ၾကားသိရသမွ်

ကူမင်းမှကွမ်ကျိုးသို့ ခရီးသည် ၁၃၂ ဦးတင်လာသည့် China Eastern Airlines လေယာဉ်ပျက်ကျမှု့ရုပ်သံဖိုင်ထွက်ပေါ်လာ

ကူမင်းမှ ကွမ်ကျိုးသို့ ခရီးသည် ၁၃၂ ဦးတင်လာသည့် China Eastern Airlines လေယာဉ် ဝူကျိုးတွင် ပျက်ကျ

တရုတ်နိုင်ငံ ကူမင်းမြို့မှ ကွမ်ကျိုးသို့ ခရီးသည် ၁၃၂ ဦးတင်ဆောင်လာသည့် China Eastern Airlines ၏

Boeing 737 ခရီးသည်တင်လေယာဉ်သည် ဝူကျိုးတွင်

ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၂၁)ရက်နေ့ ဒေသစံတော်ချိန် ညနေ ၂ နာရီ ၂၂ မိနစ်တွင် ပျက်ကျသွားသည့်နေရာကို

ဒေသမီဒီယာအချို့က အခင်းဖြစ်နေရာရုပ်သံဖိုင် တင်ပြလာသည်ကို တွေ့ရသည်။

လေယာဉ်ပျက်ကျမှုကို လေကြောင်းလိုင်းနှင့် လေကြောင်း အာဏာပိုင်များကလည်း အတည်ပြုထားကြပြီး

ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်နေရာကို သွားနေကြပြီဖြစ်ကြောင်း သိရသည်။

ခရီးသည် (၁၃၂)ဦး တင်ဆောင်သွားသည့် China Eastern Airlines လေယာဉ်သည် အဆက်အသွယ်

စတင်ပြတ်တောက်သည့် ဒေသစံတော်ချိန် ညနေ (၂)နာရီ (၂၂)မိနစ်အချိန်တွင် အမြင့်ပေ (၃)သောင်းခန့်မှ

တစ်နာရီလျှင် (၅၂၃)မိုင်နှုန်းဖြင့် ပျံသန်းနေစဉ် ရုတ်တရက် ထိုးဆင်းကျသွားသည်ကို Flight Radar24.com တွင် တွေ့ရကြောင်း သိရသည်။

အဆိုပါ လေယာဉ်သည် ကူမင်း ချန်ရွှေလေဆိပ်မှ ဒေသစံတော်ချိန် နေ့လယ် (၁၁)နာရီ (၁၁)မိနစ်တွင်

ကွမ်ကျိုး ဘေယန်လေဆိပ်သို့ ပျံသန်းသွားစဉ် လမ်းခုလတ်၌ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်တွင် ခရီးသည် (၁၃၂)ဦးနှင့် လေယာဉ်ဝန်ထမ်း (၉)ဦးတို့ ပါဝင်သည်ဟု တရုတ်လေကြောင်းဌာန

တာဝန်ရှိသူများက အတည်ပြုသည်ဟု တရုတ်သတင်းဌာန China News ကဖေါ်ပြသည်။

ပျက်ကျသွားသည့် Boeing 737 – 800NG လေယာဉ်သည် သက်တမ်း (၇)နှစ်မပြည့်သေးကြောင်း တရုတ်

သတင်းစာတစ်ခုဖြစ်သည့် The Cover က ဖေါ်ပြသည်။

လေယာဉ်ပျက်ကျပြီး တစ်နာရီဝန်းကျင် အကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိတ်လန့်တုန်လှုပ်စရာ

ဖြစ်ရပ်အဖြစ် ထုတ်ဖေါ် ပြောကြားလိုက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ညွှန်ကြားလိုက်ကြောင်း သိရသည်။

မှတ်တမ်းရရှိထားသည့် ရုပ်သံဖိုင်များအရ လေယာဉ်ပျက်ကျရာ တောင်တန်းပေါ်တွင် မီးခိုးများ ထွက်နေသည်ကို

တွေ့ရပြီး လေယာဉ်ပျက်ကျမှုကြောင့် တောမီးလောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။

လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်ကျန်သူ ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

Source: Insider

#TachileikNewsAgency

Unicode,

ကူမင္းမွ ကြမ္က်ိဳးသို႔ ခရီးသည္ ၁၃၂ ဦးတင္လာသည့္ China Eastern Airlines ေလယာဥ္ ဝူက်ိဳးတြင္ ပ်က္က်

