ၾကားသိရသမွ်

မိခင်ရဲ့ iPhone ကို ဆော့ကစားခဲ့တဲ့သားငယ်လေးကြောင့် ဖုန်းမှာ 48 နှစ်အထိ locked ကျသွားခဲ့ရတဲ့အဖြစ်

တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့မှာနေထိုင်တဲ့ အသက် 2 နှစ်အရွယ်ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ phone ကို incorrect passcode အကြိမ်ကြိမ်နှိပ်ပြီး ဖွင့်ဖို့ကြိုးစားခဲ့တာကြောင့် iPhone မှာ 48 နှစ်အထိ locked ကျသွားခဲ့ရကြောင်း သိရပါတယ် ။

ဖုန်းကို အကြိမ်ကြိမ်မှားနှိပ်ခဲ့တာကြောင့် 25 million မိနစ် (48 နှစ်နီးပါး) locked ကျခဲ့တာပါ ။ အရင်ချိန်တုန်းက မိခင်ဖြစ်သူဟာ အိမ်အလုပ်တွေလုပ်ဖို့ရှိရင် သားငယ်လေးကိုဖုန်းဖွင့်ပေးထားပြီး ချော့လေ့ရှိတာကြောင့် ကလေးငယ်ကို အခုလိုဖုန်းကို ပွတ်ချင်သလို တရင်းတနှီးပွတ်နေခဲ့တာပါ ။

သားဖြစ်သူရဲ့ လုပ်ရပ်ကြောင့် မိခင်ဖြစ်သူမှာ 48 နှစ်ခန့် မစောင့်ဆိုင်းနိုင်တဲ့အဆုံး နည်းပညာကျွမ်းကျင်သူတွေထံ သွားရောက်အကူအညီတောင်းခံခဲ့ပေမဲ့လည်း ၊ အရင်ချိန်တုန်းက နှစ် 80 အထိ locked ကျသွားဖူးတဲ့ iPhone တွေတောင် ရှိသေးလို့ ဒီအတိုင်းသာ reset ချဖို့ အကြံပေးလိုက်ပါတယ် ။

မိခင်ဖြစ်သူကလည်း သူမရဲ့ဓာတ်ပုံတွေ ၊ အချက်အလက်တွေ နဲ့ contacts တွေကို မဆုံးရှုံးစေချင်တာကြောင့် သူ့ဟာသူ lock ပြန်ပွင့်မဲ့အချိန်ကို စောင့်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း 2 လကျော်ကြာတဲ့အထိ lock မပွင့်ခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source : elitereaders

Unicode

တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့မှာနေထိုင်တဲ့ အသက် 2 နှစ်အရွယ်ကလေးငယ်ဟာ မိခင်ဖြစ်သူရဲ့ phone ကို incorrect passcode အကြိမ်ကြိမ်နှိပ်ပြီး ဖွင့်ဖို့ကြိုးစားခဲ့တာကြောင့် iPhone မှာ 48 နှစ်အထိ locked ကျသွားခဲ့ရကြောင်း သိရပါတယ် ။ ဖုန်းကို အကြိမ်ကြိမ်မှားနှိပ်ခဲ့တာကြောင့် 25 million မိနစ် (48 နှစ်နီးပါး) locked ကျခဲ့တာပါ ။ အရင်ချိန်တုန်းက မိခင်ဖြစ်သူဟာ အိမ်အလုပ်တွေလုပ်ဖို့ရှိရင် သားငယ်လေးကိုဖုန်းဖွင့်ပေးထားပြီး ချော့လေ့ရှိတာကြောင့် ကလေးငယ်ကို အခုလိုဖုန်းကို ပွတ်ချင်သလို တရင်းတနှီးပွတ်နေခဲ့တာပါ ။