ဒီကနေ့ မှာအင်းစိန်ထောင်တွင်ရုံးထုတ်လိုက်တဲ့ပိုင်တံခွန်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ပိုင်တံခွန်ရဲ့ရှေ့နေ
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့်နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။
ဖမ်းဆီးခံရစဉ်ဘာအဆက်အသွယ်မှမရရှိပဲယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီးဧပြီလ၇ ရက်နေ့ကနေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့မော်ဒယ်ပိုင်တံခွန်ကိုဒီနေ့ ဧပြီ ၂၉ရက်မှာအင်းစိန်ထောင်တွင်းမြောက်ဒဂုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးကျန်းမာရေးကောင်းမွန်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ထံကသိရပါတယ်။
ဧပြီ ၁၂ရက်နေ့ကပထမဆုံးရုံးထုတ်ခဲ့ပြီးမြောက်ဒဂုံတရားရုံးမှာတရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီးအမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့အင်းစိန်ထောင်တွင်းမှာဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပိုင်တံခွန်ကိုမြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကတရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတကိုယ်ရောစိတ်ပါကျန်းမာပါတယ်။
ကျန်းမာရေးကလည်းတော်တော်လေးကောင်းမွန်ပါတယ်။ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။သူ့အမေကိုကျန်းမာရေးဂရုစိုက်ဖို့လို့မှာပါတယ်။အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ဘုရားတရားအလုပ်တွေပိုလုပ်ဖြစ်တယ်။
အချင်းချင်းတွေဖေးမကူညီစောင့်ရှောက်ကြတယ်။အပြင်မှာထက်အတွင်းမှာပိုစည်းလုံးကြတယ်။ရှေ့မှာပိုကောင်းအောင်ဘာလုပ်မလဲကျကျနနတွေးမိတယ်။ဒါဟာဒီကာလမှာသူရတဲ့အမြတ်တွေပဲလို့လည်းပြောပါတယ်လို့သူ့ရှေ့နေအဖွဲ့ထဲကဥပဒေအကြံပေးဦးခင်မောင်မြင့်ကဘီဘီစီကိုပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာပိုင်တံခွန်ဘက်ကလိုက်ပါဆောင်ရွက်ဖို့ရှေ့နေကိုယ်စားလှယ်လွှဲစာကို တရားရုံးမှာတင်ခဲ့ပြီးတရားရုံးကလည်းလက်ခံလိုက်တယ်လို့သိရပါတယ်။
အမှုသည်နဲ့လည်းရှေ့နေတွေစကားပြောဆိုခွင့်ရခဲ့ပြီးအမှုသည်ထံကညွှန်ကြားချက်ရယူခဲ့တယ်လို့ဦးခင်မောင်မြင့်ကပြောပါတယ်။ပိုင်တံခွန်အတွက်တရားလွှတ်တော်ရှေ့နေဒေါ်ဇင်မာဦးကလိုက်ပါဆောင်ရွက်မှာဖြစ်ပြီးမေ ၁၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။
အဲဒီရုံးချိန်းမှာတော့မှုခင်းစစ်ဆေးမှုအစီအစဉ် CMP ပြုလုပ်ပြီး အမှုကို ရက်ပေါင်း ၁၇၀ အတွင်းအပြီးစစ်မယ်လို့ တရားသူကြီးက သတ်မှတ်ကြောင်းလည်း ဦးခင်မောင်မြင့်ကပြောပါတယ်။
