ၾကားသိရသမွ်

မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံး စီးခဲ့တဲ့ လေးထပ်ကွမ်း အကယ်ဒမီ ပိုင်ရှင် ကြည်ကြည်ဋ္ဌေး ရဲ့ အကြောင်း

နာမည်ကျော်မင်း သမီး ယောင်္ကျား ‘သာ ဂ ဒိုး တစ်နေ့က ဂီတလုလင်မောင်ကိုကိုသည်သတင်းစာအတွက် ဆောင်းပါးလာပေးရာ ဟိုပြောသည်ပြောနှင့် ကြည်ကြည်ဌေး

တိုက်ကြီးဟည်းနေတာလည်းရောက် ဦးအောင်သိန်းအကြောင်းလည်းပါ စကားပြောကြရင်း ကွယ်လွန်သူဦးအောင်သိန်းမျက်နှာကိုတဝဲ လယ်လယ် သတိရမိသည်။

သာဂဒိုး၏မုန်းတီးမြင်ပြင်းကတ်သူများစာရင်းတွင်ဟိုစဉ်က ထိုဦးအောင်သိန်းသည်ထိပ်ဆုံးကပါ၏။သူနှင့်ပက်သက်သမျှ ဟိုကဒီကပြောကြသမျှကလည်းမကောင်းသတင်းချည်းပင်။

ထိတွေ့ရာစာနယ်ဇင်းနယ်ရုပ်ရှင်ပြဇာတ်နယ်ဝန်းကျင်ကလည်းအဆိုးသတင်းသာပြောကြ ကြားရလေသည်။ထိုဦးအောင်သိန်းနှင့်တစ်နေ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိချေ။

ရန်ကုန်မြို့ပန်းဆိုးတန်းဝင်းဝင်းပြဇာတ်ရုံဘက်၌ ပြဇာတ်များခေတ်စားနေချိန်ကယင်းနှင့်မနီးမဝေး လွစ္စလမ်း၌ အိုးဝေသတင်းစာတွင်သတင်းထောက်အယ်ဒီ တာလုပ်နေစဉ်က အချိန်အားလျှင်ဝင်းဝင်းရုံ၌ပြဇာတ်ဆက်တင်တွေကြား မင်း သားမင်းသမီးတွေကြားသတင်းထောက်တာဝန်တစ်ဖက်ဖြင့်ရောက်တတ် သည်။

အဲဒီမှာနာမည်ကျော်အကယ်ဒမီမင်းသမီးကြည်ကြည်ဌေးယောင်္ကျား ဦးအောင်သိန်းကိုစတွေ့ဖူးခဲ့သည်။လူက ဗကောင်းကောင်းအသားညိုညိုမေးရိုးကားကား ဗိုက်တွဲတွဲ။သူလာလျှင်ရှောင်ကြရှားကြလက်တတကားကားနဲ့လျှောက်တတ်သည်။

လုံချည်ကိုချက်ပြုတ်ဝတ်လျှက် ခြောက်လုံးပြူးအတွဲလိုက်ခါးကြားမှာထိုးထားသေး၏။သုန်သုန်မှုန်မှုန်ဖြင့်အလကားနေရင်း ဒေါသပြင်းကာစိတ်ဆိုးနေသလိုမျိုးမျက်နှာကတင်းမာခက်ထန်လွန်းလှသည်။

ကြားရသမျှဝင်းဝင်းပြဇာတ်ခုံပေါ်၌ပင်မင်းသားလုပ်ပုံကိုမကျေနပ်သဖြင့်သူ့မယားကြည်ကြည်ဌေးကိုပါးပိတ်ရိုက်လိုက်တာ ချာကနဲပစ်လဲ၍ သတိပင်လစ်သွားကြောင်း။မင်းသမီးခမျာ လူလည်ခေါင်တွင်မျက်ရည်ဖြာအောင်ငိုရရှာကြောင်း စတဲ့ခပ်ပူပူခပ်ဆူဆူသတင်းမျိုးတွေချည်းသာကြားရသည်။

ရုပ်ရှင်နယ်တွင်ထိုကြည်ကြည်ဌေး လင်ဦးအောင်သိန်းကတစ်ခုထွင်တာရှိသေးသည်။ရုပ်ရှင်ကုမ္ပဏီတွေကသူ့ကို မင်းသမီးလင်ဖြစ်လို့လင်ကြေးပေးရသည်။

သူ့စနစ်ကမင်းသမီးရှုတင်ရောက်သည်နှင့်သူ့ကိုငွေ၂၀ကျပ်ပေးရန်အလုပ်မပြီး၍ညနေ၆နာရီကျော်လျှင်အချိန်ပိုလင်ကြေးသူ့ကို၂၀ကျပ်ထပ်မံပေးရန်ထိုမှ မပြီးသေး ည၁၂နာရီကျော်ဦးမည် ဆိုလျှင်နောက်ထပ်၂၀ကျပ်ပေးရန်ဖြစ်သည်။ဒါကိုလည်း ကုမ္ပဏီတွေကကြည်ကြည်ဖြူဖြူပေးကြရပါသည်။

