(Unicodeဖြင့် ဖတ်ရန်)
ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင်တော့ Tiktokဆယ်လီ မယ်အိက ၈နှစ်တာအိမ်ငှား ဘ၀ကနေအိုးအိမ်ပိုင်ဆိုင်ရမည့် နည်းလမ်းကိုအခုလို ပြောပြလာခဲ့ ပါတယ်နော်။

တစ်တော့ပ် ဆယ်လီမယ်အိက အိမ်ငှားဘဝက ကျွတ်ချင်ရင် ဆိုပြီး “အိမ်ငှားဘဝနဲ့ ၈နှစ်လောက် နေခဲ့ဖူးတယ်၊ တနှစ်တနှစ်ကုန်မှာကို ကြောက်နေရတာ..
စားဖို့အတွက် မပူနိုင်ဘူး အိမ်ငှားခ မပြည့်မှာ ပူနေရတယ်၊ တနေ့တနေ့ ဖယ်ထား လိုက်ရတဲ့ အိမ်ငှားခ။ တနှစ်လာလည်း အိမ်ငှားခပေးရ၊ ၂နှစ်လာလည်း အိမ်ငှားခပေးရနဲ့ ..
ဒီလိုတော့ မဖြစ်ချေဘူး ဆိုပြီး ကိုယ်အလုပ်လုပ်ရတဲ့ ထဲကနေ တနေ့ဘယ်လောက်ဆိုပြီး ဖဲ့ဖဲ့စုတာ၊ ငွေတော့ နဲနဲကြပ် တာပေါ့လေ၊ ကြပ်လည်း ဒီလိုဘဲ ကျိတ်မှိတ် သည်းခံပြီး တနေ့နဲနဲချင်းစီ စုစုလာလိုက်တာ။

အစကတော့ ဒီလိုဘဲ စုလိုက် ငှားခလေးပေးလိုက်နဲ့ ဒစ်လည်နေတာပေါ့ဗျာ၊ ကျနော်တို့ ဇွဲမလျှော့ပါဘူး၊ တနေ့တလံ ပုဂံဘယ်ရွေ့မလဲ ဆိုတဲ့စိတ်နဲ့
မဟာဇနကထုံး နှလုံးမူပြီး ဘုရင့်နောင် ဖေါင်ဖျက်ပဲရယ်လို့ ကြိုးစားလာ လိုက်တာ။ ၈နှစ်ကျော်လည်း ကြာရော အိမ်ငှားဘဝက ဝုန်းဆို လွတ်သွားတာဘဲ..
“အမေရေ… အကြွေးတွေလည်း တင်နေဘီ၊ ပိုက်ဆံလည်း ဆက်မရှာတတ် တော့ဘူး၊ နေစရာ အိမ်လည်း မရှိဘူး၊ အိမ်ဆောက် ပေးတော့” လို့တခွန်းဘဲ ပြောရတယ် အိမ်ငှားဘဝက လွတ်ပါရောလား။

စဉ်းစားလေ ဘာအရင်းအနှီးမှ မရှိဘဲ မြို့ကြီးပြကြီး အိမ်ပိုင်ရအောင် စုဖို့ ဆောင်းဖို့က လွယ်မယ် ထင်နေလားဝွန်း” ဆိုပြီး သူမတို့လင်မယား အိမ်ငှားဘဝက အမြန်ကျွတ် လာခဲ့တဲ့ နည်းလမ်းကောင်းလေးကို ပေးလာခဲ့တာပဲ ဖြစ်ပါတယ်နော်။
ဖတ်ရတာ ရယ်မော ပျော်ရွှင်စရာလည်း ကောင်းသလို၊ တကယ် လုပ်ရင် အဟုတ်ဖြစ်ကို ဖြစ်တဲ့ နည်းကောင်းလမ်းကောင်းလေးမို့ စာဖတ် ပရိတ်သတ်ကြီး များအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ်နော်။

