ကြားသိရသမျှ

ပန်း ရောင်းနေရင်း ရုတ်တရက် လူမှု ကူညီရေး ကားအနောက်ကို ပြေးလိုက်လာတဲ့ ကောင်လေး

ပန်း ရောင်းနေရင်း ရုတ်တရက် လူမှု ကူညီရေး ကားအနောက်ကို ပြေးလိုက်လာတဲ့ ကောင်လေး

မင်္ဂလာပါခင်ဗျာ ယခု တင်ဆက် ​ပေးသွားမှာကတော့ မနေ့ကဗျာ ကျနော်တို့ရဲ့ အရေးပေါ် ကားသွားတာကို ပန်းရောင်းနေတဲ့ ကလေးငယ် ညီလေးတစ်ဦးက

လှမ်းမြင်လိုက်တယ်။ ကျနော်တို့ ကားလည်းမြင်ရော သူပန်းရောင်းလို့ ပြီးတာနဲ့ ကားနောက်ကို အတင်းပြေးလိုက်လာတယ်။ အဲ့ဒါ ကျနော်ကတွေ့မိတော့

ကားရပ်ဖို့ပြောပြီး ကားရပ်ခိုင်းလိုက်တယ်။ အဲ့ညီလေးကလည်း တစ်ကိုယ်လုံး ရွှံ့တွေပေလို့ဗျာ။ မိုးတွင်းဆိုတော့လည်း။ အဲ့ဒါနဲ့ ကျနော်က ခုနက ပြေးလိုက်လာလို့

ညီလေး ဘာလို့ ပြေးလိုက်လာတာလဲလို့ မေးလိုက်တော့ သား အကိုတို့နဲ့ လိုက်ချင်တယ်။ သားလည်း အကိုတို့လို သူများတွေကို လိုက်လှူပြီး ကူညီချင်လို့တဲ့ဗျာ။

ကျနော် ဘာပြောရမှန်းတောင်ဘမသိလိုက်ဘူး ဖြစ်သွားတယ်။ ဒီ ညီလေးကို ကြည့်လိုက်တော့လည်း ပန်းရောင်းနေရတာ။ သို့ပေမယ့် မရှိတဲ့ကြားထဲက

သူ့ရဲ့ သူများကို ကူညီချင်တဲ့စိတ်လေးက အရမ်းပြင်းထန်နေတယ်။ အသက်လည်း ငယ်ပေမယ့် ဒီလို သူတစ်ပါးကို ကူညီချင်တဲ့ စိတ်လေး အပြည့်အဝရှိတဲ့

ညီလေး ပညာတတ်ကြီး ဖြစ်ပါစေကွာ။ ပန်းတွေလည်း အများကြီး ရောင်းကောင်းပါစေ။ နောက်ပြီး ညီလေး ဖြစ်ချင်တဲ့ အကိုတို့လို သူတစ်ပါး ဒုက္ခရောက်နေတာကို

ကူညီပေးနိုင်ခွင့် ရရှိပါစေငါ့ညီရေ။ ဒီညီလေးက အိမ်မှာ သူပဲ လုပ်ကိုင်ရှာဖွေ ကျွေးမွေးနေရတာပါ။ အဖိုးနဲ့ အဖွားရယ် ညီမ နှစ်ယောက် နဲ့ နေထိုင်ပါတယ်။

အဖိုးနဲ့ အဖွားက အသက်က ကြီးနေပြီ။ အိမ်မှာ ယောက်ျားသားဆိုလို့ ညီလေးပဲ ရှိတာ။ သူ့ညီမ နှစ်ယောက်ကလည်း ငယ်သေးတယ်။ သူ ဒီလိုမျိုး အိမ်ကို လုပ်ကိုင် ရှာဖွေ

ကျွေးမွေးနေရတာလည်း တစ်ချက်မငြီးဘူး။ တာဝန်ယူစိတ်ကတော့ ဒီညီလေးမှာ အပြည့်ပဲ။ ဒီညီလေးကို အရမ်းလည်း လေးစားတယ်။ ကျနော်တို့တောင် ယခု အသက်အရွယ်

၂၅ နှစ် အကျော်လောက်မှ အိမ်ကို ပြန်ကြည့်နိုင်တာမလား။ ဒီညီလေးက ငယ်ငယ်လေးနဲ့ ဒီတာဝန်ကို ယူထားတာ။ အဲ့ဒီအတွက် ဒီညီလေးကို ကျနော်လေးစားတာ။

ကျနော်တို့နဲ့တွေ့တာ သူ့ခင်ဗျာ ပျော်နေတာ။ အပြုံးပန်းလေးတွေ ဝေလို့။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း သီပေါ မြို့ထဲမှာ ဒီညီလေး ပန်းရောင်းနေတာ တွေ့ရင်

အားပေး လိုက်ကြပါဦးခင်ဗျာ။ မှီခိုသူ ၄ ယောက်မို့ စားဝတ်နေရေး ခက်ခဲပါတယ်။ စာဖတ်သူ တစ်ဦး တစ်ယောက် ချင်းစီကို ကျေးဇူး အထူး တင်ရှိပါတယ်ခင်ဗျာ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Credit