ထိုစဉ်ကာလပြဇာတ်ရုပ်ရှင်လောက၌ ကြည်ကြည်ဌေးမပါလျှင် အစိုးရ ပွဲပင်မပြီးချေ။နိုင်ငံရေးပါတီပွဲလမ်းများကလည်းအလုအယက် ဖဆပလအဖွဲ့ကြီးကွဲကာပထစဖြစ် ပထစ ကွဲကာ ဦး ဗိုလ်သခင်အဖွဲ့တွေအသီးသီးကွဲကြပေမယ့်ကြည်ကြည်ဌေးကြိုက်တာတန်းတန်းစွဲတာတော့ အားလုံးအတူတူပင်။

ကြည်ကြည်ဌေးပါလျှင်နိုင်ငံရေးမှာတောင် ဂုဏ်ရှိသလိုလိုဒီပြည်မှာ ဖြစ်ခဲ့ဘူး၏။ဒီတော့ ဦးအောင်သိန်းကြီးကလည်းလက်မတစ်ထောင်ထောင်ခြောက်လုံးပြူးတစ်ထောင်ထောင်လုပ်တာ ဘာဆန်းအံ့နည်း။၁၉၅၈ခုနစ်ကကျွန်တော်သည် ရုပ်ရှင်ဒါရိုက်တာအဖြစ်ရိုက်ကူးဖြစ်ခဲ့ရာတစ်နေ့တွင်ကုမ္ပဏီပိုင်ရှင်ကကြည်ကြည်ဌေးနှင့်ရိုက်ချင်တယ်ဟု ဆိုလာသည်။

ကျွန်တော့်မှာကြည်ကြည်ဌေးနှင့်ဟုဆိုကတည်းကသူ့လင်ကြီးကို မျက်စေ့ထဲတန်းကနဲမြင်မိသည်။မကြာမီကပင်သတင်းစာထဲတွင် ထိုဦးအောင်သိန်းကိုအမြင်ကတ်သဖြင့်ဆောင်းပါးတစ်ပုဒ် ကျွန်တော်ကိုယ်တိုင်ရေးသားဖော်ပြခဲ့သေးသည်မှာ ပူပူနွေးနွေးရှိသေး၏ထိုဆောင်းပါးတွင်ဗမာပြည်မှာရုပ်ရှင်ဖြင့်အသက်မွေးကြသောသရုပ်ဆောင်တွေ ဒါရိုက်တာတွေကုမ္ပဏီပိုင်ရှင်တွေကအစ

မင်းသမီးလည်းကြောက်ရမင်းသမီးယောင်္ကျားလည်းကြောက်ရသဘောထားအမျိုး းမျိုးဖြင့် အဆိုးတွေမကုန်နိုင်သည့်အပြင် တောင်းဆိုချက်အမျိုးမျိုးကိုပါ အလျော့ပေးလိုက်လျောနေရသဖြင့် ရုပ်ရှင်လုပ်ငန်းမှာအခက်ကြီးခက်နေရကြောင်းရေးသားခဲ့သေးသည်။

ဒီလိုတွေရေးပြီးကာမှ မျက်နှာပူစရာကြည်ကြည်ဌေးနှင့်အလုပ်လုပ်ဖို့ ဖြစ်လာရတော့၏။ထိုအချိန်ကကြည်ကြည်ဌေးရိုက်ကွင်းလာပြီဆိုလျှင် ဦးအောင်သိန်းကိုယ်တိုင် မာစီဒီးကားကြီးဖြင့်လိုက်ပို့ပေးလေ့ရှိသည်။ကျွန်တော်ကတော့သူနှင့်မျက်နှာဆုံလိုက်သည်နှင့်ခပ်တည်တည်နေမိသည်။ကြည်ကြည်ဌေးကတော့အဆင့်ရထိပ်တန်းမင်းသမီးဖြစ်သော် လည်းကျွန်တော့်လိုဒါရိုက်တာပေါက်စအပေါ် မလေးမစားမလုပ်။

လိုတာရှိရင်အားမနာတမ်းခိုင်းပါဆရာဟုကားရိုက်တိုင်းပြောတတ်သည်။သူ့ယောင်္ကျားကလည်းအမြဲအချိန်ကိုအတိအကျလိုက်ပို့လေ့ရှိ၏ ချိန်းလိုက်တိုင်းစောင့်ရသည်ဟူ၍ ဘယ်တော့မှမရှိ။အမြဲတမ်းစောလာလေ့ရှိပြီး မင်းသမီးကိုပို့ပေးပြီးပြန်သွားသည်။သို့သော်သူ့အတွက်အပိုကြေး ၂၀ကျပ်ကိုလည်း အမြဲပေးရလေ့ရှိ၏။

