မိုးေလ၀သ

ပြင်းအား X-1 ရှိ နေမုန်တိုင်း ရောက်ရှိလာမည်ဟု နာဆာ သတိပေး

ပြင်းအား X-1 ရှိ နေမုန်တိုင်း ရောက်ရှိလာမည်ဟု နာဆာ သတိပေး

X-1 ပြင်းအားရှိတဲ့ ဆိုလာမုန်တိုင်း တစ်ခု ကမ္ဘာကို တိုက်ရိုက် ရိုက်ခတ်ဖို့ ရှိတယ်လို့ နာဆာအဖွဲ့ကြီးရဲ့ သတိပေးချက် အရ သိရှိရပါတယ်။

အင်အား ကြီးမားတဲ့ နေမီးတောက်ကြီး တစ်ခုကို မနေ့က အောက်တိုဘာ ၂၈ ရက်နေ့က ထောက်လှမ်း ရရှိ ပြီးတဲ့နောက် နာဆာက ဒီ သတိပေးချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်အတွက် အင်အား အပြင်းထန်ဆုံး နေမုန်တိုင်း ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က ဂရင်းနစ် စံတော်ချိန် ညနေ ၃.၃၅ အချိန်က အင်အား X-1 ရှိတဲ့ နေမီးတောက် ကြီး တစ်ခုကို တွေ့ရှိခဲ့ တယ်လို့ နာဆာ အဖွဲ့ရဲ့ အာကာသ မိုးလေဝေသ ဌာနက သတင်း ထုတ်ပြန် ခဲ့ပါတယ်။ နာဆာ အရာရှိတွေရဲ့ အဆိုအရ ဒီ မီးတောက်ဟာ အတော်လေး ကြီးမားတဲ့ နေမီးတောက် တစ်ခု ဖြစ်တယ် လို့ ဆိုပါတယ်။ ဒီမီးတောက် ဖြစ်ပေါ်ချိန်မှာ နာဆာရဲ့ နေ လှုပ်ရှားမှု လေ့လာရေး မှန်ပြောင်းကြီး (Solar Dynamics Observatory) ကနေ ဗီဒီယို မှတ်တမ်းတင် ရိုက်ယူထားနိုင် ခဲ့ပါတယ်။

ဒီ နေမီးလျှံ ကနေ မှုတ်ထုတ်လိုက်တဲ့ လျှပ်စစ်မှုန် (Charged particles) တွေဟာ ကမ္ဘာကို လာမယ့် စနေ – တနင်္ဂနွေ နေ့လောက်မှာ ရောက်လာမယ် လို့ဆိုပါတယ်။ ဒီ အမှုန်တွေကြောင့် ကမ္ဘာ့မြောက်ပိုင်း မိုးကောင်းကင်မှာ ရောင်စဉ်ဖြာ မှုတွေ ပိုတွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေး ဂြိုဟ်တုနဲ့ ဆက်သွယ်ရေးတွေကို အနှောက်အယှက် ဖြစ်စေမယ် လို့ ဆိုပါတယ်။

“ဟား … နေက မီးလျှံ အကြီးကြီး တစ်ခု ထွက်လာတယ်” ဆိုပြီး နာဆာရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ပုံနှင့်တကွ တင်ထားခဲ့ပါတယ်။ သတင်း ထုတ်ပြန်ချက် အပြည့် အစုံကိုလည်း နာရီ အနည်းငယ် အတွင်း ဆက်လက် ထုတ်ပြန် ခဲ့ပါတယ်။

ဒီလို နေမီးလျှံတွေ ဖြစ်ပေါ်လာရင် လျှစ်စစ်မှုန် တွေကို အာကာသ ထဲကို အရှီန်ပြင်းပြင်း နဲ့ မှုတ်ထုတ်နိုင်စွမ်း ရှိပါတယ်။ ဒီလို နေမီးလျံ တွေကို ပြင်းအားအလိုက် အမျိုးအစား ခွဲခြား ထားပါတယ်။ ဒီအထဲမှာ C အဆင့်က အနိမ့်ဆုံး ဖြစ်ပြီး M အဆင့်က အလယ်အလတ် ပြင်းအား ရှိပါတယ်။ X အဆင့် ကတော့ ပြင်းအား အများဆုံး မီးလျှံတွေ ဖြစ်ကြပါတယ်။

