အသိပညာ

မိသားစုတစ်ခုမှာ မိသားစု စိတ်ဓာတ်ပိုပြီး ရှိတဲ့လူက ပိုပြီး ပင်ပန်းရတာပါ..

(Zawgyiျဖင့္ ဖတ္ရန္)

မိသားစုတစ္ခုမွာအႀကီးမို႔ အငယ္မို႔ ပိုၿပီး အနစ္နာခံ ရတယ္ ပိုၿပီး ပင္ပန္း ရတယ္လို႔ မရိွပါဘူး..မိသားစုတစ္စုမွာ မိသားစု စိတ္ဓာတ္ပိုၿပီး ရိွတဲ့လူကသာ ပိုၿပီး လူပင္ပန္း စိတ္ပင္ပန္းရတာပါ ။

မိသားစုစိတ္ဓာတ္ဆိုတာ တာဝန္ယူ တတ္တဲ့ စိတ္ တာဝန္သိ တတ္တဲ့ စိတ္ပါပဲ ။ကိုယ့္ တစ္ေယာက္တည္း အတြက္ အဆင္ေျပမယ့္ အရာကို မေရြးပဲ

မိသားစုေလးေယာက္ ရိွတဲ့ အခါ ေလးေယာက္လံုး အဆင္ေျပေစခ်င္တဲ့ ဆႏၵ၊ငါးေယာက္ရိွတဲ့အခါ ငါးေယာက္လံုး အဆင္ေျပေစခ်င္တဲ့ ဆႏၵေပါ့

အရာရာမွာ ကိုယ္ျဖစ္ခ်င္ေနတာထက္ ျဖစ္သင့္ ျဖစ္ထိုက္တာကို ပိုၿပီးေရြးခ်ယ္တဲ့ အတြက္ သာမန္ထက္ပိုၿပီး စြန႔္လႊတ္ ရတာေတြ မ်ားတတ္ ပါတယ္ ။

ဥပမာ – ကိုယ္မက္ခဲ့တဲ့ အိပ္မက္ေတြ မိသားစုအတြက္ ေမ့ပစ္ လိုက္ရတာ မ်ိဳးေပါ့..ကိုယ္ျဖစ္ခ်င္ေန တဲ့ အရာေတြထက္ အႀကီးမွသည္ အငယ္အဆံုး သူတို႔ရဲ့ရည္မွန္းခ်က္ေတြကို ပိုၿပီးျဖၫ့္ဆည္းေပး တတ္တယ္ ။

ေနာက္ဆံုး ကိုယ္သာ ဘာမွ မဟုတ္တဲ့ လူတစ္ေယာက္ အျဖစ္ က်န္ခဲ့ ရတာေလ.. အိမ္ကို ပိုၿပီး သံေယာဇဉ္ ႀကီးတတ္တဲ့သူက ရပ္ေဝးမသြားႏိုင္ နယ္ေဝး မထြက္ႏိုင္နဲ႔ ေျခခ်ဳပ္ မိေနသလိုမ်ိဳးေပါ့..

အိမ္ကို ပိုၿပီး တြယ္တာေလေလ ကိုယ့္မွာပိုၿပီး ဆင္ျခင္ ရေလေလ ပိုၿပီး စြန႔္လႊတ္ ရေလေလ ပါပဲ..ကိုယ့္မွာ လိုခ်င္တာေတြ ရိွလာခဲ့ ရင္ေတာင္ ငဲ့ကြက္ရင္ မလိုခ်င္ေယာင္ေတြ ေဆာင္လာ တတ္တယ္။

မိသားစုတစ္ခုမွာအႀကီး ျဖစ္ေနလို႔ ပိုၿပီး အနစ္နာခံ ရတယ္..အငယ္ျဖစ္ေနလို႔ ပိုၿပီး အနစ္နာခံ ရတယ္လို႔ မဟုတ္ ပါဘူး..

မိသားစုအေပၚ ငဲ့ၫွာသနားတတ္တဲ့သူ မိသားစု စိတ္ဓာတ္အျပည့္ရိွတဲ့ သူကသာ ပိုၿပီး ပင္ပန္း ရတာပါ ။

(Unicodeဖြင့် ဖတ်ရန်)

မိသားစုတစ်ခုမှာအကြီးမို့ အငယ်မို့ ပိုပြီး အနစ်နာခံ ရတယ် ပိုပြီး ပင်ပန်း ရတယ်လို့ မရှိပါဘူး..မိသားစုတစ်စုမှာ မိသားစု စိတ်ဓာတ်ပိုပြီး ရှိတဲ့လူကသာ ပိုပြီး လူပင်ပန်း စိတ်ပင်ပန်းရတာပါ ။

မိသားစုစိတ်ဓာတ်ဆိုတာ တာဝန်ယူ တတ်တဲ့ စိတ် တာဝန်သိ တတ်တဲ့ စိတ်ပါပဲ ။ကိုယ့် တစ်ယောက်တည်း အတွက် အဆင်ပြေမယ့် အရာကို မရွေးပဲ

မိသားစုလေးယောက် ရှိတဲ့ အခါ လေးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒ၊ငါးယောက်ရှိတဲ့အခါ ငါးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒပေါ့

အရာရာမှာ ကိုယ်ဖြစ်ချင်နေတာထက် ဖြစ်သင့် ဖြစ်ထိုက်တာကို ပိုပြီးရွေးချယ်တဲ့ အတွက် သာမန်ထက်ပိုပြီး စွန့်လွှတ် ရတာတွေ များတတ် ပါတယ် ။

ဥပမာ – ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေ မိသားစုအတွက် မေ့ပစ် လိုက်ရတာ မျိုးပေါ့..ကိုယ်ဖြစ်ချင်နေ တဲ့ အရာတွေထက် အကြီးမှသည် အငယ်အဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေး တတ်တယ် ။

နောက်ဆုံး ကိုယ်သာ ဘာမှ မဟုတ်တဲ့ လူတစ်ယောက် အဖြစ် ကျန်ခဲ့ ရတာလေ.. အိမ်ကို ပိုပြီး သံယောဇဉ် ကြီးတတ်တဲ့သူက ရပ်ဝေးမသွားနိုင် နယ်ဝေး မထွက်နိုင်နဲ့ ခြေချုပ် မိနေသလိုမျိုးပေါ့..

အိမ်ကို ပိုပြီး တွယ်တာလေလေ ကိုယ့်မှာပိုပြီး ဆင်ခြင် ရလေလေ ပိုပြီး စွန့်လွှတ် ရလေလေ ပါပဲ..ကိုယ့်မှာ လိုချင်တာတွေ ရှိလာခဲ့ ရင်တောင် ငဲ့ကွက်ရင် မလိုချင်ယောင်တွေ ဆောင်လာ တတ်တယ်။

မိသားစုတစ်ခုမှာအကြီး ဖြစ်နေလို့ ပိုပြီး အနစ်နာခံ ရတယ်..အငယ်ဖြစ်နေလို့ ပိုပြီး အနစ်နာခံ ရတယ်လို့ မဟုတ် ပါဘူး..

မိသားစုအပေါ် ငဲ့ညှာသနားတတ်တဲ့သူ မိသားစု စိတ်ဓာတ်အပြည့်ရှိတဲ့ သူကသာ ပိုပြီး ပင်ပန်း ရတာပါ ။