တစ်နေ့တော့ ရုပ်ရှင်ရိုက်ချိန်စောပြီးပါသည်။သို့သော် လက်ကျန်ကိစ္စလေးများဆက်လုပ်ရင်းညနေ၆နာရီကို မိနစ်ပိုင်းမျှ စှနျးသှား၏။ရုပ်ရှင်သမားတို့ထုံးစံမိနစ်အနည်းငယ်စွန်းရုံမျှဖြင့် တစ်ဂျုတီဟုမသတ်မှတ်ပါ။နာရီပိုင်းချီကြာမှသာနောက်ထပ်တစ်ဂျုတီသတ်မှတ်သည်။ယင်းကို မင်းသမီးယောင်္ကျားကတော့သူ့ကိုယ်ပိုင်စည်းကမ်းအတိုင်း ၆နာရီကိုမိနစ်စွန်းရုံဖြင့် သူ့အတွက် တစ်ဂျုတီခ နောက်ထပ်၂၀ကျပ်တောင်းလာ၏။

ထိုကိစ္စ ကျွန်တော်ကြားရသောအခါ ရင်ခေါင်းထဲပွလာပြီးဟာ ဒီငနဲကြီး လူပါးဝလှချည်လား တခြားအလုပ်သမားတွေတောင် ဂျုတီမရှိပဲ လင်ဂျုတီရှိရသလားကွ။ဒါသက်သက်ဗိုလ်ကျတာ မိန်းမထဘီမှီပြီးစားနေတဲ့ထဘီဗိုလ်ကြီးဟုစိတ် ပေါက်ပေါက်နှင့်တဖြစ်တောက်တောက်ပြောနေမိသည်။ ထိုစဉ်ကျောဘက်မှ ကားမောင်းသွားသံကြား၍ ကြည့်လိုက်တော့ ကျွန်တော်ထဘီဗိုလ် ခေါ်နေသည့်ကိုအောင်သိန်းကြီးဖြစ်၏။

ဘယ်အချိန်က ကျွန်တော့်နောက်ရောက်နေသည်မသိကျွန်တော်ဆဲဆိုနေသမျှသူအကုန်ကြားသည်။ဘေးလူတွေကလည်းလက်မတို့သာ ကြည့်လျှက်အသာ ကားပေါ်တက်ကာမောင်းထွက်သွားပါမှကျွန်တော်သတိထားမိလေသည်။သို့ဖြင့် နောက်တစ်နေ့တွင် ရိုက်ကွင်းမှာ မိုးတွေရွာနေသဖြင့် ခြံအနောက်ဘက်ထောင့်ရှိနားနေဆောင်ထဲတန်းလျားတစ်ခုပေါ်တွင်ဇာတ်ညွှန်းများပြန်ဖတ်နေသည်။

ထိုစဉ် ဆရာ့ကိုရှင်းပြချင်လို့လိုက်ရှာနေတာပါဟူသော ဦးအောင်သိန်းအသံကြီးကို ကြားလိုက်ရ၏။ကျွန်တော် ရုတ်တ ရက်စိတ်လှုပ်ရှားကာတွေနေမိကာ သူ့ဘက်ဣနြေဆည်ကာလှည့်ကြည့်လိုက်တော့ပြုံးစစမျက်နှာထားဖြင့်ဝင်ရောက် လာသည်။ကျွန်တော်ကိုယ်နေဟန်ကို အသင့်အနေအထားပြင်လိုက်သည်။အခန့်မသင့်လျှင်လည်းဇာတ်ညွှန်းအိတ်ထဲ၌ ဓားရှိသည်။

မိုက်တော့သူကပိုမိုက်သည်။ရဲသည်။ကျွန်တော်ကတော့ ကြောက်ရမ်းရမ်းရမည့်အခြေအနေသူလည်း သတိထားကာရှေ့တိုးလာပြီး ဒီလိုပါဗျာကျွန်တော့်အတွက် အချိန်နဲ့နေ့တွက်ကိစ္စပါ။ကုမ္ပဏီနဲ့ကျွန်တော်အစောကြီးကတိုင် ကြိုတင်ညှိနှိုင်းပြီးအသေအချာပြောထားပြီးသားပါ တစ်ဂျုတီကိုနှစ်ဆယ် ခြောက်နာရီကိုမိနစ်ပိုင်းစွန်းတာနဲ့နောက်ထပ်တစ်ဂျုတီခပေးရမယ်လို့ သဘောတူထားပြီးသားပါ။

ကျွန်တော့်ဘက်ကလည်းရက်ချိန်းပိုပေးပြီး ချိန်းတဲ့အချိန်ကိုအတိအကျပို့ပေးဖို့ကတိပေးထားရပါတယ်။ကျွန်တော်တစ်ခါမှမချွတ်ယွင်းခဲ့ပါဘူး ကျွန်တော်တို့သဘောတူညှိနှိုင်းထားချက်ကိုဆရာမသိတန်သေးဘူးထင်လို့အခုလာရှင်းပြတာပါကျွန်တော်လည်း ဣနြေဆည်လျှက်ကောင်းပါပြီခင်ဗျားတို့ချင်းသ ဘောတူရင်လည်း ပြီးရောပေါ့ဗျာ ချိန်းတဲ့အချိန်ကိုအတိအကျလာတာလည်းကျေးဇူးတင်ပါတယ်။