ပိုင်တံခွန်ဟာ လက်ရှိအင်းစိန်ထောင်တွင်းသရုပ်ဆောင်ရဲတိုက်၊မီးရထားဌာနနဲ့ လေကြောင်းဦးစီးဌာနက CDM လုပ်လို့ဖမ်းဆီးခံထားရတဲ့အရာရှိတွေအပါအဝင်ဝန်ထမ်းတွေနဲ့ ကျောင်းသားခေါင်းဆောင်လေးဦးတို့နဲ့အတူတစ်ဆောင်တည်း နေထိုင်ရတယ်လို့သူ့ရှေ့နေကပြောပါတယ်။
Credit
zawgyi
ဒီကနေ့ မှာအင်းစိန်ထောင်တွင်ရုံးထုတ်လိုက်တဲ့ပိုင်တံခွန်ရဲ့လက်ရှိအခြေအနေကိုပြောပြလာတဲ့ပိုင်တံခွန်ရဲ့ရှေ့နေ
လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးပိုင်တံခွန်ကရှေ့ဆုံးကနေပြည်သူလူထုနဲ့အတူတက်ကြွစွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီလိုလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ပုဒ်မ၅၀၅(က)ဖြင့်အမှုဖွင့်တရားစွဲခံရတာပဲဖြစ်ပါတယ်။ပိုင်တံခွန်ဟာတရားစွဲခံရပြီးနောက်မှာကျန်းမာရေးမကောင်းသဖြင့်နေအိမ်သို့ပြန်လာစဉ်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်နော်။
ဖမ်းဆီးခံရစဉ်ဘာအဆက်အသွယ်မှမရရှိပဲယနေ့ဧပြီလ(၂၉)ရက်နေ့မှာတော့အင်းစိန်ထောင်တွင်ရုံးထုတ်တယ်လို့ ပိုင်တံခွန်ရဲ့ရှေေ့နဆီကတစ်ဆင့်သိရပါတယ်နော်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅ (က)နဲ့ တရားစွဲဆိုခံရပြီးဧပြီလ၇ ရက်နေ့ကနေအိမ်မှာဖမ်းဆီးခံခဲ့ရတဲ့မော်ဒယ်ပိုင်တံခွန်ကိုဒီနေ့ ဧပြီ ၂၉ရက်မှာအင်းစိန်ထောင်တွင်းမြောက်ဒဂုံမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့ပြီးကျန်းမာရေးကောင်းမွန်တယ်လို့သူ့ရဲ့ရှေ့နေအဖွဲ့ထံကသိရပါတယ်။
ဧပြီ ၁၂ရက်နေ့ကပထမဆုံးရုံးထုတ်ခဲ့ပြီးမြောက်ဒဂုံတရားရုံးမှာတရားစွဲဆိုတင်ပို့ခဲ့တာဖြစ်ပြီးအမှုနဲ့ပတ်သက်တဲ့ပထမဆုံးရုံးချိန်းကိုတော့အင်းစိန်ထောင်တွင်းမှာဒီနေ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပိုင်တံခွန်ကိုမြောက်ဒဂုံမြို့နယ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကတရားလိုပြုလုပ်တရားစွဲထားတာဖြစ်ပါတယ်။ကိုယ်ရောစိတ်ပါကျန်းမာပါတယ်။ကျန်းမာရေးကလည်းတော်တော်လေးကောင်းမွန်ပါတယ်။
ရွှင်ရွှင်လန်းလန်းနဲ့တွေ့ရပါတယ်။သူ့အမေကိုကျန်းမာရေးဂရုစိုက်ဖို့လို့မှာပါတယ်။အပြင်မှာမလုပ်ဖြစ်ခဲ့တဲ့ဘုရားတရားအလုပ်တွေပိုလုပ်ဖြစ်တယ်။
အချင်းချင်းတွေဖေးမကူညီစောင့်ရှောက်ကြတယ်။အပြင်မှာထက်အတွင်းမှာပိုစည်းလုံးကြတယ်။ရှေ့မှာပိုကောင်းအောင်ဘာလုပ်မလဲကျကျနနတွေးမိတယ်။
ဒါဟာဒီကာလမှာသူရတဲ့အမြတ်တွေပဲလို့လည်းပြောပါတယ်လို့သူ့ရှေ့နေအဖွဲ့ထဲကဥပဒေအကြံပေးဦးခင်မောင်မြင့်ကဘီဘီစီကိုပြောပါတယ်။