မိုးေလ၀သ

ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမယ့်ဒေသများ

ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမယ့်ဒေသများနှင့် နေ့စဉ်မိုးလေဝသ သတင်း

ဇွန်လ ၂၂ရက်နေ့မှ ၂၅ရက်နေ့အတွင်းမြစ်ကြီးနား ဝိုင်းမော် ဆဒုံး ချီဘွေ ကန်ပိုက်တီ မိုးတွေရွာနိုင်ပါတယ်

၂၀၂၁ ဇွန်လ ၂၈ရက်နေ့မှ ဇူလိုင်လ ၅ရက်နေ့အတွင်း ကခထင်ပြည်နယ်အထက်ပိုင်းတွင် ထူးကဲမိုးများ များစွာရလာသွန်းနိုင်ပြီး ဧရာဝတီမြစ် ချင်းတွင်းမြစ်ရေများ စိုးရိမ်ရေမှတ်များ သို့ ရောက်ရှိလာနိုင်ပါတယ်

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော် အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား၊

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်း နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၆ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအသင့်အတင့်ရှိမည်

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အမနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါသည်

————————

ဇြန္လ ၂၂ ရက္ေန႔မွ ၂၅ ရက္အတြင္း မိုး႐ြာသြန္းမယ့္ေဒသမ်ားႏွင့္ ေန႔စဥ္မိုးေလဝသ သတင္း

ဇြန္လ ၂၂ရက္ေန႔မွ ၂၅ရက္ေန႔အတြင္းျမစ္ႀကီးနား ဝိုင္းေမာ္ ဆဒုံး ခ်ီေဘြ ကန္ပိုက္တီ မိုးေတြ႐ြာႏိုင္ပါတယ္

၂၀၂၁ ဇြန္လ ၂၈ရက္ေန႔မွ ဇူလိုင္လ ၅ရက္ေန႔အတြင္း ကခထင္ျပည္နယ္အထက္ပိုင္းတြင္ ထူးကဲမိုးမ်ား မ်ားစြာရလာသြန္းႏိုင္ၿပီး ဧရာဝတီျမစ္ ခ်င္းတြင္းျမစ္ေရမ်ား စိုးရိမ္ေရမွတ္မ်ား သို႔ ေရာက္ရွိလာႏိုင္ပါတယ္

၂၀၂၁ ခုႏွစ္၊ ဇြန္လ ၂၂ ရက္ေန႔ ညေန ၄:၀၀ နာရီအခ်ိန္ ထုတ္ျပန္ခ်က္

ဘဂၤလားပင္လယ္ေအာ္ အေျခအေန။ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားအသင့္အတင့္ ရွိေနပါသည္

မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္းႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ေနရာကြက္က်ား၊

မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊

စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ရွမ္းျပည္နယ္ ေတာင္ပိုင္း ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္

က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ ရခိုင္ျပည္နယ္တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္

ျမန္မာ့ပင္လယ္ျပင္။ လႈိင္းအသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ၆ေပမွ ၈ ေပခန႔္ ရွိႏိုင္ပါသည္

ေနာက္ ၂ ရက္အတြက္ခန႔္မွန္းခ်က္။ မုတ္သုံေလ အားအသင့္အတင့္ရွိမည္

ေနျပည္ေတာ္ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္

ရန္ကုန္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အမနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္။ ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ပါသည္

မႏၲေလးၿမိဳ႕ႏွင့္အနီးတစ္ဝိုက္အတြက္မနက္ျဖန္နံနက္အထိခန႔္မွန္းခ်က္။ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္း ၆၀ ျဖစ္ပါသည္