က်မၼာေရး ဗဟုသုတ

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတက်ရင်

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတက်ရင်

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ်

ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး

မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။

ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို

ကောင်းကောင်းကြီး သိပါတယ်။

ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ်

postural hypotensionလို့ ခေါ်ပါတယ်။

ဆေးစကားနဲ့ ဆိုရင်တော့

orthostatic hypotensionပေါ့။ အတူတူပါပဲ။

တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ

လေများဖြတ်တာလား၊

ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး

လန့်တတ်ကြပါတယ်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ။

ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ

ပြောပြပေးပါ့မယ်။

ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။

မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက

ခြေထောက်မှာ လာစုနေတဲ့အတွက်

နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။

ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။

ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက

ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး

နှလုံးကို မြန်မြန် ညှစ်ခိုင်းတဲ့အတွက်

သွေးပေါင်ချိန်ကို ထိန်းထားနိုင်တာပါ။

Orthostatic hypotensionမှာ

ဒီဖြစ်စဉ်ပျက်ယွင်းသွားတဲ့အတွက် သွေးပေါင်ကျပြီး

မူးလာတာပါ။ အကြောင်းရင်းတွေကတော့

ရေဓာတ်ခန်းခြောက်တာ

ဒီလို ပူတဲ့အချိန်မှာ ရေကို လုံလောက်အောင် မသောက်ဘူး။

ဝမ်းလျှောတာ၊ အန်တာ၊ လေ့ကျင့်ခန်းတွေ

အပြင်းအထန်လုပ်တာ စတာတွေကြောင့်

ရေဓာတ်ဆုံးရှုံးမယ်ဆိုရင် ကိုယ်ထဲမှာ

အရည်နည်းလာပြီး သွေးပေါင်ကျလာပါမယ်။

နှလုံးပြဿနာ

နှလုံးခုန်နှုန်းနှေးတာ၊ နှလုံးအဆို့ရှင်မကောင်းတာ၊

နှလုံးက ကောင်းကောင်း မညှစ်နိုင်တာ စတဲ့

ပြဿနာတွေမှာ သွေးပေါင်ကျတတ်ပါတယ်။

ဒီလိုအခြေအနေမှာ မတ်တပ်ရပ်လို့

သွေးပေါင်ကျသွားရင်တောင် ပြန်ဆွဲတင်ဖို့ မလွယ်ပါဘူး။

ဟော်မုန်း ပြဿနာ

သိုင်းရွိုက်ပြဿနာ၊ Addison ရောဂါ၊

သွေးချိုကျတာ စတာတွေက orthostatic hypotensionကို

ဖြစ်စေပါတယ်။

ဆီးချိုသမားတွေကျတော့ အာရုံကြောမကောင်းတဲ့အတွက်

သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို

သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျရတာပါ။

အာရုံကြောပြဿနာ

ပါကင်ဆန်လိုမျိုး အာရုံကြောရောဂါတွေမှာ

အာရုံကြောထိခိုက်ထားတဲ့အတွက်

သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို

သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျနိုင်ပါတယ်။

အစာစားပြီးပြီးချင်း

ထူးထူးခြားခြား တချို့လူတွေမှာ

အစာစားပြီးခါစမှာ သွေးပေါင်ကျတတ်ပါတယ်။

လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။

အသက်ကြီးတဲ့သူတွေ (အထူးသဖြင့် အသက် ၆၅နှစ်

အထက်တွေ) ဆီးဆေးတွေ၊ သွေးပေါင်ကျဆေးတွေ

သောက်နေတဲ့သူတွေ ပါကင်ဆန်ရောဂါအတွက်

ဆေးတွေ ဒါမှမဟုတ် စိတ်ကျဆေး၊

မူးယစ်ဆေး သောက်နေတဲ့ သူတွေ

ရာသီဥတု ပူလွန်းပြီး ချွေးထွက်များတဲ့သူတွေ

သွေးအားနည်းတဲ့သူတွေ အိပ်ရာထဲ

အချိန်အကြာကြီး လဲနေတဲ့သူတွေ

(အားပြတ်နေတဲ့အပြင် ရုတ်တရက် ထဖို့

ကြိုးစားမယ်ဆိုရင် သွေးပေါင်ကျတတ်ပါတယ်။)