ဒီနည်းလမ်းလေးအတိုင်း အမေ့ကို ပြောလို့ အဆင်ပြေပြီး အိမ်ပိုင်ရလို့ အိမ်တက်လုပ်ကြရင်သာ ဖိတ်ဖို့ မမေ့ကြနဲ့နော် ဟွန့်။
(Zawgyiျဖင့္ ဖတ္ရန္)
ပရိတ္သတ္ႀကီးေရ အခုတစ္ခါမွာဆိုရင္ေတာ့ Tiktokဆယ္လီ မယ္အိက ၈ႏွစ္တာအိမ္ငွား ဘ၀ကေနအိုးအိမ္ပိုင္ဆိုင္ရမၫ့္ နည္းလမ္းကိုအခုလို ေျပာျပလာခဲ့ ပါတယ္ေနာ္။
တစ္ေတာ့ပ္ ဆယ္လီမယ္အိက အိမ္ငွားဘဝက ကြၽတ္ခ်င္ရင္ ဆိုၿပီး “အိမ္ငွားဘဝနဲ႔ ၈ႏွစ္ေလာက္ ေနခဲ့ဖူးတယ္၊ တႏွစ္တႏွစ္ကုန္မွာကို ေၾကာက္ေနရတာ..
စားဖို႔အတြက္ မပူႏိုင္ဘူး အိမ္ငွားခ မျပၫ့္မွာ ပူေနရတယ္၊ တေန့တေန့ ဖယ္ထား လိုက္ရတဲ့ အိမ္ငွားခ။ တႏွစ္လာလည္း အိမ္ငွားခေပးရ၊ ၂ႏွစ္လာလည္း အိမ္ငွားခေပးရနဲ႔ ..
ဒီလိုေတာ့ မျဖစ္ေခ်ဘူး ဆိုၿပီး ကိုယ္အလုပ္လုပ္ရတဲ့ ထဲကေန တေန့ဘယ္ေလာက္ဆိုၿပီး ဖဲ့ဖဲ့စုတာ၊ ေငြေတာ့ နဲနဲၾကပ္ တာေပါ့ေလ၊ ၾကပ္လည္း ဒီလိုဘဲ က်ိတ္မိွတ္ သည္းခံၿပီး တေန့နဲနဲခ်င္းစီ စုစုလာလိုက္တာ။
အစကေတာ့ ဒီလိုဘဲ စုလိုက္ ငွားခေလးေပးလိုက္နဲ႔ ဒစ္လည္ေနတာေပါ့ဗ်ာ၊ က်ေနာ္တို႔ ဇြဲမေလ်ွာ့ပါဘူး၊တေန့တလံ ပုဂံဘယ္ေရြ့မလဲ ဆိုတဲ့စိတ္နဲ႔
မဟာဇနကထံုး ႏွလံုးမူၿပီး ဘုရင့္ေနာင္ ေဖါင္ဖ်က္ပဲရယ္လို႔ ႀကိဳးစားလာ လိုက္တာ။ ၈ႏွစ္ေက်ာ္လည္း ၾကာေရာ အိမ္ငွားဘဝက ဝုန္းဆို လြတ္သြားတာဘဲ..
“အေမေရ… အေႂကြးေတြလည္း တင္ေနဘီ၊ ပိုက္ဆံလည္း ဆက္မရွာတတ္ ေတာ့ဘူး၊ ေနစရာ အိမ္လည္း မရိွဘူး၊ အိမ္ေဆာက္ ေပးေတာ့” လို႔တခြန္းဘဲ ေျပာရတယ္ အိမ္ငွားဘဝက လြတ္ပါေရာလား။
စဉ္းစားေလ ဘာအရင္းအႏွီးမွ မရိွဘဲ ၿမိဳ႔ႀကီးျပၾကီး အိမ္ပိုင္ရေအာင္ စုဖို႔ ေဆာင္းဖို႔က လြယ္မယ္ ထင္ေနလားဝြန္း” ဆိုၿပီး သူမတို႔လင္မယား အိမ္ငွားဘဝက အျမန္ကြၽတ္ လာခဲ့တဲ့ နည္းလမ္းေကာင္းေလးကို ေပးလာခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။
ဖတ္ရတာ ရယ္ေမာ ေပ်ာ္ရႊင္စရာလည္း ေကာင္းသလို၊ တကယ္ လုပ္ရင္ အဟုတ္ျဖစ္ကို ျဖစ္တဲ့ နည္းေကာင္းလမ္းေကာင္းေလးမို႔ စာဖတ္ ပရိတ္သတ္ႀကီး မ်ားအတြက္ျပန္လည္တင္ဆက္ ေပးလိုက္ပါတယ္ေနာ္။
ဒီနည္းလမ္းေလးအတိုင္း အေမ့ကို ေျပာလို႔ အဆင္ေျပၿပီး အိမ္ပိုင္ရလို႔ အိမ္တက္လုပ္ၾကရင္သာ ဖိတ္ဖို႔ မေမ့ၾကနဲ႔ေနာ္ ဟြန္႔။