ဒီ X အဆင့်မှာလဲ X-1 ကနေ X-10 အထိ ရှိပါတယ်။ X-2 က X-1 ထက် ၂ ဆ ပိုပြင်းပြီး X-3 ကတော့ X-1 ထက် ၃ ဆ ပိုပြင်းပါတယ်။ X-10 ဆိုရင်တော့ ၁၀ ဆ ပိုပြီး ပြင်းထန်မှာ ဖြစ်ပါတယ်။

အကယ်လို့ ကမ္ဘာကို တိုက်ရိုက် ရိုက်ခတ်ခဲ့မယ် ဆိုရင် အင်အား ပြင်းထန်တဲ့ နေမုန်တိုင်း တွေဟာ ဂြိုဟ်တု ဆက်သွယ်ရေး တွေနဲ့ ရေဒီယို ဆက်သွယ်ရေးတွေကို အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီ နေမုန်တိုင်းတွေနဲ့ တွဲပြီး ဆိုလာအမှုန် (solar particles) တွေလဲ လိုက်ပါလာလေ့ ရှိပါတယ်။ ဒီ ဆိုလာ အမှုန် တွေဟာ တစ်နာရီကို မိုင် ၁ သန်းနှုန်းနဲ့ ခရီးနှင်လာပြီး ကမ္ဘာကို ရက်အနည်းငယ် နောက်ကျပြီးမှ ရောက်လာလေ့ ရှိပါတယ်။

မနေ့က နေမီးလျှံ ဟာလဲ အခုလို ဆိုလာ အမှုန်တွေ ကို မှုတ်ထုတ်ထားတဲ့ လက္ခဏာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့က နေမီးလျှံဟာ ကမ္ဘာကို တည့်တည့် လှည့်ထားတဲ့ မျက်နှာပြင် ဖက်ခြမ်းကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီမျက်နှာပြင် နေရာဟာ အရင်ကလဲ ဆိုလာမုန်တိုင်းတွေ ထွက်ပေါ်လာ ခဲ့ဖူးတဲ့ အရပ်ဒေသ ဖြစ်ပါတယ်။

Credit:myanmarscientist

ျပင္းအား X-1 ရွိ ေနမုန္တိုင္း ေရာက္ရွိလာမည္ဟု နာဆာ သတိေပး

X-1 ျပင္းအားရွိတဲ့ ဆိုလာမုန္တိုင္း တစ္ခု ကမၻာကို တိုက္ရိုက္ ရိုက္ခတ္ဖို႔ ရွိတယ္လို႔ နာဆာအဖြဲ႕ႀကီးရဲ့ သတိေပးခ်က္ အရ သိရွိရပါတယ္။

အင္အား ႀကီးမားတဲ့ ေနမီးေတာက္ႀကီး တစ္ခုကို မေန႔က ေအာက္တိုဘာ ၂၈ ရက္ေန႔က ေထာက္လွမ္း ရရွိ ၿပီးတဲ့ေနာက္ နာဆာက ဒီ သတိေပးခ်က္ကို ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ဒါဟာ ဒီႏွစ္အတြက္ အင္အား အျပင္းထန္ဆုံး ေနမုန္တိုင္း ျဖစ္တယ္လို႔ သိရပါတယ္။

မေန႔က ဂရင္းနစ္ စံေတာ္ခ်ိန္ ညေန ၃.၃၅ အခ်ိန္က အင္အား X-1 ရွိတဲ့ ေနမီးေတာက္ ႀကီး တစ္ခုကို ေတြ႕ရွိခဲ့ တယ္လို႔ နာဆာ အဖြဲ႕ရဲ့ အာကာသ မိုးေလေဝသ ဌာနက သတင္း ထုတ္ျပန္ ခဲ့ပါတယ္။ နာဆာ အရာရွိေတြရဲ့ အဆိုအရ ဒီ မီးေတာက္ဟာ အေတာ္ေလး ႀကီးမားတဲ့ ေနမီးေတာက္ တစ္ခု ျဖစ္တယ္ လို႔ ဆိုပါတယ္။ ဒီမီးေတာက္ ျဖစ္ေပၚခ်ိန္မွာ နာဆာရဲ့ ေန လႈပ္ရွားမႈ ေလ့လာေရး မွန္ေျပာင္းႀကီး (Solar Dynamics Observatory) ကေန ဗီဒီယို မွတ္တမ္းတင္ ရိုက္ယူထားနိုင္ ခဲ့ပါတယ္။