ကိုယ်ဝန်ဆောင်နေချိန်

(ကိုယ်ဝန်ဆောင်နေတဲ့ချိန်မှာ သွေးကြောတွေ

ကျယ်လာတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။

မွေးပြီးရင်တော့ နဂိုအတိုင်း ပြန်ဖြစ်သွားပါတယ်။)

အရက်သောက်တဲ့သူတွေ

ဘာလက္ခဏာတွေ ခံစားရမှာလဲ။

အတွေ့အများဆုံးကတော့ အထိုင်အထမှာ မူးတာပေါ့။

ဒါ့ပြင် မျက်လုံးတွေပြာတာ၊ ဝါးတာ အားနည်းတာ၊

မိုက်ခနဲ ဖြစ်သွားတာ သတိလစ်တာပျို့တာ

စတာတွေ ဖြစ်တတ်ပါတယ်။

ဘာအန္တရာယ် ဖြစ်နိုင်လဲ။

ဒီလိုမျိုး ခဏခဏ ဖြစ်နေမယ်ဆိုရင် အန္တရာယ်များပါတယ်။

အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာပေါ့။

ချော်လဲတာ – မူးလဲတဲ့အခါ တစ်ခုခုနဲ့ တိုက်မိပြီး

ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။

လေဖြတ်တာ – ဒီလိုမျိုး သွေးပေါင်က အတက်အကျဖြစ်ပြီ

း မငြိမ်ဘူးဆိုရင် ဦးနှောက်ကို သွေးကောင်းကောင်း

မရောက်ဘဲ လေဖြတ်နိုင်ချေ ရှိပါတယ်။

Orthostatic hypotensionဖြစ်တိုင်း

လေဖြတ်တာ မဟုတ်ပေမယ့် ခဏခဏ

ဖြစ်နေမယ်ဆိုရင် လေဖြတ်နိုင်ချေရှိပါတယ်။

နှလုံးရောဂါ –

ရေရှည်မှာ နှလုံးရောဂါရဲ့ နောက်ဆက်တွဲတွေ ဖြစ်တဲ့

ရင်ဘတ်အောင့်တာ၊ နှလုံးကောင်းကောင်း မညှစ်နိုင်တာ၊

နှလုံးခုန်မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။

အထိုင်အထ မမူးအောင်

ဘယ်လို ဆင်ဆင်ခြင်ခြင်နေကြမလဲ။

ဆားပိုစားပါ။ သွေးပေါင်တက်အောင်

ဆားနည်းနည်း ပိုစားပါ။

စားဖို့ လိုမလို၊ ဘယ်လောက်ပိုစားရမလဲဆိုတာကို

ဆရာဝန်နဲ့ တိုင်ပင်ပါ။

များသွားရင်လည်း သွေးတိုးနိုင်လို့ပါ။

နည်းနည်းစီ စားပါ။

အစာစားပြီးတိုင်း သွေးပေါင်ကျတတ်ရင် နည်းနည်းစီစားပါ။

အထူးသဖြင့် ကာဘိုဟိုက်ဒရိတ်ပါတဲ့

အစားအစာတွေကိုပါ။

အားဆေးသောက်ပါ။ သွေးအားနည်းတာရော၊

ဗီတာမင်B12 ချို့တဲ့တာရောက

orthostatic hypotensionကို ပိုဆိုးစေပါတယ်။

ဒါကြောင့် အားဆေး သောက်ကြည့်ပါ။

ရေများများ သောက်ပါ။

ရေဓာတ်ပြည့်ဝနေတာက သွေးပေါင်ကျတာကို

ကာကွယ်ပေးပါတယ်။ မတ်တပ်အကြာကြီး ရပ်ရမယ်။

ရေဓာတ်ခန်းမယ့် လေ့ကျင့်ခန်းတွေ လုပ်ရမယ်ဆိုရင်

ရေကြိုသောက်ထားပါ။

အရက်လျှော့ပါ။ ရှောင်နိုင်ရင် ပိုကောင်းပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ။

