ဗဟုသုတ

” သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ …

” သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ …

လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါး အိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်..

ဒါပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူ

တွေခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်

အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ…

(၁) ပူလောင်ခြင်း …

သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင် ခြင်းပါပဲ

သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ

အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ပါဘူး။တစ်ခါတလေ အလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး ရှားရှားတွေဖြစ်ပြီးဘာတွေကို ဒေါသထွက်လို့ ထွက်မှန်း မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။

(၂) စိုးရိမ်ထိတ်လန့်ခြင်း …

ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း ပူပင်သောက ရောက်နေရမှာပါ

ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ ဘယ်တော့များ တခြားသူနောက်ပြန်ပါသွားမလဲ…?

ကိုယ့်ကိုယ်ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန် လုံး စိုးရိမ်သောကရောက်နေရမှာပါ

ဒါ့အပြင် ကြာလာတဲ့အခါ သူတို့ကြားမှာနည်းနည်း လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရမှာပါ

(၃) ဝဋ်လည်ခြင်း …

ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ် ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်…

ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်ကျအောင်၊ ရင်ကွဲအောင်၊ နာကျင်အောင်လုပ်ခဲ့သမျှ သူတို့ပြန်ခံစားရမှာပါ။

သူတစ်ပါးမျက်ရည်နဲ့ တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း လာမှာ မဟုတ်သလို

တစ်ချိန်မှာ ကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့ အခါကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး

(၄) လူတွေရဲ့အထင်အမြင်သေးခြင်း …

သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေဟာ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်ပဲ

ပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေးစားတော့မှမဟုတ်သလိုဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာ မဟုတ်ပါဘူး။သူတို့ရဲ့ စည်းစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်ယံပေါင်းချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့ကို အထင်အမြင်အရမ်းသေးနေမှာဖြစ်ပါတယ်…

ဒုက္ခရောက်တဲ့ အချိန်တွေမှာတောင် ကူညီမယ့်သူတစ် ယောက်မှ ရှိမှာ မဟုတ်ပါဘူး

(၅) နောင်တတရား …

သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိပါတယ်…

သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာဘယ်သူမှ သူတို့အနားမှာရှိတော့မှာမဟုတ်ပါဘူး။အရင်အချိန်တွေ၊ အရင်တုန်းကဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှ ပြန်ပြီးမဖြူစင်နိုင်တော့ပါဘူး

လေးစားလျက် ချစ်သမီးလေး …

#credit