လူစိတ်မရှိတဲ့ သတ္တဝါတွေက လူနေအိမ်တွေကို ဖျက်ဆီး မီးရှို့ လုယက် ဒုက္ခပေးနေချိန်မှာ လွိုင်ကော် PDF ကတော့ ခေါက်ဆွဲခြောက်နဲ့ အုန်းဆီလေး နည်းနည်း ယူသုံးမိလို့ ပိုက်ဆံ (၂) ထောင်ကို သပ်သပ်ရပ်ရပ် စာရေးပြီး ထားပေးခဲ့တယ်။
သူတို့ ပိုက်ဆံတွေ ပေါနေကြတာတော့ မဟုတ်ပါဘူး။ တစ်ချို့ဆို ဖုန်းတောင် မပိုင်တဲ့ ရွာက ရဲဘော်တွေ ပါတယ်။
ဒါပေမယ့် ရှိတဲ့ပိုက်ဆံနဲ့ တာဝန်ယူစိတ်အပြည့်နဲ့ ငွေ (၂) ထောင် ကို ချန်ခဲ့တာပါ။
သူတို့တွေ ရှေ့တန်း ထွက်ရင်း လူနေအိမ် တစ်အိမ် မှာ ညဘက် ခဏ ဝင်အိပ်ကြတာတဲ့။
အမှိုက်ဖွမိလို့ ပြန်ခါနီးမှာ အိမ်ကိုလည်း သန့်ရှင်းရေး ပြန်လုပ်ပေးခဲ့တယ်တဲ့။ ခေါက်ဆွဲပြုတ်စားပြီးတော့လည်း ပန်းကန် ပြန်ဆေးပေးတယ်တဲ့။
လှူစရာရှိတာ ဝိုင်းလှူကြပါ။ ဒီရဲဘော်တွေကို လူကော ငွေရော စိတ်ရော ဝန်းရံပံ့ပိုးကူညီကြဖို့ လိုတယ်။
Min Thu Kyaw
zawgyi version
Min Thu Kyaw