မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကားတား၍ ယာဉ်မောင်းကိုဓားဖြင့် ခုတ်ကာမော်တော်ယာဉ် လုပြေးမှု ဖြစ်ပွားခဲ့
အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့နေရာတွင် ယမန်နေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးမှ ကား
တား၍ ယာဉ်မောင်းကို ဓားဖြင့်ခုတ်ကာ မော်တော်ယာဉ်အား လုပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် (၇)နာရီခန့်က ဖားအံမြို့ တောင်ကလေးကျေးရွာနေ ယာဉ်မောင်း ကိုကျော်နိုင်ထွေးသည် Honda Fit ယာဉ်အား မောင်းနှင်၍ မြဝတီမြို့မှ
ဖားအံသို့ အပြန် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာအရောက်တွင် အမည်မသိ အမျိုးသားတစ်ဦးက ကားကိုတားရာ ကိုကျော်နိုင်ထွေးမှ
ကားရပ်ပေးစဉ် ထိုအမျိုးသားမှ ဓားဖြင့်ခုတ်ကာ ကားလုပြေးသွားသည်ဟု သိရသည်။
ထိုသို့ လူတစ်ဦးက ကားတား၍ ဓားဖြင့်ခုတ်ကာကားလုပြေးသွားကြောင်း အကြောင်းကြားလာသဖြင့် သင်္ဃန်းညီ နောင်မြို့သစ် လူမှုကူညီရေးအဖွဲ့မှ ယင်းနေ့ နံနက်
ပိုင်းတွင်ပင် ဖြစ်စဉ်နေရာသို့ချက်ချင်းသွားရောက်ကာ ထိခိုက်ဒဏ်ရာရရှိသူအား လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သင်္ဃ
န်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့ခေါင်းဆောင် ကိုစိုးမိုးဌေးက ပြောသည်။
၎င်းက ” ကားလုခံရပြီး ဓားဒဏ်ရာရရှိသူက ဖားအံမြို့ တောင်ကလေးကျေးရွာနေ ကိုကျော်နိုင်ထွေး ဆိုသူဖြစ်ပါတယ်။ မြဝတီကနေ ဖားအံသို့ အပြန်မှာ ဖြစ်တာ။ ကို
ကျော်နိုင်ထွေးမှာ လည်ပင်းနဲ့ ခန္ဓာကိုယ် နေရာအတော်များများမှာ ဓားဖြင့် ခုတ်ခံရသဖြင့် ပြတ်ရှဒဏ်ရာတွေ ရထားတဲ့အတွက် မနေ့ကတော့ မြဝတီခရိုင် ပြည်သူ့
ဆေးရုံကို ချက်ချင်း ပို့ဆောင်ပေးခဲ့ပါတယ်။ လူနာအခြေအနေကတော့ ကောင်းပါတယ်။ သူက ဖားအံ ဘက်ကဆိုတော့ သူ့မိသားစုဝင်တွေရဲ့ ဆန္ဒအရ မနေ့ကဘဲ မြဝ
တီခရိုင်ဆေးရုံးကနေ ဖားအံဆေးရုံသို့ လွှဲပြောင်း ပေးလိုက်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့နေရာသည် ယာဉ်မတော် တဆမှုများ မကြာခဏ ဆိုသလို ရှိတတ်သော်လည်း
ယခုကဲ့သို့ ကားတား၍ ယာဉ်မောင်းအား ဓားဖြင့်ခုတ်ကာ ကားလုပြေးသည့်ဖြစ်စဉ်မှာ ပထမအကြိမ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
Photo# သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့ နှင့် KIC crd