ပျဉ်းမနားကဈေးကုန်းဆရာတော်ဘုရားကြီးကိုဒီနေ့မနက် မအလ လာကန်တော့တယ်။မအလလာချိန်မှာ ရှိသမျှအစောင့်တွေအကုန်လုံး တပြိုင်နက်သေနတ်ကိုမောင်းတင်ပီးအသင့်အနေအထားနဲ့စောင့်တယ်။
ကားပေါ်ကဆင်းတော့ဘေးက ကိုယ်ရံတော်လေးယောက်အသင့်အနေထား သူသေမှာတော့ကြောက်သား အများအမြင်အပြောအဆိုခံရမှာကြောက်လို့ကျောင်းပေါက်ဝကားရပ်ပီး ဖိနပ်ချွတ်နဲ့ဆင်းလျှောက်တယ်။အထဲမှာစောင့်တဲ့စစ်သားတွေကတော့ ဖိနပ်စိးလျက်ပဲ။
ဈေးကုန်းဆရာတော်ဘုရားရဲ့ညီတော် ပခုက္ကူနာမည်ကြီးဆရာတော်လာတယ်ဘွဲ့နာမည်တော့မသိ မိုက်နဲ့စကားပြောတယ်။မအလရောက်ချိန် ဒဲ့ပဲပြောတာတက်တဲ့မင်း မူမမှန်လို့ဒီလို ဖြစ်ရတာတဲ့ ဆရာတော်ကပြတ်သားတယ် ဒီလို ပြောလို့မကျေနပ်ရင်ငါပခုက္ကူပြန်မှာငါနဲ့ကပ္ပိယ
နဲ့နှစ်ယောက်ထဲကားနဲ့ပြန်မယ်ကြိုက်တဲ့အဖွဲ့နဲ့ကြိုက်သလို လုပ်နိုင်တယ်တဲ့။မအလကတော့ တင့်ပါ့ဘုရားပေါ့နောက် ထပ်မိန့်တာကဘုရားရှိခိုးတာ။သြကာသဆိုတာ။မြန်မာပြည်မှာဘာသာကိုဆည်းကပ်ကိုးကွယ်တာအလွဲအမှားတွေပြောသွားတယ်။
မအလ အရှိုက်ထိသွားတာတော့အတော့်ကိုဝမ်းသာတယ်။ပြောသွားသေးတယ် ဝဋ်ဆိုတာဘဝမကူးဘူး လက်တွေ့ခံစားရမယ်ဆိုတာပါပြောသွားတယ်။ဘာပဲ ဖြစ်ဖြစ်မနက်ကသွားလိုက်ရတာတန်တယ်ကွာ။
——————–
ပ်ဥ္းမနားကေဈးကုန္းဆရာေတာ္ဘုရားႀကီးကိုဒီေန႔မနက္ မအလ လာကန္ေတာ့တယ္။မအလလာခ်ိန္မွာ ရွိသမွ်အေစာင့္ေတြအကုန္လုံး တၿပိဳင္နက္ေသနတ္ကိုေမာင္းတင္ပီးအသင့္အေနအထားနဲ႔ေစာင့္တယ္။
ကားေပၚကဆင္းေတာ့ေဘးက ကိုယ္ရံေတာ္ေလးေယာက္အသင့္အေနထား သူေသမွာေတာ့ေၾကာက္သား အမ်ားအျမင္အေျပာအဆိုခံရမွာေၾကာက္လို႔ေက်ာင္းေပါက္ဝကားရပ္ပီး ဖိနပ္ခြၽတ္နဲ႔ဆင္းေလွ်ာက္တယ္။အထဲမွာေစာင့္တဲ့စစ္သားေတြကေတာ့ ဖိနပ္စိးလ်က္ပဲ။
ေဈးကုန္းဆရာေတာ္ဘုရားရဲ႕ညီေတာ္ ပခုကၠဴနာမည္ႀကီးဆရာေတာ္လာတယ္ဘြဲ႕နာမည္ေတာ့မသိ မိုက္နဲ႔စကားေျပာတယ္။မအလေရာက္ခ်ိန္ ဒဲ့ပဲေျပာတာတက္တဲ့မင္း မူမမွန္လို႔ဒီလို ျဖစ္ရတာတဲ့ ဆရာေတာ္ကျပတ္သားတယ္ ဒီလို ေျပာလို႔မေက်နပ္ရင္ငါပခုကၠဴျပန္မွာငါနဲ႔ကပၸိယ
နဲ႔ႏွစ္ေယာက္ထဲကားနဲ႔ျပန္မယ္ႀကိဳက္တဲ့အဖြဲ႕နဲ႔ႀကိဳက္သလို လုပ္ႏိုင္တယ္တဲ့။မအလကေတာ့ တင့္ပါ့ဘုရားေပါ့ေနာက္ ထပ္မိန္႔တာကဘုရားရွိခိုးတာ။ၾသကာသဆိုတာ။ျမန္မာျပည္မွာဘာသာကိုဆည္းကပ္ကိုးကြယ္တာအလြဲအမွားေတြေျပာသြားတယ္။
မအလ အရႈိက္ထိသြားတာေတာ့အေတာ့္ကိုဝမ္းသာတယ္။
ေျပာသြားေသးတယ္ ဝဋ္ဆိုတာဘဝမကူးဘူး လက္ေတြ႕ခံစားရမယ္ဆိုတာပါေျပာသြားတယ္။ဘာပဲ ျဖစ္ျဖစ္မနက္ကသြားလိုက္ရတာတန္တယ္ကြာ။



