အခ်စ္ေရး

လူတချို့က ရာသီဥတုလိုပဲ သိပ်ကို အပြောင်းအလဲ မြန်တယ်

လူတချို့က ရာသီဥတုလိုပဲ သိပ်ကို အပြောင်းအလဲ မြန်တယ် ။ စချစ်ပါတယ်လို့ ပြောတဲ့အခါက ဓူဝံကြယ်ကိုပဲ စွတ်ရစွတ်ရ သမုဒရာကိုပဲ လက်ပစ်ကူးရ ကူးရဆိုတဲ့သူက ကိုယ့်အချစ်ကို ရသွားတဲ့အခါ သူမှ ဟုတ်ရဲ့လားလို့ သံသယ၀င်ရလောက်တဲ့အထိ ပြောင်းလဲသွားတတ်ကြတယ်လေ ။

အရင်က ကိုယ်မျက်ရည်ကျရင် သေပါမယ်ဆိုတဲ့လူတွေ သူတို့ကိုယ်တိုင် မျက်ရည်ကျစေတဲ့အခါ ဖာသိဖာသာ နေသားကျသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ ကိုယ့်မျက်နှာလေး မဲ့သွားရင် သေရပါမယ်ဆိုတဲ့လူက အခုကျကိုယ်အိပ်ယာထဲ လဲကျနေရင်တောင် တစ်ချက်လေးငဲ့ကြည့်ဖို့ မအားတော့ဘူး ။ ကိုယ့်ကို စချစ်တုန်းက ကမ္ဘာပေါ်မှာ အအားဆုံးသူက သူပါ ကိုယ်က ပြန်ချစ်တော့ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး လူဖြစ်သွားတတ်တယ်

တကယ်… တချို့ပြောင်းလဲခြင်းတွေဆို လက်တွေ့ကြုံလို့သာ ယုံရတာပါ တခြားတစ်ယောက်က လာပြောပြနေမယ်ဆိုရင် ကျွန်မ ယုံမိမှာ မဟုတ်ဘူး ဘာကြောင့် ဒီလောက် ပြောင်းလဲ သွားခဲ့ကြမှန်းလဲ ကျွန်မလိုက်ပြီးတွေးဖို့ ဥာဏ်မမှီဘူးထင်တယ် ကျွန်မ တွေးကြည့်လို့မရခဲ့ဘူး ။

ကိုယ့်အချစ်ကို မရခင်တုန်းက ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်တည်းကသာ အရေးအပါဆုံးဖြစ်ခဲ့တယ် နောက်တော့ ကိုယ်ကလွဲပြီးတော့ အရာရာဟာ အရေးပါ အရာရောက်သွားကြတယ် ။ ဒီ​ပြောင်းလဲခြင်းတွေမှာ ကျင့်သားရဖို့အတွက် ကျွန်မ အများကြီး လေ့ကျင့်ယူရဦးမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း