုပ္သံဖိုင္ တင္ခဲ့သည့္ ညပိုင္းတြင္ စစ္ေကာင္စီတပ္မ်ား ဝင္ေရာက္
ဖမ္းဆီးျခင္း ျဖစ္ေၾကာင္း ေဒသခံ တစ္ဦးက ေျပာသည္။
“အဖမ္းခံရတဲ့ သူက ႏိုင္ငံေရး ဘာမွ လုပ္တဲ့သူ မဟုတ္ဘူး၊ ေအးေအးေဆးေဆး အေရာင္းအဝယ္ သမားပါ။
ႏိုင္ငံေရးနဲ႔ ပတ္သက္တာ ဆိုလို႔ Facebook မွာ က်န္ခဲ့တဲ့ တစ္ႏွစ္ေလာက္က တင္တာေလး တစ္ခု ႏွစ္ခု ေလးပဲ ရွိတယ္။
မေန႔က သူတင္တဲ့ ဗီဒီယိုဖိုင္ ကလည္း ၾကည့္တဲ့သူနဲ႔ ရွယ္တဲ့သူ ေတာ္ေတာ္မ်ား သြားေတာ့ ရဲေတြက
သူ႔အေကာင့္ကို ဝင္ေမႊတာ ျဖစ္ႏိုင္တယ္” ဟု ေဒသခံက ဆိုသည္။
လက္ရွိ ကိုစိုင္းေနမ်ိဳးသန႔္ အား မအူပင္ၿမိဳ႕မ ရဲစခန္းတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။
Ref Mizzima