ဒါက orthostatic hypotensionရဲ့ လက္ခဏာတွေကို

သက်သာစေပါတယ်။

ဒါပေမယ့် ပူလွန်းတဲ့အချိန်မှာ ပြင်းထန်နဲ့

လေ့ကျင့်ခန်း လုပ်တာကို ရှောင်ပါ။

ထိုင်နေရာက မတ်တပ်ပြန်မရပ်ခင် ခြေထောက်ကို

အကြောလျှော့ဖို့ မမေ့ပါနဲ့။

ခါးမကုန်းပါနဲ့။ တစ်ခုခုပြုတ်ကျသွားတဲ့အခါ

ခါးကုန်းပြီးကောက် ပြီးတော့ ဆတ်ခနဲ မတ်လိုက်တာက

သင့်ကို မူးစေပါလိမ့်မယ်။ ထိုင်ပြီး ဒါမှမဟုတ် ဒူးကွေးပြီး ကောက်ပါ။

ခြေအိတ်စွပ်ပါ။ orthostatic hypotension

ခဏခဏ ရတတ်ရင် ခြေသလုံးထိ ခြေအိတ်စွပ်ထားပါ။

အသားကပ်ခြေအိတ် လည်းရပါတယ်။

အထူးသဖြင့် မတ်တပ်အကြာကြီး

ရပ်ရမယ့် အချိန်မှာပေါ့။

အိပ်ရင်တော့ ချွတ်အိပ်ပါ။

ဖြည်းဖြည်းထပါ။ ကိုယ်က အထိုင်အထ မူးတတ်ရင်

ဖြည်းဖြည်းထပါ။

အထူးသဖြင့် လူကြီးတွေ အိပ်နေရာက ထမယ်ဆို

၁မိနစ်လောက် အရင်ထိုင်ပြီးမှ ဖြည်းဖြည်းထပါ။

ခေါင်းမြှင့်ပြီး အိပ်ပါ။

အကြာကြီး မတ်တပ်ရပ်ရမယ်ဆို ခြေထောက်ကို လှုပ်နေပါ။

အကြာကြီး ခြေထောက်တောင့်ရင် ပိုဖြစ်ပါတယ်။

ရပ်နေတုန်း လက္ခဏာတွေ ပေါ်လာရင် ထိုင်လိုက်ပါ။

ထိုင်ထို့ အဆင်မပြေရင် ခြေသလုံး ကြွက်သားတွေကို

နှိပ်ပေးပါ။ ဒါမှမဟုတ် ခုံအစွန်းမှ ထိုင် ခြေဆန့်ပြီး

ရှေ့ကို ကုန်းပါ။

ဒီနည်းလမ်းတွေက ခြေထောက်က သွေးတွေ

နှလုံးဆီရောက်အောင် ကူညီပေးပါလိမ့်မယ်။

Credit – Hello Health

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတက်ရင်

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ်

ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး

မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။

ၾကဳံဖူးတဲ့သူကို ဒီခံစားခ်က္ကို

ကောင်းကောင်းကြီး သိပါတယ်။

ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ်

postural hypotensionလို့ ခေါ်ပါတယ်။

ဆေးစကားနဲ့ ဆိုရင်တော့

orthostatic hypotensionပေါ့။ အတူတူပါပဲ။

တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ

လေများဖြတ်တာလား၊

ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး

လန့်တတ်ကြပါတယ်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ။

ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ

ပြောပြပေးပါ့မယ်။

ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။

မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက

ခြေထောက်မှာ လာစုနေတဲ့အတွက်

နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။

ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။

ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက

ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး

နှလုံးကို မြန်မြန် ညှစ်ခိုင်းတဲ့အတွက်

သွေးပေါင်ချိန်ကို ထိန်းထားနိုင်တာပါ။

Orthostatic hypotensionမွာ