ထိုစဉ် စတူဒီယိုထဲမှရုပ်ရှင်အဖွဲ့သားအားလုံး အသံတိတ်ကာ နားနေဆောင်ဘက်သို့ခေါင်းကလေးတွေစောင်းကာ ကျွန်တော်တို့နှစ်ယောက်အားစိုးရိမ်ထိတ်လန့်စွာစောင့်ကြည့်နေကြလေသည်။ကြည်ကြည်ဌေးလည်း တုန်လှုပ်စွာစိုးရိမ်မကင်းဟန်ဖြင့် သူ့နောက်နားမလှမ်းမကမ်းမှ ဝင်ရောက်လာသည်။

ဦးအောင်သိန်းက ဆက်ပြီးဒီလိုပါဆရာ ကျွန်တော် အမှတ်မဲ့နေတတ်သူမဟုတ်ပါဘူးငယ်ငယ်ကထဲက လူကိုအကဲခတ်တတ်ပါတယ် ဟုပြောရင်းကျွန်တော့်ထိုင်နေသည့်တန်းလျားဘေးသို့ ရင်းနှီးစွာပြုံးလျှက်ဝင်ထိုင်သည်။သူ့ဘေးတွင်ကြည်ကြည်ဌေးလည်းဝင်ထိုင်၏။

ကျွန်တော့်ဇနီးရွှေကြည်ဟာ ကျွန်တော်မပါပဲဘယ်တော့မှ သွားလေ့မရှိပါဘူး။သူကလည်းကြောက်တတ်သလိုကျွန်တော်ကလည်းကြောက်တာပါပဲဆရာဒီရုပ်ရှင်ပြဇာတ်နယ်ဆိုတာ လက်ရှုပ်ခြေရှုပ်လူရှုပ်ပါးစပ်ရှုပ်တွေ အင်မတန်များပါတယ်။ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးဒါကိုကြောက်ပါတယ်။

ဆရာ့ကိုတော့ တွေ့စကထဲကယုံကြည်လေးစားခဲ့လို့သာတစ်ခါတစ်လေ ကျွန် တော်ကိုဟ်တိုင်လိုက်မပို့ပဲ ဆရာတို့ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူလိုက်သွားဖို့ခွင့်ပြုခဲ့တာပါ။ထို့နောက် ကြည်ကြည်ဌေးဘက်သို့လှည့်ကာ ရွှေကြည်ရေ တို့ဘဝဘယ်လိုလုပ်ခဲ့ရတယ်ဆိုတာ ဆရာ့ကိုတော့ပြောပြရတော့မှာပဲဟုပြောရာ ကြည်ကြည်ဌေးကလည်း ပြုံးလျှက်ခေါင်းညိတ်ပြလေသည်။

ကျွန်တော်တို့လင်မယားလျို့ဝှက်ချက်ပဲပြောချင်ပြောတော့ဆရာ့ကိုတော့လေး စားလို့ပြောပြရတာပါ။ပြဇာတ်နယ်ရောရုပ်ရှင်လောကပါ ခက်တယ်ဆရာအမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားတွေအများကြီး ပြီးတော့ ပညာနဲ့လုပ်စားသူချင်းခေါင်းပုံဖြတ်တာတွေကလည်းအများသား ဒါတွေကိုကာကွယ်နိုင်ဖို့လင်မယားရန်ဖြစ်ပြရ ပါးရိုက်ပြရတာပါ ကျွန်တော်တို့အပေါ်ရိုသေအောင် ပညာရှိနှိပ်စက်တာမျိုးတွေမခံရအောင် ကျွန်တော်က လူမိုက်လုပ်ပြရတယ်။

လူမိုက်ရုပ်အခံကလည်း ရှိ ပညာရှိပုံကလည်း မပေါက်တော့ လူမိုက်လုပ်ပြရတာပေါ့ သူများသွားလုပ်ရင်ဘယ်ခံပါ့မလဲနော် ပြန်လည်းအလုပ်ခံရမယ် အမှု့လည်းဖြစ်ဦးမယ် ဒီတော့ ကိုယ့်မယားကိုယ်ပဲ လူထူထူရှေ့မှာ ဆဲဆိုပြီးပါးရိုက်ပြရတယ် ဒါမှသတင်းများများပျံ့ပြီးအကျိုးရှိမှာမဟုတ်လား

လင်မယားကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း ပါးကိုမနာ့တနာရိုက်ပြသူကလည်း တအားအော်ငိုပြီးးပက်လက်လန် သူ့သာမေးကြည့်ပါ ရုပ်ရှင်ပြဇာတ်ထဲမပါတဲ့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော်လည်းအိုက်တင်မညံ့ပါဘူး။

