က်မၼာေရး ဗဟုသုတ
ချွေးပေါက်ကျယ်တဲ့ အသားအရေကို ကျဉ်းစေမယ့်နည်း (၅) ခု
ချွေးပေါက်ကျယ်တယ် ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်ပါတယ်။ ဒါပေမယ့် ချွေးပေါက်ကျယ်လို့ စိတ်ညစ်စရာ မလိုပါဘူး။ ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းတွေ ရှိနေပါပြီ။
၁။ တစ်နေ့ကို မျက်နှာ ၂ ခါ သစ်ပါ။
သင့်ရဲ့မျက်နှာကို pH ညီမျှစွာ ပါဝင်တဲ့ cleanser နဲ့ မနက်တစ်ကြိမ် ညတစ်ကြိမ် ကြက်သီးနွေးရေလေးနဲ့ သစ်ပေးပါ။ ဒီလို မျက်နှာသစ်တာက မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေလည်း ကျဉ်းလာပါတယ်။ မျက်နှာကို ကြမ်းကြမ်းတမ်းတမ်း မပွတ်တိုက်ဖို့ အရေးကြီးပါတယ်။
၂။ ရွှံ့စေး mask ကို သုံးပါ။
တစ်ပတ်ကို ရွှံ့စေးmask တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကပ်ပေးခြင်းက အသားအရေကို ပိုမိုချောမွေ့ လာစွောတယ်။ ချွေးပေါက်ကျယ်သူက sheet mask ကို သုံးရင် ချွေးပေါက်က ပိုကျယ်လာပါတယ်။
၃။ Active ingredient များကို အသုံးပြုပါ။
Salicylic acid, azelaic acid နဲ့ retionl တို့ကို အသုံးပြုပါ။ ဒီလို ingredient တွေက ချွေးပေါက်ပိတ်နေတာကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။ ဒါပေမယ့် active ingredient တွေကို အလွန်အကျွံသုံးတဲ့အခါ အသားအရေနီမြန်းလာတာ ဖြစ်လာတတ်ပါတယ်။
၄။ Moisturizer ကို နေ့စဉ်အသုံးပြုပါ။
သင့်မျက်နှာ အသားအရေကို ရေဓါတ်ဖြည့်ဖို့၊ နူးညံ့ဖို့အတွက် moisturizer ကို နေ့စဉ်အသုံးပြုပါ။ သင့်အသားအရေက ထိလွယ်ရှလွယ်တယ် ဆိုရင် ရေမွှေးနံ့မပါတဲ့ moisturizer ကို ရွေးချယ်တာ ပိုကောင်းပါတယ်။ သင်က အဆီပြန်တတ်တဲ့ အသားအရေဆိုရင် moisturizer ကို သုံးဖို့ မကြောက်ပါနဲ့။ အဆီမပါတဲ့ gels တွေကို သုံးလို့ရပါတယ်။
၅။ Sunscreen ကို နေ့စဉ်လိမ်းပါ။
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ မနက်ခင်း skin care လုပ်တဲ့အခါ sunscreen ကို နောက်ဆုံးအဆင့်မှာ အမြဲလိမ်းပါ။ SPF 30 သို့မဟုတ် 30 ထက်ပိုတဲ့ sunscreen က ပိုပြီး ရွေးချယ်ပါတယ်။
အပြင်ကနေ ပြန်လာပြီးရင်လည်း ထပ်လိမ်းပါ။ Sunscreen ကို ပုံမှန်မလိမ်းရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လွယ်ပြီး ချွေးပေါက်တွေက ပိုကျယ်လာပါတယ်။
crd-original writer
for zawgyi
crd-original writer