ေအာက္တိုဘာ ၂၈
အာဖဂန္နစၥတန္ အၾကမ္းဖက္ အဖြဲ႕ နဲ႔ဆက္ႏြယ္ေသာ ISIS-K အၾကမ္းဖက္အဖြဲ႕သည္ တစ္ႏွစ္အတြင္း အေမရိကန္ႏိုင္ငံကို တိုက္ခိုက္ႏိုင္တဲ့အထိ စြမ္းရည္တိုးျမင့္လာႏိုင္ေၾကာင္းကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ ထိပ္တန္းအရာရွိတစ္ဦးက လႊတ္ေတာ္အမတ္မ်ားကို အဂၤါေန႔တြင္ ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
အထက္လႊတ္ေတာ္ လက္နက္ကိုင္ ေကာ္မတီ ဥကၠ႒ ဂ်က္ခ္ရိဒ္မွ မူဝါဒေရးရာ ပင္တဂြန္ လက္ေထာက္အတြင္းဝန္ ေကာလင္းခါးလ္ ကို ဗိုလ္ခ်ဳပ္ႀကီး မာခ္မယ္လီရဲ႕ လာမယ့္ ၁၂လမွ ၃၆ လအတြင္း ႏိုင္ငံတကာအၾကမ္းဖက္ တိုက္ခိုက္မႈ ရွိႏိုင္ေၾကာင္း အကဲျဖတ္ခ်က္နဲ႔ပတ္သတ္ၿပီး ေမးျမန္းခဲ့ပါတယ္။
ပင္တဂြန္အရာရွိေကာလင္းမွ ” အကဲျဖတ္မႈက ဘယ္အဖြဲ႕အေၾကာင္းကို ကြၽန္ေတာ္တို႔ ေျပာေနသလဲဆိုတဲ့အေပၚမွာ မူတည္ပါတယ္။ လက္ရွိမွာ ေထာက္လွမ္းေရးအသိုင္းအဝိုင္းက ISIS-K နဲ႔ Al Qaeda ႏွစ္ခုစလုံးဟာ အေမရိကန္ကို ဆန႔္က်င္ဖို႔ အပါအဝင္ ျပင္ပစစ္ဆင္ေရးေတြ လုပ္ေဆာင္ဖို႔ ရည္႐ြယ္ခ်က္ရွိတယ္လို႔ ေလာေလာဆယ္ အကဲျဖတ္ထားေပမယ့္ ေလာေလာဆယ္မွာေတာ့ အဲဒီလို လုပ္ေဆာင္ႏိုင္စြမ္း မရွိေသးဘူး” လို႔ သူ႔ရဲ႕ အျမင္ကို ေျပာပါတယ္
ဆက္လက္ၿပီး အရာရွိမွ ISIS-K ကေတာ့ အေမရိကန္ကို တိုက္ခိုက္ဖို႔ ၆လကေန ၁၂လအထိပဲ ၾကာျမင့္ႏိုင္ေပမယ့္ အယ္လ္ကိုင္ဒါဟာ အေမရိကန္ကို တိုက္ခိုက္ႏိုင္ဖို႔ စြမ္းရည္ကို ျပန္လည္ဖြဲ႕စည္းဖို႔ တစ္ႏွစ္ ဒါမွမဟုတ္ ႏွစ္ႏွစ္ေလာက္ အခ်ိန္ယူရမယ္လို႔ ထင္ပါတယ္ လို႔ ေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။
အောက်တိုဘာ ၂၈
အာဖဂန်နစ္စတန် အကြမ်းဖက် အဖွဲ့ နဲ့ဆက်နွယ်သော ISIS-K အကြမ်းဖက်အဖွဲ့သည် တစ်နှစ်အတွင်း အမေရိကန်နိုင်ငံကို တိုက်ခိုက်နိုင်တဲ့အထိ စွမ်းရည်တိုးမြင့်လာနိုင်ကြောင်းကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထိပ်တန်းအရာရှိတစ်ဦးက လွှတ်တော်အမတ်များကို အင်္ဂါနေ့တွင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
အထက်လွှတ်တော် လက်နက်ကိုင် ကော်မတီ ဥက္ကဋ္ဌ ဂျက်ခ်ရိဒ်မှ မူဝါဒရေးရာ ပင်တဂွန် လက်ထောက်အတွင်းဝန် ကောလင်းခါးလ် ကို ဗိုလ်ချုပ်ကြီး မာခ်မယ်လီရဲ့ လာမယ့် ၁၂လမှ ၃၆ လအတွင်း နိုင်ငံတကာအကြမ်းဖက် တိုက်ခိုက်မှု ရှိနိုင်ကြောင်း အကဲဖြတ်ချက်နဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ပါတယ်။
ပင်တဂွန်အရာရှိကောလင်းမှ ” အကဲဖြတ်မှုက ဘယ်အဖွဲ့အကြောင်းကို ကျွန်တော်တို့ ပြောနေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လက်ရှိမှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းက ISIS-K နဲ့ Al Qaeda နှစ်ခုစလုံးဟာ အမေရိကန်ကို ဆန့်ကျင်ဖို့ အပါအဝင် ပြင်ပစစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ လောလောဆယ် အကဲဖြတ်ထားပေမယ့် လောလောဆယ်မှာတော့ အဲဒီလို လုပ်ဆောင်နိုင်စွမ်း မရှိသေးဘူး” လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်
ဆက်လက်ပြီး အရာရှိမှ ISIS-K ကတော့ အမေရိကန်ကို တိုက်ခိုက်ဖို့ ၆လကနေ ၁၂လအထိပဲ ကြာမြင့်နိုင်ပေမယ့် အယ်လ်ကိုင်ဒါဟာ အမေရိကန်ကို တိုက်ခိုက်နိုင်ဖို့ စွမ်းရည်ကို ပြန်လည်ဖွဲ့စည်းဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်ယူရမယ်လို့ ထင်ပါတယ် လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။