ဒါတွေဟာ တကယ်တော့ကျွန်တော်တို့လင်မယားရဲ့ စီးပွားရေးငါးနှစ်စီမံကိန်းအတွက်ဆိုလည်းမမှားပါဘူးဗျာ စီးပွား ရေး ငါးနှစ်စီမံကိန်း ဟုတ်လားကျွန်တော်အလွန်အံ့အားသင့်စွာ မေးမိသည်။ဟုတ်တယ်ဆရာရဲ့ သူ့ငါးနှစ်စီမံကိန်းကြောင့်ကျွန်မဖြင့် ငါးနှစ်လုံးလုံး ဘဝင်မကျခဲ့ဘူး။

လူဖြင့်ခြိုးခြံရလွန်းတော့ ဒေါသဖြစ်လိုက်တာ သူ့ကိုဓါးနဲ့ခုတ်ချင်စိတ်တောင်ပေါက်တယ်ဟုကြည်ကြည်ဌေးကပြော သည်။ဒီတော့ ဗိုလ်အောင်သိန်းကြီးက တဟဲဟဲဖြင့် ဘီလူးရယ်ရယ်ပြသည်။ဒီလို ပါဆရာ ကျွန်တော်ပြည်သူရဲဘော်လုပ်ခဲ့တုန်းကမစို့မပို့သင်တန်းတက်ခဲ့ရတာက ကြားဖူးနားဝနဲ့ ငါးနှစ်စီမံကိန်းဆိုတဲ့စကား လုံးကြီးသုံးပြီးလေထွားသလိုဖြစ်မိတာသည်းခံပါ။

တစ်နေ့ကျွန်တော် ရှေးခေတ်မင်းသမီးကြီးနဲ့သူ့သမီးလေးကို အမှတ်မထင်တစ်နေရာမှာတွေ့မိပြီး စိတ်တုန်လှုပ်သွားတယ်။ဆင်းရဲလိုက်တာနေ့နေ့ညည မနည်းရှာဖွေရုန်းကန်စားသောက်နေရတဲ့ဘဝပါ ။ ကျွန်တော်က နာမည်ကြီးထဲကလားဟုဖြတ်မေးသည်။

ဦးအောင်သိန်းကဆက်၍သူဟာတစ်ချိန်က လျှမ်းလျှမ်းတောက်ပါဆရာသူတို့ခေတ်က ကားဝယ်စီးနိုင်သူပါ (ထိုအချိန်ကစစ်ကြိုခေတ်တွင် မြန်မာလူမျိုးထဲမှကားဝယ်စီးနိုင်သူခပ်ရှားရှားဖြစ်၏) စစ်မဖြစ်ခင်ကပေါ့ မြန်မာဇာတ်လိုက်တွေဟာ အဲ့ဒီ့ခေတ်အန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေထက်ကြေးပိုရပါတယ်။

ဒါနဲ့ရှေးကရုပ်ရှင်ဇာတ်လိုက်တွေအဆက် အနွယ်တွေအကြောင်းလေ့လာမိတော့ကျွန်တော်အရမ်းတုန်လှုပ်မိတယ် အမွဲမွဲအတေတေနဲ့ဘယ်မှာထူထူထောင်ထောင်ရှိကြတော့လို့လဲ တစ်ချို့ဆိုဇာတ်သိမ်းမလှလိုက်ပုံများဆရာရယ်။ဒါနဲ့ကျွန်တော်သံဝေဂရမိတယ် စီးပွားရေးအတွက်ပေါ့ ကျွန်တော့်မှာလည်းပြည်သူ့ရဲဘော်အဖြစ်လုပ်ခဲ့တာဘာအခြေမှမရှိဘူး အရပ်လူမိုက်လိုလိုနဲ့ သူ့ကြည့်တော့လဲဇာတ် မင်းသမီးလူထွက် ဘယ်နေရာမှအံမဝင်ချင်ဘူး။ရွှေကြည်ဘယ်လေါက်တာရှည် မင်းသမီးလုပ်နိုင်မှာလဲ။

သူ့ရုပ်ကလည်းယိုပြီ အသက်ကလည်းထောက်လာပြီ ဆရာ့နှမကိုသေချာကြည့်ပါဦးတကယ်တော့ရုပ်ရှင်မင်းသမီးတွေထဲမှာခပ်ချာချာပါ ရင်မရှိတင်မရှိနဲ့ကိုယ်လုံးအလှပြနိုင်တဲ့မင်းသမီးမျိုးမဟုတ်ပဲ ငိုကာရယ်ကာ ဒီမျက်နှာလေးတစ်ထွာနဲ့လုပ်စားနေရတာပါ