ဒီ ေနမီးလၽွံ ကေန မႈတ္ထုတ္လိုက္တဲ့ လၽွပ္စစ္မႈန္ (Charged particles) ေတြဟာ ကမၻာကို လာမယ့္ စေန – တနဂၤေႏြ ေန႔ေလာက္မွာ ေရာက္လာမယ္ လို႔ဆိုပါတယ္။ ဒီ အမႈန္ေတြေၾကာင့္ ကမၻာ့ေျမာက္ပိုင္း မိုးေကာင္းကင္မွာ ေရာင္စဥ္ျဖာ မႈေတြ ပိုေတြ႕ရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ဆက္သြယ္ေရး ၿဂိဳဟ္တုနဲ႔ ဆက္သြယ္ေရးေတြကို အေႏွာက္အယွက္ ျဖစ္ေစမယ္ လို႔ ဆိုပါတယ္။

“ဟား … ေနက မီးလၽွံ အႀကီးႀကီး တစ္ခု ထြက္လာတယ္” ဆိုၿပီး နာဆာရဲ့ တရားဝင္ တြစ္တာ အေကာင့္မွာ ပုံႏွင့္တကြ တင္ထားခဲ့ပါတယ္။ သတင္း ထုတ္ျပန္ခ်က္ အျပည့္ အစုံကိုလည္း နာရီ အနည္းငယ္ အတြင္း ဆက္လက္ ထုတ္ျပန္ ခဲ့ပါတယ္။

ဒီလို ေနမီးလၽွံေတြ ျဖစ္ေပၚလာရင္ လၽွစ္စစ္မႈန္ ေတြကို အာကာသ ထဲကို အရွီန္ျပင္းျပင္း နဲ႔ မႈတ္ထုတ္နိုင္စြမ္း ရွိပါတယ္။ ဒီလို ေနမီးလ်ံ ေတြကို ျပင္းအားအလိုက္ အမ်ိဳးအစား ခြဲျခား ထားပါတယ္။ ဒီအထဲမွာ C အဆင့္က အနိမ့္ဆုံး ျဖစ္ၿပီး M အဆင့္က အလယ္အလတ္ ျပင္းအား ရွိပါတယ္။ X အဆင့္ ကေတာ့ ျပင္းအား အမ်ားဆုံး မီးလၽွံေတြ ျဖစ္ၾကပါတယ္။

ဒီ X အဆင့္မွာလဲ X-1 ကေန X-10 အထိ ရွိပါတယ္။ X-2 က X-1 ထက္ ၂ ဆ ပိုျပင္းၿပီး X-3 ကေတာ့ X-1 ထက္ ၃ ဆ ပိုျပင္းပါတယ္။ X-10 ဆိုရင္ေတာ့ ၁၀ ဆ ပိုၿပီး ျပင္းထန္မွာ ျဖစ္ပါတယ္။

အကယ္လို႔ ကမၻာကို တိုက္ရိုက္ ရိုက္ခတ္ခဲ့မယ္ ဆိုရင္ အင္အား ျပင္းထန္တဲ့ ေနမုန္တိုင္း ေတြဟာ ၿဂိဳဟ္တု ဆက္သြယ္ေရး ေတြနဲ႔ ေရဒီယို ဆက္သြယ္ေရးေတြကို အေႏွာက္အယွက္ ေပးနိုင္ပါတယ္။ ဒီ ေနမုန္တိုင္းေတြနဲ႔ တြဲၿပီး ဆိုလာအမႈန္ (solar particles) ေတြလဲ လိုက္ပါလာေလ့ ရွိပါတယ္။ ဒီ ဆိုလာ အမႈန္ ေတြဟာ တစ္နာရီကို မိုင္ ၁ သန္းႏႈန္းနဲ႔ ခရီးႏွင္လာၿပီး ကမၻာကို ရက္အနည္းငယ္ ေနာက္က်ၿပီးမွ ေရာက္လာေလ့ ရွိပါတယ္။

မေန႔က ေနမီးလၽွံ ဟာလဲ အခုလို ဆိုလာ အမႈန္ေတြ ကို မႈတ္ထုတ္ထားတဲ့ လကၡဏာ ရွိတယ္လို႔ ဆိုပါတယ္။

မေန႔က ေနမီးလၽွံဟာ ကမၻာကို တည့္တည့္ လွည့္ထားတဲ့ မ်က္ႏွာျပင္ ဖက္ျခမ္းကေန ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒီမ်က္ႏွာျပင္ ေနရာဟာ အရင္ကလဲ ဆိုလာမုန္တိုင္းေတြ ထြက္ေပၚလာ ခဲ့ဖူးတဲ့ အရပ္ေဒသ ျဖစ္ပါတယ္။

Credit:myanmarscientist