တစ်ပတ်အတွင်း ရေကြီးနိုင်တယ် သတိထား.. မုန်တိုင်းလာတော့မယ်…ဆိုတာ ကြိုတင်သတိပေးပါရစေ။
ECMWF Model ၏ ကြိုတင်ခန့်မှန်းချက် UPDATE(ဇူလိုင် ၃၁ ရက် ည ၈ နာရီ) တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်မှာ ဩဂုတ်လ ၃ ရက်နေ့တွင် စတင်ဖြစ်ပေါ်လာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်းဟာ အရင် ခန့်မှန်းချက်တွေလို ၂ ကြိမ် သီးခြားစီခွဲပြီး ဖြစ်နိုင်မှာမဟုတ်တော့ပဲ မုန်တိုင်းအဆင့်ရောက်လာတဲ့အထိ ဩဂုတ်လ ၃ ရက်မှ ၉ ရက်အတွင်း လေဖိအားနည်း
ရပ်ဝန်းအဆင့်မှ ပိုမိုအားကောင်းလာပြီး မုန်တိုင်းအဆင့်အထိ ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။ ရက်အလိုက် ဖြစ်နိုင်မဲ့ ရွေ့လျားမှုလမ်းကြောင်းအခြေအနေပုံများကို တင်ပေးထားပါတယ်။
ယခင်ခန့်မှန်းချက်တွေမှာ မတွေ့ခဲ့ရတဲ့ ထူးခြားချက်တစ်ခုကတော့ တောင်တရုတ်ပင်လယ်ပြင်မှာ ဩဂုတ်လ ၈ ရက်နေ့က စတင်ဖြစ်လာနိုင်မဲ့ မုန်တိုင်းငယ်တစ်လုံးပါဘဲ။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းကိုအရောက်မှာ အားပိုကောင်းလာပြီး မုန်တိုင်းအဆင့်ရောက်လာမဲ့ မုန်တိုင်းနဲ့ တောင်တရုတ်ပင်လယ်က မုန်တိုင်း တို့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးသက်လေပြင်းများကျပြီး မိုးများနိုင်မဲ့ အခြေအနေကတော့ ဖြစ်နိုင်ခြေ ၉၀%
အထိရှိနေပါတယ်။ ဒီမုန်တိုင်း ၂ လုံးစလုံးက မြန်မာပြည်ကို ဦးတည်တိုက်ခတ်နိုင်မှာတော့ မဟုတ်ပေမဲ့ မုန်တိုင်း ၂ လုံးကြားကို ရောက်နေမှာဖြစ်တာကြောင့် လေပြင်းတိုက်တာ၊ နေရာကွက်ပြီးမိုးကြီးမှာနဲ့ ရေကြီးရေလျှံဖြစ်နိုင်တာတွေကို သတိထားဖို့တော့ လိုပါမယ်။
ဒီနေ့တင်ပြပေးတဲ့ ကြိုတင်ခန့်မှန်းချက်များကလဲ တကယ်ဖြစ်လာချိန်မှာ “မုန်တိုင်းလမ်းကြောင်း”၊ “မုန်တိုင်းပြင်းအား”နဲ့ “သူ့အရှိန်ကြောင့် သက်ရောက်နိုင်ခြေ”တွေပြောင်းလဲနိုင်တာမို့ ဆက်လက်စောင့်ကြည့်ပြီး တင်ပြပေးသွားပါဦးမယ်။
Credit
Zawgyi
တစ္ပတ္အတြင္း ေရႀကီးႏိုင္တယ္ သတိထား.. မုန္တိုင္းလာေတာ့မယ္…ဆိုတာ ႀကိဳတင္သတိေပးပါရေစ။
ECMWF Model ၏ ႀကိဳတင္ခန႔္မွန္းခ်က္ UPDATE(ဇူလိုင္ ၃၁ ရက္ ည ၈ နာရီ) တိုင္းထြာခ်က္မ်ားအရ
ဘဂၤလားပင္လယ္ေအာ္မွာ ဩဂုတ္လ ၃ ရက္ေန႔တြင္ စတင္ျဖစ္ေပၚလာႏိုင္မဲ့ ေလဖိအားနည္းရပ္ဝန္းဟာ အရင္ ခန႔္မွန္းခ်က္ေတြလို ၂ ႀကိမ္ သီးျခားစီခြဲၿပီး ျဖစ္ႏိုင္မွာမဟုတ္ေတာ့ပဲ မုန္တိုင္းအဆင့္ေရာက္လာတဲ့အထိ ဩဂုတ္လ ၃ ရက္မွ ၉ ရက္အတြင္း ေလဖိအားနည္း
ရပ္ဝန္းအဆင့္မွ ပိုမိုအားေကာင္းလာၿပီး မုန္တိုင္းအဆင့္အထိ ျဖစ္လာႏိုင္မယ္လို႔ ေတြ႕ရပါတယ္။ ရက္အလိုက္ ျဖစ္ႏိုင္မဲ့ ေ႐ြ႕လ်ားမႈလမ္းေၾကာင္းအေျခအေနပုံမ်ားကို တင္ေပးထားပါတယ္။
ယခင္ခန႔္မွန္းခ်က္ေတြမွာ မေတြ႕ခဲ့ရတဲ့ ထူးျခားခ်က္တစ္ခုကေတာ့ ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ဩဂုတ္လ ၈ ရက္ေန႔က စတင္ျဖစ္လာႏိုင္မဲ့ မုန္တိုင္းငယ္တစ္လုံးပါဘဲ။
ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းကိုအေရာက္မွာ အားပိုေကာင္းလာၿပီး မုန္တိုင္းအဆင့္ေရာက္လာမဲ့ မုန္တိုင္းနဲ႔ ေတာင္တ႐ုတ္ပင္လယ္က မုန္တိုင္း တို႔ အရွိန္ေၾကာင့္ ျမန္မာႏိုင္ငံမွာ မိုးသက္ေလျပင္းမ်ားက်ၿပီး မိုးမ်ားႏိုင္မဲ့ အေျခအေနကေတာ့ ျဖစ္ႏိုင္ေျခ ၉၀%
အထိရွိေနပါတယ္။ ဒီမုန္တိုင္း ၂ လုံးစလုံးက ျမန္မာျပည္ကို ဦးတည္တိုက္ခတ္ႏိုင္မွာေတာ့ မဟုတ္ေပမဲ့ မုန္တိုင္း ၂ လုံးၾကားကို ေရာက္ေနမွာျဖစ္တာေၾကာင့္ ေလျပင္းတိုက္တာ၊ ေနရာကြက္ၿပီးမိုးႀကီးမွာနဲ႔ ေရႀကီးေရလွ်ံျဖစ္ႏိုင္တာေတြကို သတိထားဖို႔ေတာ့ လိုပါမယ္။
ဒီေန႔တင္ျပေပးတဲ့ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားကလဲ တကယ္ျဖစ္လာခ်ိန္မွာ “မုန္တိုင္းလမ္းေၾကာင္း”၊ “မုန္တိုင္းျပင္းအား”နဲ႔ “သူ႔အရွိန္ေၾကာင့္ သက္ေရာက္ႏိုင္ေျခ”ေတြေျပာင္းလဲႏိုင္တာမို႔ ဆက္လက္ေစာင့္ၾကည့္ၿပီး တင္ျပေပးသြားပါဦးမယ္။
Credit