ဟောတော့ ကာလနာအကြီးစားကြီး အတွင်းရေးတွေပေါ်ကုန်ပါပြီ ကျုပ်မရှိတာတွေလျှောက်ပြောနေရသလားကျွန်တော့်မှာသူတို့လင်မယားကြားရယ်မောနေမိလေသည်။ရွှေကြည်ရယ် ငါကဆရာနားရှင်းအောင်ပြောချင်လို့ပါဟ။ ဒါနဲ့ငါးနှစ်စီမံကိန်းကိုသူနဲ့တိုင်ပင်လုပ်ခဲ့ကြတာပါ ငါးနှစ်အတွင်းခြိုးခြံချွေတာပြီး အမာခံရအောင်စုဆောင်းပြီးတော့မှ အတိုး အညွန့်သုံးဒါပါပဲမစားရ မဝတ်ရ မဝယ်ရ မပေးရ သူရသမျှပိုက်ဆံလည်းကျွန်တော့်ကိုအကုန်အပ်စေတယ်။

ဒီကြားထဲမှာ ကျွန်တော်အတွေးတစ်ခုဝင်လာတယ်။ ရုပ်ရှင်ပညာသည်တွေဟာ တကယ်တန်ရာတန်ကြေးရရဲ့လားပေါ့။ကုမ္ပဏီပိုင်ရှင်သာ ဇာတ်ကားတစ်ကားနဲ့ကျိကျိတက်ချမ်းသာသွားတယ် ပညာ သည်တွေကတော့ သူတို့ကိုအလုပ် အကျွေးပြုပြီး နာမည်လေးပဲအဖတ်တင်ခဲ့တာပါ အိုလာရင်မွဲကြသေကြဒီလိုပဲမြင်မိတယ်။ ဒီမှာကျွန်တော်ကြေးတိုးတောင်းလိုက်တယ် တစ်ကားကိုတစ်သောင်းခွဲရမှ ရိုက်မယ်။

ဒါကိုတော့ကျွန်တော်ကောင်းကောင်းမှတ်မိသည်။ကြည်ကြည်ဌေး အေဝမ်းတွင်ချစ်သက်ဝေနှင့်အကယ်ဒမီရပြီး ရတနာပုံ အကျော်အမော်ဇာတ်ကားများဖြင့်လျှမ်းလျှမ်းတောက်ကျော်ကြားသွားသည်။ဒီတော့ရုပ်ရှင်ဇာတ်ကားတစ်ကားကို တစ်သောင်းငါးထောင်နှုန်းဖြင့်ကြည်ကြည်ဌေးကကြော်ငြာသည်။

ထိုစဉ်က ရုပ်ရှင်မင်းသား မင်းသမီး ဒါရိုက်တာနှင့်ဓါတ်ပုံဆရာ အားလုံးဈေးအတူ တစ်ကားလျှင် သုံးထောင်နှုန်းသာရရှိသည်။ကြည်ကြည်ဌေးက ဈေးငါးဆတင်လိုက်တော့အားလုံးအံ့အားသင့်ကြ၏။ထိုဈေးကိုပင်ပထမဆုံးပေးသူကကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဖြစ်၏။ငွေလင်း၏ဝတ္ထုယမုန်နာရိုက်ရာတွင်စပေးသည်။

အခု ဆရာရော ဒီကားမှာဘယ်လောက်ရသလဲသောင်းငါးထောင်လား နှစ်သောင်းလား။အဲ့ဒါကျွန်တော်တို့လင် မယားကျေးဇူးမကင်းလှဘူးနော်ဟုဗိုလ်အောင်သိန်းကပြောရာ ကျွန်တော်ဘာပြောရမှန်းမသိဖြစ်သွား၏နေရင်းထိုင်ရင်းသူကကျေးဇူးရှင်ထဖြစ်နေသေးသည်။

မှန်သင့်သလောက်လည်းမှန်ပါသည်ထိုသို့ကြည်ကြည်ဌေးသရုပ်ဆောင်ကြေးမှာ ရုပ်ရှင်နယ်ကုမ္ပဏီတွေကြားမှာ ဗုံးကွဲသလိုဖြစ်ရာ ကန်တော်မိတ်ရုပ်ရှင်ကုမ္ပဏီဒါရိုက်တအစည်းအဝေးထိုင်ကာဆုံးဖြတ်ခဲ့ရသော်လည်း မင်းသမီးနှင့်ကားကြော် ငြာလိုက်ရုံဖြင့် နယ်ရုံတွေကဝိုင်းလာကြသည်။အခြားကုမ္ပဏီများလည်း အလု အယက်ရိုက်ကူးကြရာ မင်းသမီးဈေးနှုန်းနှင့်လျော်ညီစွာ အခြားပညာရှင်များသရုပ်ဆောင်များကိုပါ ဈေးတက်၍ ပေးခဲ့ရလေသည်။

