ဗဟုသုတ

ပျော်ရွှင်စရာ မိသားစုဘဝ ဖန်တီးဖို့ နှလုံးသွင်းထားရမယ့် တန်ဖိုးများ


ပျော်ရွှင်စရာ ကမ္ဘာကြီး ဖန်တီးဖို့ မိသားစု တိုင်း ပျော်ရွှင် နေဖို့ လိုပါတယ် ။ ပျော်ရွှင်စရာ မိသားစု တစ်စု ဖန်တီးနိုင်ဖို့ စိတ်ပိုင်း ဆိုင်ရာက အဓိကကျပါတယ်။မိသားစုတစ်စုရဲ့ နေ့စဉ် ပြုမူ လှုပ်ရှားမှုတွေမှာ အဲဒီ မိသားစုရဲ့ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေ ထင်ဟပ် နေပြီး နှလုံး သွင်း ထား တဲ့ စိတ်တန်ဖိုးတွေခိုင်မာမှ ပျော်ရွှင်စရာမိသားစုဘ၀ တည် ဆောက် နိုင် မှာ ပါ ။ စိတ်တန်ဖိုး ဆိုတာ တန်ဖိုး ထား ရ မယ့် စိတ်ပိုင်းဆိုင်ရာ ခံယူချက် တွေကို ဆိုလိုတာ ဖြစ်ပါတယ်

( ၁ ) ချစ်ခြင်းမေတ္တာ နှလုံးသွင်းပါ

စိတ်ပိုင်း ဆိုင်ရာ တန်ဖိုးထားမှုတွေမှာ ချစ်ခြင်းမေတ္တာက အခြေခံအကျဆုံးဖြစ်ပြီး မိသားစု တစ်စု အတွက် ( ဒါမှမဟုတ် ) ဘာသာရေး အဆုံးအမ အတွက် အရေးအကြီးဆုံး အစိတ်အပိုင်းပါ ။ ရင်ထဲမှာ ချစ်ခြင်းမေတ္တာ ထည့်မထားနိုင်တဲ့အခါ တစ်ယောက်ယောက် အမှားလုပ်တာနဲ့ ပြစ်ဒဏ်ခတ်ဖို့ အတွေးရောက်တတ်ပါတယ်။ ချစ်ခြင်း မေတ္တာ ထည့်ထား နိုင်ရင်တော့ အဲဒီလို တွေးမိမှာမဟုတ်ပါဘူးချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်ထားတဲ့ မိသားစု တစ်စုဟာ ပြိုကွဲဖို့ ခဲယဉ်းပါတယ် ။ မရှိ သလောက် ပါပဲ ။ ဆက်လက်ဖော်ပြထားတဲ့ အရာတွေ အတွက်လည်း ချစ်ခြင်းမေတ္တာက အခြေခံအုတ်မြစ်ပါ။ ရင်ထဲမှာ ချစ်ခြင်းမေတ္တာ မရှိရင် ကျန်တဲ့အရာတွေကို နှလုံးသွင်း တန်ဖိုးထားနိုင်မှာ မဟုတ်ပါဘူး

( ၂ ) ရန်ငြိုးပယ်သတ် ၊ သည်းခံလျက်

အချို့မိသားစုတွေမှာ တစ်ယောက် နဲ့ တစ်ယောက် နားလည်မှု လွဲတာ ၊ ကတောက်ကဆ ဖြစ်တာမျိုး ရှိ ကြ ပါ တယ် ။ အဲဒီလို ဖြစ်တဲ့အခါ အချို့တွေက မိသားစု ဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်ကို ပြိုကွဲစေမယ့် အငြိုးထားမှု ( ဒါမှမဟုတ် ) စိတ် အစိုင် အခဲ တွေကို ရင်ထဲ သိမ်းထားလေ့ ရှိပါတယ် ။ ဒီအချက်ကို ရှောင်ရမှာပါ ။ ချစ်ခြင်းမေတ္တာရှိတဲ့အခါ ခွှင့်လွှတ် သည်းခံဖို့ လွယ်ကူ ပါတယ် အချို့ အခြေအနေတွေမှာ ပဋိပက္ခဖြစ်ပြီး ချက်ချင်းဆိုသလို မိသားစုတွေ ပြန်စည်းလုံးသွားတာ ချစ်ခြင်း မေတ္တာဆိုတဲ့ ပင်စည်ကနေ ပွင့်ဝေတဲ့ သည်းခံ ခွှင့်လွှတ်မှု ပန်းပွင့်ကြောင့်ပါပဲ

( ၃ ) ငြိမ်းအေးချမ်းသာ ၊ ကြည်လင်စွာ

စိတ်ထဲက ပြဿနာမီး တွေ ကို ငြှိမ်းသတ်နိုင်မှပဲ ငြိမ်းအေးမှု ခံစားရမှာပါ။ ရုပ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှုတွေထက် စိတ်ပိုင်းဆိုင် ရာ တန်ဖိုးတွေကို ပိုအလေးထားသူက သူတို့ ကိုယ်တိုင်တင်မကဘဲ သူတို့နဲ့ဆက်စပ်နေတဲ့ သူတွေကိုပါ ငြိမ်းအေး စေပါတယ် ။ ခွင့်လွှတ် တဲ့ စိတ် ရှိမယ် ။ အငြိုး အတေး မထားဘူး ။ မကျေလည်စရာတွေကို ရှင်းလင်း ထားနိုင် မယ် ဆို ရင် အတွင်း စိတ်ရဲ့ ရောင်ပြန်ဟပ်မှုက အရင်ကထက် ပိုကြည်လင်လာမှာပါ

( ၄ ) အဆိုးကြုံလည်းမမှု ၊ ပျော်အောင်သာပြု

ချစ်ခြင်းမေတ္တာ ၊ ခွင့်လွှတ်စိတ် ၊ ငြိမ်းအေးမှု စတဲ့ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ အခိုင်အမာ နှလုံးသွင်းထားနိုင်သူဟာ ပြဿ နာအခက်အခဲတွေ ကြုံရတဲ့အချိန်မှာလည်း ပိုကောင်းတဲ့ မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ ယုံကြည်စိတ် အခိုင်အမာရှိရမှာပါ။ အဲဒီယုံကြည်ချက်နဲ့ အဆိုးထဲက လွတ်မြောက်မယ့်လမ်းကို တွေ့နိုင်ပါလိမ့်မယ်

ဒီအတွက် အဆိုးကြုံလည်း စိုးရိမ် သောက ဖိစီးနှိပ်စက်မှုဒဏ် မခံစားဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ နေသွား ရမှာပါ။ အခက်အခဲတွေ ကြုံရချိန်မှာ လူတစ်ယောက် ဘယ်လို တုံ့ပြန်မလဲဆိုတာနဲ့ ယှဉ်ပြီး လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ နှလုံးသွင်းမှုကို တိုင်းတာလေ့ရှိပါတယ်။ အဆိုးကြုံလည်း ပျော်အောင်နေဖို့အတွက် ရင့်ကျက်မှုရှိဖို့တော့ လိုပါတယ်

# Credit