က်မၼာေရး ဗဟုသုတ

ခေါင်းကိုက်ခြင်းကို အမြန်ဆုံးသက်သာစေမယ့် နည်းလမ်း (၁၀) ခု

အရွယ်ရောက်ပြီး လူဦးရေရဲ့ တစ်ဝက်နီးပါးလောက်က တစ်နှစ်ကို အနည်းဆုံး တစ်ခါလောက် ခေါင်းကိုက်တယ်လို့ လေ့လာမှုတွေက ပြောပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံး ကိုက်ခြင်းဆိုပြီး ခေါင်းကိုက်ပုံကိုက်နည်းတွေ အများကြီး ရှိပါတယ်။ စိတ်ညစ်စရာတွေကြောင့် ခေါင်းကိုက်တတ်သလို မျက်စိအမြင်အာရုံမှာ ပြဿနာဖြစ်လို့လည်း ခေါင်းကိုက်ပါတယ်။

စိတ်ညစ်ခြင်းကြောင့် ခေါင်းကိုက်တဲ့လူပေါင်း 1.6 သန်းခန့် ရှိပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့၊ မြန်ဆန်တဲ့ ခေါင်းကိုက်ပျောက် လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။

1. အပူချိန်ကုထုံး

ရေနွေးနဲ့ ရေချိုးခြင်းက တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဒါပေမယ့် ရေကို အကြာကြီးတော့ မချိုးသင့်ပါဘူး။

2. ရနံ့ကုထုံး

လာဗင်ဒါပန်းရနံ့ဆီက ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ လာဗင်ဒါရနံ့ဆီကို နဖူးပေါ်မှာ ညင်သာစွာလိမ်းပေးပြီး ခဏလောက် အနားယူလိုက်ပါ။ ပက်ပါမင့်ဆီကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

3. ရေသောက်ခြင်း

ရေဓာတ် ဆုံးရှုံးတာကြောင့်လည်း ခေါင်းကိုက်ပါတယ်။ ဒါပေမယ့် ရေသောက်များရင်လည်း သွေးထဲက ဆိုဒီယမ်တွေမှာ ရေရောလာမှာပါ။ ရေဓာတ်ဆုံးရှုံးရင် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

4. သဘာဝသစ်သီးများနှင့် ကုသခြင်း

ခေါင်းကိုက်ခြင်းကို ကုသဖို့အတွက် ဂျင်းကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ခေါင်းကိုက်တဲ့အချိန်မှာ ဂျင်းပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။

5. လက်ကိုနှိပ်နယ်ပေးခြင်း

လက်မနဲ့ လက်ညှိုးဆုံရာနေရာကို 10 စက္ကန့် နှိပ်နယ်ပေးရမှာပါ။ 10 စက္ကန့်ကြာပြီးရင် လက်တစ်ဖက်စီကို ပြောင်းပြီးနှိပ်ပေးပါ။ လက်မနဲ့ လက်ညှိးနေရာကို နှိပ်နယ်ပေးတဲ့အခါ ခေါင်းနဲ့လည်ပင်း တင်းနေတာတွေ ပြေလျော့ပြီး ခေါင်းကိုက်သက်သာသွားပါတယ်။

6. ခြေထောက်ကို နှိပ်နယ်ပေးခြင်း

ခြေကျင်းဝတ်နဲ့ လက်လေးလုံးအကွာနေရာကို နှိပ်ပေးရမှာပါ။ အဲဒီနေရာကို San Yin Jiao အမှတ်လို့လည်း ခေါ်ပါတယ်။ San Yin Jiao အမှတ်ကို နှိပ်နယ်ပေးရင် စိတ်ဖိစီးမှုတွေ ပြေလျော့ပြီး စိတ်တည်ငြိမ်စေပါတယ်။

7. ခေါင်းအနောက်ကို နှိပ်နယ်ပေးခြင်း

ဦးခေါင်းရဲ့အောက်ဘက်မှာရှိတဲ့ အချိုင့်လေးနှစ်ခုကို နှိပ်ပေးရမှာပါ။ လက်ခလယ်နဲ့ လက်ညှိုးကို သုံးပြီး 10 စက္ကန့်ကြာအောင် နှိပ်နယ်ပေးရမှပါ။ ဒီနည်းက ဇက်ကြောတက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

8. Drilling Bamboo အမှတ်ကို နှိပ်နယ်ပေးခြင်း

Drilling Bamboo ဆိုတာ နှာခေါင်းရိုးနဲ့ မျက်ခုံးအစွန်တို့ ဆုံတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာကို10 စက္ကန့်ကြာ နှိပ်နယ်ပေးရမှာပါ။ Drilling Bamboo ကို နှိပ်နယ်ပေးတဲ့အခါ မျက်ရိုးကိုက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

9. ပုခုံးကို နှိပ်နယ်ပေးခြင်း

ပုခုံးကို 1 မိနစ်ကြာ နှိပ်နယ်ပေးရမှာပါ။ အဲဒီလို နှိပ်နယ်ပေးရင် လည်ပင်းနဲ့ ပုခုံး တောင့်တင်းနေတာတွေ ပြေလျော့သွားပြီး ခေါင်းကိုက်သက်သာသွားမှာပါ။

10. နားထင်ကို နှိပ်နယ်ပေးခြင်း

လက်ခလယ်နဲ့ လက်ညှိးကိုသုံးပြီး ခေါင်းကိုက်သက်သာလာတဲ့ အထိ နားထင်နေရာကို ညင်ညင်သာသာ နှိပ်ပေးရမှာပါ။ နားထင်ကို နှိပ်ပေးခြင်းက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

LoveMedia