သူနဲ႔အတူအိပ္မိလို႔ စိတ္ညစ္ေနတဲ့ မိန္းကေလးမ်ား ဖတ္ရန္
ေကာင္းပါၿပီ မေျပာခင္ကြၽန္ေတာ့္ကိုကြၽန္ေတာ္ မိတ္ဆက္ေပးပါရေစ။ တစ္ခါတစ္ခါမွာ ေျပာျပတဲ့လူအေၾကာင္းကိုသိျခင္းဟာေျပာမယ့္စကားကို ပိုၿပီးေလးနက္ေစတယ္ထင္မိလို႔ပါ။ ကြၽန္ေတာ္ Minctionary ပါ။ ဒီကေလာင္နာမည္နဲ႔အတူ နာမည္ႀကီးခဲ့တာက ပြင့္ေၾကဖတ္ေႂကြဆိုတဲ့ ဇာတ္လမ္းေလးေတြပါ။
မိန္းကေလးေတြဖက္က အလိုမလိုက္ဖို႔ ကိုယ့္ဂုဏ္ကိုယ္ျမႇင့္ဖို႔အေၾကာင္း ေယာက်ာၤးယုတ္ေတြအေၾကာင္း အသိေပးခဲ့တဲ့ ဇာတ္လမ္းတြဲေလးေတြပါ။ ေနာက္ပိုင္းမွာ ဒီအေၾကာင္းေတြဘဲအပ္ေၾကာင္းထပ္ၿပီး တစ္ရာဖိုးသုံးပုဒ္ stupidity ေတြဘဲျဖန႔္မိသလို ျဖစ္မွာစိုးတာရယ္။
ဘဝမွာ အခက္အခဲဆုံးကာလျဖစ္ခဲ့ရတာေတြရယ္။ လာတိုင္ပင္ၾကတဲ့ လူအမ်ားစုရဲ႕ ဇာတ္လမ္းေပါင္းစုံၾကားထဲမွာ စိတ္ေတြညစ္ညဴးလာတာေတြရယ္ေၾကာင့္ ဆက္မေရးျဖစ္ေသးတာပါ။ ၿပီးေတာ့ Page မွာတင္တိုင္း ကိုယ့္အေကာင့္ကို လူမသိေစဘဲ page သက္သက္သာတင္ပါတယ္။
တကယ္၍သာ အေကာင့္နဲ႔တြဲၿပီးတင္မယ္ဆိုရင္ ကြၽန္ေတာ္လည္း ဆယ္လီ ဆယ့္တစ္လီ တစ္ဦးျဖစ္မယ္ဆိုတာ သိေစခ်င္ပါတယ္။ ေကာင္းပါၿပီ စေျပာရေအာင္ ကြၽန္ေတာ္မႀကိဳက္ဆုံးက သူနဲ႔အိပ္ၿပီးလို႔ မသန႔္ေတာ့ပါဘူး ဆိုတာကိုဘဲ။ အဲ့ဒါက ဘာမသန႔္တာကိုေျပာခ်င္တာလဲမသိဘူး။
HIV ကူးလာလို႔လား ဒါမွမဟုတ္ sexually transmitted disease ( STD ) ေၾတကူးလာလို႕လား။ မိန္းကေလးတိုင္းဟာ ကိုယ့္အပ်ိဳဂုဏ္ကိုယ္ ေစာင့္ထိန္းသင့္တယ္။ ယဥ္ေက်းမႈဆိုတာကိုထား လူသားတစ္ေယာက္အေနနဲ႔ ကိုယ့္ဘက္က အနစ္နာႀကီးဘဲလို႔ ဆရာဝန္အေတာ္မ်ားမ်ား သတိေပးၾကတယ္။ လူတိုင္းနီးပါးလဲ သိၾကတယ္။
ခက္တာကက အထိအေတြ႕နဲ႔ဆြဲေဆာင္မႈက္ို မလြန္ဆန္ႏိုင္ၾကဘူး။ ဘယ္ေလာက္ခ်စ္ပါတယ္ လက္ထပ္ပါ့မယ္ေျပာေျပာ အခ်ိန္တန္ၿငီးေငြ႕ၿပီး ကန္ထုတ္သြားတဲ့အခါ မိန္းကေလးဘက္က တစ္ဆင့္နိမ့္ခံၾကရတယ္။ ျငင္းမလား။ ရွိပါေသးတယ္။ သူလည္းသူ႔ဆႏၵျပည့္ ကိုယ္လည္းကိုယ့္ဆႏၵျပည့္မို႔ ေယာက်ာ္း မိန္းမခြဲနာစရာမရွိပါဘူး။