နောက်တစ်ခုသူတို့လင်မယားကျေးဇူးရှိသေးသည်မှာ ရုပ်ရှင်ရိုက်ကွင်းသို့လာလျှင် ဒါရိုက်တာမင်းသားမင်းသမီး စက်သမား မီးထိုးမှန်ထိုးပါမကျန်နေ့စားသမား အဆုံး ကုမ္ပဏီကတစ်ယောက်မကျန်ထမင်းကျွေးရန် ကြည်ကြည်ဌေးလင်မယားကစတင်လှုံ့ဆော်ဖန်တီးစည်းရုံးခဲ့ခြင်းဖြစ်ကြောင်းကို ဂီတလုလင်မောင်ကိုကိုက ပြောပြ၍သိခဲ့ရသည်။ဒီအချက်ကိုတော့ သူတို့မပြောပါ။

အရင်က ရိုက်ကွင်းလာလျှင်သက်ဆိုင်သူအားလုံး ကိုယ့်ထမင်းချိုင့်ကိုယ်ဆွဲလာရလေ့ရှိ၏ရုပ်ရှင်သမားတို့အတွက်ကျေးဇူး တင်ထိုက်သောကိစ္စ ဖြစ်ပေသည်။ ဦးအောင်သိန်းကြီးကဆက်၍ဒီလိုနဲ့ဆရာရယ် ဈေးကလည်းရ ကုသိုလ်လေးကလည်းလိုက်တော့ ကားရိုက်တာလည်းလက်မလည်ရည်မှန်းထားတာထက်ပိုကိုက်ပါသေးတယ်။

ဒါနဲ့ငါးနှစ်တင်းတင်းပြည့်တဲ့နေ့မှာ သူ့ကိုခေါ်ပြီး လာဟေ့ရွှေကြည် နင့်ကိုငါအပ်ပြီ ဆိုပြီး ရသမျှငွေစာရင်းနဲ့အတူ ပစ္စည်း ပစ္စယစာရင်းတွေ အကုန်ထိုးအပ်လိုက်တယ်။ဆရာ့နှမကိုသာမေးကြည့်ပါ သူအင်မတန်တုန်လှုပ်သွားတယ်။ ငါးနှစ်အတွင်း ပင်ပန်းခံစုခဲ့သမျှပန်းပင်ကြီးလမ်းမှာ တိုက်အကြီးကြီးဆောက်ပြီးပြီ။မာစီဒီးကားဝယ်ထားပြီ။

တိုက်ရှေ့မှာသုံးဘီးကားတွေကို ဝယ်ပြီးသမျှအငှားချထားဖို့ တန်းစီပြလိုက်တယ်။အဲဒါတို့ပိုင်တယ်။ပြီးတော့ စိန်ထည်လေးသောင်းဖိုးနဲ့တခြားရွှေငွေလက်ဝတ်လက်စားတွေသူ့လက်ထဲထည့်လိုက်တယ် ဒါတွေဟာနင်ရသမျှငွေကြေးကိုတစ်ပြားမှအပွန်းပဲ့မခံပဲစုထားခဲ့တာတွေပေါ့ စာရင်းနဲ့တန်ဖိုးပြန်တိုက်ကြည့် အဲ့ဒါငါတို့ငါးနှစ်စီမံကိန်းရဲ့အချုပ်ပေါ့ ဒါနင်ပိုင်တဲ့ပစ္စည်းတွေလာချည်းပဲ

ကျွန်တော်ကြည်ကြည်ဌေးကို လှမ်းကြည့်တော့မျက်လွှာလေးချထားရာမှ သူ့ယောင်္ကျားလက်ကိုလမ်းဆုပ်ကိုင်လိုက်ရင်း မျက်နှာလေးမော့လာသောအခါ မျက် ရည်တွေလည်နေတာတွေ့ရသည်။ဟုတ်ပါတယ်ဆရာ ကျွန်မဖြင့်အံ့သြလွန်းလို့စားမရအိပ်မရတောင်ဖြစ်မိပါသေးတယ်။စိတ်လှုပ်ရှားရလွန်းလို့အရူးထောင်ပို့ရမလိုပဲ ဆေးထိုးယူရပါတယ်ဟုဝန်ခံလေသည်။

ဦးအောင်သိန်းက ဒီတော့မှဆရာ့နှမကလည်းကျွန်တော့်ကိုယုံကြည်သွားပြီးပြောစကားကို လိုလိုချင်ချင်နားထောင်တော့တာလင်မယားနှစ်ယောက်ထပ်တိုင်ပင်ပြီး နောက်ငါးနှစ်စီမံကိန်းကို ပျော်ပျော်ရွှင်ရွှင်ချခဲ့တာခုဆို နှစ်နှစ်ထဲရောက်နေပါပြီ ။ သည်တော့မှ ကျွန်တော်သူ့ကိုသေချာတဲ့တိုးကြီးကြည့်မိသည်။ဒီလိုဗိုက်ရွှဲကုပ်တိုလူမိုက်လို လူက ဒီလိုအကြံအတွေးနဲ့ဒီလိုလုပ်ခဲ့ခြင်းအပေါ်အံ့သြမိလေသည်။

