ၾကားသိရသမွ်

ဝမ်းမြောက်ဖွယ်သတင်းကောင်း!ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သေဘာတူတဲ့ ဆုံးဖြတ်ချက်

အခုလေးတင် ကြေညာတဲ့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သေဘာတူတဲ့ ဆုံးဖြတ်ချက်ကတော့ စစ်အာဏာရှင် ဖမ်းဆီးထား

သော အမေစုနဲ့ တကြ ဖမ်းဆီးထားသူ အားလုံးကို ချွင်းချက်မရှိ အလျှင်အမြန်ပြန်လွှတ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ကောင်စီဝင်

၁၅ နိုင်ငံလုံး သဘောတူသော ဆုံးဖြတ်ချက် ကြေညာချက်မျိုးဟာ အလွန်ဖြစ်တောင့် ဖြစ်ခဲ ရှားပါးသော ဖြစ်ရပ်ဖြစ်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကေရစီ စနစ် ပြန်လည် ကျင်းသုံးဖို့

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာတာ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့

အပါအဝင် အစိုးရ အဖွဲ့ဝင်တွေနဲ့ တျခား လူပုဂ္ဂိုလ်တွေကို ဥပေဒမဲ့ ဖမ်းဆီးထိန်းသိမ်းတဲ့အပေါ် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ တွေက

အထူးပဲ စိုးရိမ်မိပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ အားလုံးက

တောင်းဆိုလိုက် ပါတယ်။ လို့ လုံခြံရေးကောင်စီ ဥက္ကဌ ဗြိတိန်နိုင်ငံက သံအမတ်ကြီး Barbara Woodward က ဖတ်ကြား ကြေညာသွားတာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကသံအမတ်ကြီး Woodward ဖတ်ကြားသွားတဲ့ကြေညာချက်ကမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းချိန်ကစပြီး လုံခြုံရေးကောင်စီ

အနေနဲ့ ပထမဆုံး ထုတ်ပြန်တဲ့ ကြေညာချက်ဖြစ်ပါတယ်။ အဲဒီကြေညာချက်မှာ ဒီမိုကေရစီ အဖွဲ့အစည်း တွေနဲ့ ဒီမိုကေရစီ ဖြစ်စဉ်

ဆကျလကျရှငျသနျရေး၊အငျအားသုံးအကွမျးမဖကျရေး၊အခွခေံအခှင့ျအရေးတှနေဲ့ဥပဒစေိုးမိုးရေးကိုလေးစား လိုကျနာရေး အလေးထား ဖောျပွထားပါတယျ။

အဖွဲ့ဝင်၁၅ နိုင်ငံအနေနဲ့ မြန်မာ ပြည်သူတွေရဲ့ ဆန္ဒ အကျိုးစီးပွားနဲ့ အညီ နှစ်ဖက်စေ့စပ်ဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ် ရေးကို အားပေး ထောက်ခံတယ်လို့လည်း လုံခြုံရေးကောင်စီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အပြင် အရပ်ဖက် အဖွဲ့အစည်းတွေ၊မီဒီယာ

တွေနဲ့ သတင်းသမားတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ လုပ်နေတာကို အလွန်ပဲ စိုးရိမ္ပူပန္မိတယ္လို့ လုံခြုံရေး ကောင်စီ က ပြောပါတယ်။

ဒါ့အပြင်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အာဆီယံအဖွဲ့ ဥက္ကဌရဲ့ ကြေညာချက်ကိုလည်း လုံခြုံရေးကောင်စီက ထပ်လောင်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။

အာဆီယံဥက္ကဌ ဘရူနိုင်းလ်နိုင်ငံက အာဆီယံအဖွဲ့အနေနဲ့ ဒီမိုကေရစီ၊ ဥပေဒ စိုးမိုးရေး၊ ကောင်းမွန်တဲ့ အစိုးရ၊ လူ့အခွင့်ရေးနဲ့ အခြေ ခံ

လွတ်လပ်ခွင့်တွေကို ကာကွယ်ရေးစောင့်ရှောက်ရေးဆိုင်ရာ မူတွေကို လေးစားလိုက်နာကြောင်းကြေညာချက်ထုတ်ပြန်ထားတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ကျဆုံးစေရမယ်လို့ အပြင်းအထန် ဝေဖန် ပြောကြားထားပါတယ်။

အင်္ဂါနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတုန်းကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine

Schraner Burgener က မြန်မာနိုင်ငံမှာ ဒီမိုကေရစီ စနစ် ပြန်လည် ကျင့်သုံးလာစေအောင် လုပ်ဆောင်ပေးဖို့ လုံခြုံရေး ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။