ဘယ္သူ႔မွမနစ္နာပါဘူးဆိုသူ ေသာက္႐ူးမ်ားကလဲအမ်ားသား။ ထားလိုက္ပါ ။ ေခတ္အခါကိုက ေယာက်ာ္းသားမ်ားကလဲ အတင္းဆြဲေဆာင္လြန္းတဲ့အခါ ခ်စ္တာတစ္ခုတည္းနဲ႔ မ်က္စိစုံမွိတ္ ေပးၿပီးတဲ့အခါ ယူသြားတဲ့လူကလဲ စားၿပီးနားမလည္
ဝါးၿပီးေထြးထုတ္သြားတဲ့အခါ
ကြၽန္မကိုယ္က မသန႔္ေတာ့ပါဘူး မျဖဴစင္ေတာ့ပါဘူး ဆိုေနၾကတဲ့မိန္းကေလးမ်ား ကြၽန္ေတာ္ထပ္ေမးပါ့မယ္။ HIV ကူးလို႕လား။ လိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါဆိုးေတြ STD ေတြ ကူးစက္လာလို႔လား။ ဘာကိုမသန႔္ရမွာလဲ။ ဘာကိုကိုယ္က လူ႔အသိုင္းအဝိုင္းမွာ မ်က္ႏွာငယ္ရမွာလဲ။
အေပၚကေရာဂါေတြ ကူးလာတယ္ဘဲထားပါေတာ့။ ခင္ဗ်ားဟာ အသန႔္ဆုံး မိန္းကေလးတစ္ဦးပါ ဘာလို႔လဲသိသား ။ ခင္ဗ်ားဟာ ခ်စ္တဲ့စိတ္တစ္ခုနဲ႔ ပုံအပ္ေပးခဲ့တာ။ ရာထူးရဖို႔ ထဘီလွန္ေပးလိုက္တာ ျခဴစားဖို႔အတြက္ ခြၽတ္ေပးလိုက္တာ ေက်ာ္ၾကားမႈအတြက္ အရွက္ကုန္ခဲ့တာ လုံးဝမဟုတ္လို႔ဘဲ။
ပစ္သြားတဲ့လူက ပစ္သြားတယ္ဆိုရင္ ေနခဲ့ရမယ့္လူအေနနဲ႔လည္း ဘဝလမ္းကို ဆက္ေလွ်ာက္သြားဖို႔လိုတယ္။ ဘာျဖစ္လဲ။ ဘာျဖစ္လို႔ သူ႔အလြန္ေၾကာင့္ ကိုယ္ကမ်က္ႏွာငယ္ရမွာလဲ။ ဒီလိုေျပာဖို႔ ကိုယ္ကအပ်ိဳမဟုတ္ဘူးဆိုတာ ေၾကျငာေမာင္းခတ္ေနဖို႔ ေျပာတာမဟုတ္ဘူးေပါ့။
ထပ္ေတြ႕ရမယ့္လက္တြဲေဖာ္က ေျပာလို႔ရရင္ေျပာ ေျပာလို႔မရဘူးထင္ရင္ မေျပာနဲ႔ေပါ့ဘာျဖစ္လဲ။ ခင္ဗ်ားအပ်ိဳမဟုတ္ေတာ့ေရာ ဘာျဖစ္လဲ။ တကယ္ရွက္ရမွာကေပးရတဲ့လူလား။ မ်က္ႏွာေျပာင္တိုက္ အေခ်ာင္ႏႈိက္သြားတဲ့ေကာင္က ရွက္ရမွာလား။ ေနလိုက္စမ္းပါ ေခါင္းေမာ့ၿပီး။
ငါတစ္ေယာက္ ဘယ္လိုမွဆက္ေလွ်ာက္သြားဖို႔ မျဖစ္ဘူးမေတြးပါနဲ႔။ ကြၽန္ေတာ့္ဆီ လာတိုင္ပင္ၾကတဲ့မိန္းကေလး အေတာ္မ်ားမ်ား အဲ့လိုႀကဳံဖူးၾကပါတယ္။ ျဖစ္ခါစ ခံစားရခါစကေတာ့ မနည္းေဖ်ာင္းဖ်ေပးခဲ့ရေပမယ့္ အထိုင္က်သြားတဲ့အခါ ေပ်ာ္႐ႊင္စရာဘဝေတြ ပိုင္ဆိုင္ထားၾကတာ ကြၽန္ေတာ္သက္ေသအျဖစ္ အမ်ားႀကီးျပႏိုင္ပါတယ္။
ေတာ္ေသးၿပီ။ ေနာက္တစ္ခါ ကြၽန္မက မသန႔္ေတာ့ဘူးဆိုတဲ့စကား မၾကားခ်င္ေတာ့ပါ။ ကိုယ့္ဘဝကိုယ္ ထိန္းသိမ္းႏိုင္ပါေစ။ ျဖစ္ၿပီးသြားရင္လဲ ဘဝကိုရင္ေကာ့ၿပီး ေလွ်ာက္လွမ္းႏိုင္ၾကပါေစ။
Credit ; Minctionary
သူနဲ့အတူအိပ်မိလို့ စိတ်ညစ်နေတဲ့ မိန်းကလေးများ ဖတ်ရန်