နောက် ကျွန်တော့်နေ့တွက်ကိစ္စကလည်း ကျွန်တော်ထွင်တာမဟုတ်ဘူးသူတို့ကိုယ်တိုင်က ထွင်ခဲ့တာပါဆရာ မင်း သမီးကိုကားလွှတ်ကြိုရမယ့်အစားခင်ဗျားပဲရိုက်ကွင်းအရောက်ပို့ပေးပါ အင်ဒိုးအောက်ဒိုးဘယ်နေရာပဲဖြစ်ဖြစ် အချိန်မီသာပို့ပေးတစ်ဂျုတီငွေနှစ်ဆယ်ပေးပါ့မယ်လို့ သတ်မှတ်ခဲ့ကြတာပါ။

ပြီးတော့ မျက်နှာထားဆိုးဆိုနဲ့ဘယ်သူ့မှမယုံသလိုခပ်တင်းတင်းအမြဲနေပြပြီး ကျွန်တော်ဆိုးပုံမိုက်ပုံကိုပေါ်လွင်အောင် ခြောက်လုံးပြူးခါးချိတ်ထားရသေး။ကျွန်တော့်အပေါ်မုန်းသမျှ ကြည်ကြည်ဌေးကို ပုံသနားပေးကြကျွေးကြ ချစ်ခင်ကြင်နာကြတော့တာပါပဲ။

ကျွန်တော်လူမိုက်လုပ် မိန်းမညှင်းဆဲပြတော့လျှို့ဝှက်သမား ကြာသမားတွေလည်းဇာတိမြန်မြန်ပေါ်တော့တာပဲ ကြားဖြတ်၍ ကျွန်တော်က ဟုတ်ရဲ့လားဗျာဟုမေးသောအခါ သူကဆက်၍ပြောလေသည်။ဆရာရယ် ဒီလောက က အင်မတန်ရှုတ်သလို အမြီးကျတ်အမြီးစားခေါင်းကျတ်ခေါင်းစားလူမျိုးတွေ လင်ရှိမယားမရှောင် အချောင်ခိုချင်သူတွေအလွန်များကြောင်းပြောပြီးပါပကော။လောကသတ္တဝါတွေထဲမှာ လူဟာ လူပါးဝနိုင်တာဟန်ဆောင်ကောင်းတဲ့အချက်ကြောင့်ပေါ့။

ဟုတ်ဘူးလားသိပ်ဟန်ဆောင်ကောင်းတာနော်။တော်ရုံနဲ့သူ့ဇာတိမပေါ်ဘူး။သိပ်အဖုံးအဖိကောင်း ဟန်ဆောင်ကောင်းတာကိုး။ဒါပေမယ့် တစ်ခုခု အခွင့်အရေးယူမယ် ရမယ်ထင်တဲ့အခါမှာ သူ့ဇာတိက ဘွင်းဘွင်းကြီးပေါ်လာတော့တာပဲ။ သူဘာဆိုလိုသည်ကို ကျွန်တော်တွေးနေမိသည်။

ဒီလိုဆရာ ကျွန်တော်နာမည်ကျော်လူမိုက်အဖြစ် မယားကိုနှိပ်စက် နှိပ်စက်ပြတော့ သနားလိုက်ကြတာ လူမိုက်မယားရယ်လို့ သဒ်ဓါပို အချောင်နှိုက်ကြာကူလီရိုက်မယ့်ငနဲတွေလေ ပွပေါက်ပဲဆိုပြီးအခွင့်အရေးအတွက် ဟန်ဆောင်ဖုံးကွယ်ထားသမျှ ဇာတိကမြန်မြန်ပေါ်တော့တာပဲ ဆရာရဲ့အင်းဒါလည်း

အောင်သိန်းကြီးမိုက်ပြနေရတဲ့အချက်တစ်ချက်ပေါ့ဟုဆိုကာ သူ့ဗိုက်ကြီးကိုပွတ်ရိုက်ရိုက်ပြီးဟာဗျာ တော်ပါပြီ ဆရာနဲ့စကားပြောရတာကိုယ့်လျှို့ဝှက်ချက်မှန်သမျှ အားလုံးပေါ်ကုန်တော့မှာပဲဟူ၍ လှည့်ထွက်သွားရာသို့ ကြည်ကြည်ဌေးလည်းလိုက်ပါသွားလေသည်။

သာ ဂ ဒိုးပေဖူးလွှာမဂ္ဂဇင်း။ အမှတ် ၆၅ အောက်တိုဘာလ ၊ ၁၉၈၆ ခုနှစ်

မှတ်ချက်။ ဒေါ်ကြည်ကြည်ဌေး၏ အကယ်ဒမီ၄ဆု၁၉၅၂-ချစ်သက်ဝေ ၁၉၅၆-ချစ်ခွင့်မပိုင်၁၉၇၀-နုနုငယ်ငယ် ၁၉၇၈-လူဇော်စာကိုး ။ ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများပြန်လည်တူးဖော်ခြင်း အနှစ်၁၀၀ ဒုတိယတွဲမှကောက်နှုတ်ဖော်ပြပါသည်။