တ႐ုတ္ႏိုင္ငံ ကူမင္းၿမိဳ႕မွ ကြမ္က်ိဳးသို႔ ခရီးသည္ ၁၃၂ ဦးတင္ေဆာင္လာသည့္ China Eastern Airlines ၏

Boeing 737 ခရီးသည္တင္ေလယာဥ္သည္ ဝူက်ိဳးတြင္

ယေန႔ ၂၀၂၂ ခုႏွစ္ မတ္လ (၂၁)ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၂ နာရီ ၂၂ မိနစ္တြင္ ပ်က္က်သြားသည့္ေနရာကို

ေဒသမီဒီယာအခ်ိဳ႕က အခင္းျဖစ္ေနရာ႐ုပ္သံဖိုင္ တင္ျပလာသည္ကို ေတြ႕ရသည္။

ေလယာဥ္ပ်က္က်မႈကို ေလေၾကာင္းလိုင္းႏွင့္ ေလေၾကာင္း အာဏာပိုင္မ်ားကလည္း အတည္ျပဳထားၾကၿပီး

ကယ္ဆယ္ေရးအဖြဲ႕မ်ား အခင္းျဖစ္ေနရာကို သြားေနၾကၿပီျဖစ္ေၾကာင္း သိရသည္။

ခရီးသည္ (၁၃၂)ဦး တင္ေဆာင္သြားသည့္ China Eastern Airlines ေလယာဥ္သည္ အဆက္အသြယ္

စတင္ျပတ္ေတာက္သည့္ ေဒသစံေတာ္ခ်ိန္ ညေန (၂)နာရီ (၂၂)မိနစ္အခ်ိန္တြင္ အျမင့္ေပ (၃)ေသာင္းခန႔္မွ

တစ္နာရီလွ်င္ (၅၂၃)မိုင္ႏႈန္းျဖင့္ ပ်ံသန္းေနစဥ္ ႐ုတ္တရက္ ထိုးဆင္းက်သြားသည္ကို Flight Radar24.com တြင္ ေတြ႕ရေၾကာင္း သိရသည္။

အဆိုပါ ေလယာဥ္သည္ ကူမင္း ခ်န္ေ႐ႊေလဆိပ္မွ ေဒသစံေတာ္ခ်ိန္ ေန႔လယ္ (၁၁)နာရီ (၁၁)မိနစ္တြင္

ကြမ္က်ိဳး ေဘယန္ေလဆိပ္သို႔ ပ်ံသန္းသြားစဥ္ လမ္းခုလတ္၌ ပ်က္က်သြားခဲ့ျခင္း ျဖစ္သည္။

ေလယာဥ္တြင္ ခရီးသည္ (၁၃၂)ဦးႏွင့္ ေလယာဥ္ဝန္ထမ္း (၉)ဦးတို႔ ပါဝင္သည္ဟု တ႐ုတ္ေလေၾကာင္းဌာန

တာဝန္ရွိသူမ်ားက အတည္ျပဳသည္ဟု တ႐ုတ္သတင္းဌာန China News ကေဖၚျပသည္။

ပ်က္က်သြားသည့္ Boeing 737 – 800NG ေလယာဥ္သည္ သက္တမ္း (၇)ႏွစ္မျပည့္ေသးေၾကာင္း တ႐ုတ္

သတင္းစာတစ္ခုျဖစ္သည့္ The Cover က ေဖၚျပသည္။

ေလယာဥ္ပ်က္က်ၿပီး တစ္နာရီဝန္းက်င္ အၾကာတြင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ထိတ္လန႔္တုန္လႈပ္စရာ

ျဖစ္ရပ္အျဖစ္ ထုတ္ေဖၚ ေျပာၾကားလိုက္ၿပီး စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္ ၫႊန္ၾကားလိုက္ေၾကာင္း သိရသည္။

မွတ္တမ္းရရွိထားသည့္ ႐ုပ္သံဖိုင္မ်ားအရ ေလယာဥ္ပ်က္က်ရာ ေတာင္တန္းေပၚတြင္ မီးခိုးမ်ား ထြက္ေနသည္ကို

ေတြ႕ရၿပီး ေလယာဥ္ပ်က္က်မႈေၾကာင့္ ေတာမီးေလာင္ကြၽမ္းျခင္း ျဖစ္ႏိုင္ေၾကာင္း ေဒသခံမ်ားက ခန႔္မွန္းထားၾကသည္။

ေလယာဥ္ပ်က္က်မႈအတြင္း အသက္ရွင္က်န္သူ ရွိ၊မရွိကို အတည္ျပဳႏိုင္ျခင္းမရွိေသးပါ။

Source: Insider