ကောင်းပါပြီ မပြောခင်ကျွန်တော့်ကိုကျွန်တော် မိတ်ဆက်ပေးပါရစေ။ တစ်ခါတစ်ခါမှာ ပြောပြတဲ့လူအကြောင်းကိုသိခြင်းဟာပြောမယ့်စကားကို ပိုပြီးလေးနက်စေတယ်ထင်မိလို့ပါ။ ကျွန်တော် Minctionary ပါ။ ဒီကလောင်နာမည်နဲ့အတူ နာမည်ကြီးခဲ့တာက ပွင့်ကြေဖတ်ကြွေဆိုတဲ့ ဇာတ်လမ်းလေးတွေပါ။
မိန်းကလေးတွေဖက်က အလိုမလိုက်ဖို့ ကိုယ့်ဂုဏ်ကိုယ်မြှင့်ဖို့အကြောင်း ယောကျာၤးယုတ်တွေအကြောင်း အသိပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေပါ။ နောက်ပိုင်းမှာ ဒီအကြောင်းတွေဘဲအပ်ကြောင်းထပ်ပြီး တစ်ရာဖိုးသုံးပုဒ် stupidity တွေဘဲဖြန့်မိသလို ဖြစ်မှာစိုးတာရယ်။
ဘဝမှာ အခက်အခဲဆုံးကာလဖြစ်ခဲ့ရတာတွေရယ်။ လာတိုင်ပင်ကြတဲ့ လူအများစုရဲ့ ဇာတ်လမ်းပေါင်းစုံကြားထဲမှာ စိတ်တွေညစ်ညူးလာတာတွေရယ်ကြောင့် ဆက်မရေးဖြစ်သေးတာပါ။ ပြီးတော့ Page မှာတင်တိုင်း ကိုယ့်အကောင့်ကို လူမသိစေဘဲ page သက်သက်သာတင်ပါတယ်။
တကယ်၍သာ အကောင့်နဲ့တွဲပြီးတင်မယ်ဆိုရင် ကျွန်တော်လည်း ဆယ်လီ ဆယ့်တစ်လီ တစ်ဦးဖြစ်မယ်ဆိုတာ သိစေချင်ပါတယ်။ ကောင်းပါပြီ စပြောရအောင် ကျွန်တော်မကြိုက်ဆုံးက သူနဲ့အိပ်ပြီးလို့ မသန့်တော့ပါဘူး ဆိုတာကိုဘဲ။ အဲ့ဒါက ဘာမသန့်တာကိုပြောချင်တာလဲမသိဘူး။
HIV ကူးလာလို့လား ဒါမှမဟုတ် sexually transmitted disease ( STD ) တြေကူးလာလို့လား။ မိန်းကလေးတိုင်းဟာ ကိုယ့်အပျိုဂုဏ်ကိုယ် စောင့်ထိန်းသင့်တယ်။ ယဉ်ကျေးမှုဆိုတာကိုထား လူသားတစ်ယောက်အနေနဲ့ ကိုယ့်ဘက်က အနစ်နာကြီးဘဲလို့ ဆရာဝန်အတော်များများ သတိပေးကြတယ်။ လူတိုင်းနီးပါးလဲ သိကြတယ်။
ခက်တာကက အထိအတွေ့နဲ့ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြဘူး။ ဘယ်လောက်ချစ်ပါတယ် လက်ထပ်ပါ့မယ်ပြောပြော အချိန်တန်ငြီးငွေ့ပြီး ကန်ထုတ်သွားတဲ့အခါ မိန်းကလေးဘက်က တစ်ဆင့်နိမ့်ခံကြရတယ်။ ငြင်းမလား။ ရှိပါသေးတယ်။ သူလည်းသူ့ဆန္ဒပြည့် ကိုယ်လည်းကိုယ့်ဆန္ဒပြည့်မို့ ယောကျာ်း မိန်းမခွဲနာစရာမရှိပါဘူး။
ဘယ်သူ့မှမနစ်နာပါဘူးဆိုသူ သောက်ရူးများကလဲအများသား။ ထားလိုက်ပါ ။ ခေတ်အခါကိုက ယောကျာ်းသားများကလဲ အတင်းဆွဲဆောင်လွန်းတဲ့အခါ ချစ်တာတစ်ခုတည်းနဲ့ မျက်စိစုံမှိတ် ပေးပြီးတဲ့အခါ ယူသွားတဲ့လူကလဲ စားပြီးနားမလည်
ဝါးပြီးထွေးထုတ်သွားတဲ့အခါ
ကျွန်မကိုယ်က မသန့်တော့ပါဘူး မဖြူစင်တော့ပါဘူး ဆိုနေကြတဲ့မိန်းကလေးများ ကျွန်တော်ထပ်မေးပါ့မယ်။ HIV ကူးလို့လား။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဆိုးတွေ STD တွေ ကူးစက်လာလို့လား။ ဘာကိုမသန့်ရမှာလဲ။ ဘာကိုကိုယ်က လူ့အသိုင်းအဝိုင်းမှာ မျက်နှာငယ်ရမှာလဲ။
အပေါ်ကရောဂါတွေ ကူးလာတယ်ဘဲထားပါတော့။ ခင်ဗျားဟာ အသန့်ဆုံး မိန်းကလေးတစ်ဦးပါ ဘာလို့လဲသိသား ။ ခင်ဗျားဟာ ချစ်တဲ့စိတ်တစ်ခုနဲ့ ပုံအပ်ပေးခဲ့တာ။ ရာထူးရဖို့ ထဘီလှန်ပေးလိုက်တာ ခြူစားဖို့အတွက် ချွတ်ပေးလိုက်တာ ကျော်ကြားမှုအတွက် အရှက်ကုန်ခဲ့တာ လုံးဝမဟုတ်လို့ဘဲ။
ပစ်သွားတဲ့လူက ပစ်သွားတယ်ဆိုရင် နေခဲ့ရမယ့်လူအနေနဲ့လည်း ဘဝလမ်းကို ဆက်လျှောက်သွားဖို့လိုတယ်။ ဘာဖြစ်လဲ။ ဘာဖြစ်လို့ သူ့အလွန်ကြောင့် ကိုယ်ကမျက်နှာငယ်ရမှာလဲ။ ဒီလိုပြောဖို့ ကိုယ်ကအပျိုမဟုတ်ဘူးဆိုတာ ကြေငြာမောင်းခတ်နေဖို့ ပြောတာမဟုတ်ဘူးပေါ့။
ထပ်တွေ့ရမယ့်လက်တွဲဖော်က ပြောလို့ရရင်ပြော ပြောလို့မရဘူးထင်ရင် မပြောနဲ့ပေါ့ဘာဖြစ်လဲ။ ခင်ဗျားအပျိုမဟုတ်တော့ရော ဘာဖြစ်လဲ။ တကယ်ရှက်ရမှာကပေးရတဲ့လူလား။ မျက်နှာပြောင်တိုက် အချောင်နှိုက်သွားတဲ့ကောင်က ရှက်ရမှာလား။ နေလိုက်စမ်းပါ ခေါင်းမော့ပြီး။
ငါတစ်ယောက် ဘယ်လိုမှဆက်လျှောက်သွားဖို့ မဖြစ်ဘူးမတွေးပါနဲ့။ ကျွန်တော့်ဆီ လာတိုင်ပင်ကြတဲ့မိန်းကလေး အတော်များများ အဲ့လိုကြုံဖူးကြပါတယ်။ ဖြစ်ခါစ ခံစားရခါစကတော့ မနည်းဖျောင်းဖျပေးခဲ့ရပေမယ့် အထိုင်ကျသွားတဲ့အခါ ပျော်ရွှင်စရာဘဝတွေ ပိုင်ဆိုင်ထားကြတာ ကျွန်တော်သက်သေအဖြစ် အများကြီးပြနိုင်ပါတယ်။
တော်သေးပြီ။ နောက်တစ်ခါ ကျွန်မက မသန့်တော့ဘူးဆိုတဲ့စကား မကြားချင်တော့ပါ။ ကိုယ့်ဘဝကိုယ် ထိန်းသိမ်းနိုင်ပါစေ။ ဖြစ်ပြီးသွားရင်လဲ ဘဝကိုရင်ကော့ပြီး လျှောက်လှမ်းနိုင်ကြပါစေ။
Credit ; Minctionary